ရန်ကုန်မြို့ မှာ တွေ့သမျှ လူ ဂျင်းလိုက်ထည့် နေတဲ့ ဒိန်ချဉ်သည် (ဂရုစိုက် ကြပါ)

ရန်ကုန်မြို့ မှာ တွေ့သမျှ လူ ဂျင်းလိုက်ထည့် နေတဲ့ ဒိန်ချဉ်သည် (ဂရုစိုက် ကြပါ)

ဒိန်ချဉ် ဒိန်ချဉ် လို့ ဆိုင်ရှေ့ မှာ အော်ရောင်းလို့ သောက်မယ် ဆိုပြီး ခေါ်လိုက် မိကတည်းက စမှားတာပါပဲ။ ဒိန်ချဉ် တစ်ဗူး ၇၀၀ တဲ့ …အေးပေါ့ အဲ့လောက်တော့ သောက်နိုင်ပါတယ် ဆိုပြီး ဝယ်သောက် မလို့ နောက်ဖေးမှာ ပန်းကန်သွားယူတုန်းပဲ ရှိသေးတယ်။

ဆိုင်က ည်ီမလေး ကို မလိုင်ထည့် ရမှာလားတဲ့လေ.. ဆိုင်က ညီမလေးကလည်း အင်း လို့ ပြောလိုက်တယ်တဲ့ ပိုက်ဆံလေး ယူပြီး အရှေ့ထွက်ရုံပဲ ရှိသေးတယ်.. ဗူးတွေ ကို ပန်းကန်တွေထဲ လျောက်ထည့် ပစ်တာတွေ့လို့.. ဟယ် ဘယ်နဗူးတောင်လဲ မေးတော့…

ဒီ ခလေးမလေးက မလိုင်ထည့် မယ်လို့ ပြောလို့ တဲ့လေ…အေးပေါ့ ဘယ်လောက်လည်း မေးတော့ ၂ ခွက်ကို ၆၂၀၀ တဲ့… အရမ်းတွေ ကို အံ့သြလို့….ဘာကို ၆၂၀၀ လဲ လို့မေးတော့.. မလိုင်တစ်ဗူး ကို ၁၂၀၀ တဲ့ အခု နှစ်ယောက်ပေါင်းကို ၄ ဗူးတဲ့ ဒိန်ချဉ်က ၂ ဗူးတဲ့ အန်တီ့ ကို ဘယ်သူက ထည့်ခိုင်းလိုလဲ မေးတော့ ဟိုခလေးမ က အင်း လို့ ပြော လို့ တဲ့ လေ

( တကယ်ဆို ဒိန်ချဉ် တစ်ခွက်မှာ မလိုင် ဆိုတာ ပါပြီးသားလေ မထည့်ဘူး ထည့်မယ် ဆိုတာ ကိုယ့်သဘောလေ..မလိုင်ကို တစ်ဗူးချင်း ရောင်းပါတယ် လို့လဲ သူမပြောဘူး…ပန်းကန် ထဲကို ဗူးတွေ လျောက်ဖွင့်ထည့်ပ်ီးကာမှ 6,200 ကျတယ် တဲ့လေ…..)

တကယ်ကို ဒေါသထွက် လွန်းလို့….ကိုယ်တွေ လိုပဲ ဘယ်နှယောက် ကို လုပ်စား ပြီးပြီ လဲ မသိဘူး…တစ်နပ်စား ဦးနှောက်တွေ တစ်ခွက်ကို ၃၁၀၀ နဲ့ တန်တဲ့ အရသာရှိရင်လည်း တစ်မျိုးပါ အခုဟာက မြေနီကုန်းဈေးလမ်းထဲက ၅၀၀ တန် ဒိန်ချဉ်ရဲ့ ဖင်ဖျားတောင် မမှီဘူးလေ…ချဉ် စုတ် နေ တာ ပဲ ကိုယ်တွေ လို မခံရအောင် ပုံနှင့်တကွ တင်ပေးလိုက်တယ်။

သိမ့်