စိုင်းစိုင်း နဲ့ ဝတ်မှုံရွှေရည် တို့ ပြန်တွဲနေ ကျပြီလား

ပရိသတ်ကြီးရေ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင် ကတော့ အဆိုလောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး အခုချိန်ထိ မိန်းကလေးပရိသတ်တွေအရွယ်စုံရဲ့အသည်းကျော်ပါပဲ။ သူ့ရဲ့အချစ်ရေးကတော့ လက်ရှိမှာ ချပြထားခြင်းမရှိခဲ့ပေမယ့်တစ်ချိန်ကတော့ ပြည်သူ ချစ်မင်းသမီး ဝတ်မှုံရွှေရည် နဲ့ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး အခုချိန်ထိလည်း ပရိသတ်တွေက ပြန်လည်လက်တွဲစေချင်နေကြတာပါ။

လွန်ခဲ့တဲ့ ၇နှစ်က ၂၀၁၃ခုနှစ်မှာ လှူဒါန်းမှုတစ်ခုကို အတူတူတွဲကာ ပြုလုပ်ခဲ့တဲ့ပုံရိပ်တွေဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Page မှာ တင်ထားခဲ့တာဖြစ်ပြီးဒီနေ့မှာလည်း ထိုပိုစ့်ဟာပရိသတ်တွေကြားမှာ ပြန်လည်ရေပန်းစားနေတာဖြစ်ပါတယ်။ အခုချိန်ပြန်တွေ့ရန်ရှားပါးလှတဲ့ပုံရိပ်လေးကို ပရိသတ်တွေကတော့ အရမ်းကိုသဘောကျကာ မှတ်ချက်မျိုးစုံပေးနေကြတာတွေ့ရပါတယ်။

မှတ်ချက်တွေထဲကမှ ပြန်တွဲကြဖို့ မှတ်ချက်တွေက အများဆုံး ဖြစ်ပြီး နုပျိုငယ်ရွယ်လှတဲ့အချိန်ကသူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေ မှတ်ချက်ပေးချင်စရာပါပဲနော်။ငယ်ချစ်တွေဖြစ်ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသားနဲ့မင်းသမီးကို ပြန်တွဲစေချင်တဲ့သူတွေထဲမှာ ပရိသတ်တွေပါရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: SaiSaiKhamLeng

zawgyi



