တက်တူးအခု ၂၀ လောက်ရှိတာကြောင့် တက်တူး မထိုးစေချင်တဲ့ ပရိတ်သတ်တွေကို တောင်းပန်လိုက်တဲ့ The Voice Myanmar ပြိုင်ပွဲဝင် G

ပရိတ်သတ်ကြီးရေ The Voice Myanmar မှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတဲ့ နိုင်ငံကျော် စိန်နန်းတော် စိန်ရွှေရတနာဆိုင်ရဲ့ အမွေဆက်ခံ သူလေးဖြစ်တဲ့ G ကိုတော့အားလုံးသိကြမယ်ထင်ပါတယ်။The Voice Myanmar ပြိုင်ပွဲဝင်အဆိုရှင် G ကတော့ လတ်တလောမှာပရိသတ်တွေများစွာဝန်းရံအားပေးခံနေရသူလေးဖြစ်ပြီး စိန်နန်းတော်ရဲ့ အမွေဆက်ခံသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဟိတ်ဟန်မရှိဘဲ သူမရဲ့ပင်ကိုယ်ဟန်လေးကြောင့်ပရိသတ်တွေအချစ်ပိုနေကြတာဖြစ်ပြီး Covid 19အတွက် Volunteerအဖြစ်လုပ်ကိုင်နေသူတစ်ယောက်ပါ။

ဒီနေ့မှာတော့ ” နဲနဲလေး ရှင်းပြချင်တာလေးရှိလို့နော်။ညီမကို tattoo မထိုးစေချင် တဲ့လူတွေ comment ထဲမှာတွေ့ရပါတယ်။ ဒီလူတွေကိုလဲ တောင်းပန်ချင်တာတစ်ခုကတော့ ညီမ tattoo အခု ၂၀ လောက်ရှိပါတယ်။ ဖြတ်လို့မရဘူး/ဖြတ်လဲမဖြတ်ချင်လို့ တောင်းပန်တာပါ။ ဒါပင်မဲ့ ပြောချင်တာကတော့၊ ညီမလို tattoo ရှိတဲ့လူတွေတိုင်း tattoo မရှိတဲ့လူတွေရဲ့ပုံကို တွေတွေ့ခြင်း၊ “အော ဒီလူက tattoo မရှိပါလား၊ မမိုက်ဘူး၊ tattoo ထိုးမှကောင်းမယ်” လို့မပြောပါဘူး၊ မနှိမ်ဘူး။ ခင်တဲ့လူတွေကိုသာ “tattoo ထိုးပါလား ကြည့်လို့ကောင်းမှာ” လို့တော့ပြောဖူးတာပေါ့။ အဲ့ တော့ tattoo ရှိတဲ့ လူတွေက မရှိတဲ့လူတွေကိုမနှိမ်သလို မရှိတဲ့လူတွေကလဲ tattoo ကဂုဏ်မရှိဘူး (ဘာညာ) ပြောတာ မတရားဘူးလို့ထင်ပါတယ်။

ယောက်ျားလေးတွေ tattoo ထိုးရင်ရော ဘယ်လောက်ထိ ပြောကြလဲ။ သူတို့ tattoo ထိုးရင်ထူးဆန်းတယ်လို့တောင်သိပ်မထင်ကြတာ။ မိန်းခလေး တွေလဲလူပါဘဲ။ မိန်းမ ယောက်ျား မခွဲသင့်ပါဘူးလို့ ပြောချင်ပါတယ်ရှင်။ ခွဲနေသရွေ့လဲ တိုးတက်မှာ မဟုတ်ပါဘူး။ဒီလိုရှင်းပြပင်မဲ့လဲ လူတိုင်း ထင်ချင်သလိုထင်လို့ရပါတယ်။ ညီမလဲ ထင်တဲ့အတိုင်းပြောတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ဘလိုဘဲပြောပြော tattoo ရှိလို့ ညီမ ဂေါ်နေတာပါ။tattoo ရူးတဲ့လူတွေ shake လိုက်။”ဆိုတဲ့စာလေးနဲ့သူမအတွေးလေးကိုပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: G Vocals