ဗဟုသုတ အနေ နဲ့ သိထားသင့်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး ရဲ့ သမိုင်းအစ …

၁။ ရဲတပ်ဖွဲ့၏ ပထမဆုံးသော ရဲချုပ် အမည်မှာ ဒုဗိုလ်မှူးကြီး ဟယ်မီလ်တန် ဖြစ်သည်။ ၂။ ရဲတပ်ဖွဲ့၏ ပထမဆုံးသော မြန်မာလူမျိုး ရဲချုပ်မှာ ဦးဘမောင် ဖြစ်သည်။ IGP(Inspector General of Police) ၃။ ရဲတပ်ဖွဲ့သည် ၂၈.၁၀.၁၈၈၇ ရက်နေ့တွင် ကျေးရွာ အက်ဥပဒေကို ပြဌာန်းပြီး ပုဒ်မ ၃ အရ ကျေးရွာ ပုလိပ်အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ခြင်းဖြင့် ပေါ်ပေါက်လာခဲ့သည်။ ၄။ ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်က ပုလိပ်ရဲသားများ ပထမဆုံး ရရှိသော လစာမှာ ၉ကျပ် ၁၀ပဲ ဖြစ်သည်။ ၅။ ဆပ်ကျောင်းခေါ် ပုလိပ်အတတ်သင်ကျောင်းကို ၇.၄.၁၉၀၆ ရက်နေ့တွင် တောင်ငူမြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည်။ ၆။ ပဋိညာဉ်ခံ ဝန်ထမ်း ရာထူးကို မြန်မာထဲမှ ပထမဆုံး ရရှိခဲ့သူမှာ ဦးဘဖြစ်သည်။ ရာဇဝတ်ဝန်ရာထူးဖြစ်ပြီး ယခု ရဲမှူး ရာထူးနှင့် ညီမျှသည်။

၇။ မြန်မာထဲမှ ပထမဆုံး အင် စပက်တော် သင်တန်း တက်ရောက်ခွင့်ရသူမှာ ဦးဘဖြစ်သည်။ ၈။ လူဆိုးများ၏ မျက်နှာ ပုံသဏ္ဍန်အား မှတ်မိစေရန် W.E.N (Wrinkle, Eyes and Nose) စာအုပ်အား ပထမဆုံး ပြုစုခဲ့သူမှာ ဦးဘဖြစ်ပြီး အင်္ဂလိပ်များ၏ ချီးကျူး ဂုဏ်ပြုမှုကို ခံခဲ့ရသည်။ ၉။ DY Cadet တိုက်ရိုက်ခန့် ရာဇဝတ်ဝန်ထောက် (ဒုရဲမှူး) ရာထူးကို ပထမဆုံး ရရှိသူမှာ ဦးလတ်ဖြစ်သည်။ ၁၀။ စုံထောက်သင်တန်းကျောင်း ကို ၁၉၆၂ ခုနှစ်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။ ၁၁။ ပထမဆုံး ပုလိပ်အက်ဥပဒေကို ၁၄.၈.၁၉၄၅ ရက် နေ့တွင် ပြဌာန်းခဲ့သည်။ ၁၂။ ပထမဆုံး ပုလိပ်သပိတ်မှာ ၅.၉.၁၉၄၆ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဦးဆောင်ခဲ့သူများမှာ အင်စပက်တော် ဦးဝင်းမောင် ဦးအေး ဦးစိုးရှိန် တို့ဖြစ်သည်။

၁၃။ ပထမဆုံးသော နိုင်ငံတော် လုပ်ကြံမှုကြီးဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရမှုအား စစ်ဆေးခဲ့သူမှာ ရန်ကုန် ပုလိပ်မင်းကြီး ဦးအောင်ချိန် ဖြစ်သည်။ ၁၄။ ပြည်ထောင်စု စစ်ရဲတပ် (ရဲတပ်ရင်း) ကို ၂.၁.၁၉၄၈ ရက်နေ့တွင် တပ်ရင်းပေါင်း ၂၁ ရင်းဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ၁၅။ မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဘွဲ့တံဆိပ် ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို ပြည်ထောင်စု စစ်ရဲတပ်၊ ၂၁ မှ တပ်ရင်းမှူး စစ်ရဲ ဗိုလ်မှူး အေးချိုက ပထမဆုံး ရရှိခဲ့သည်။ ၁၆။ ပြည်ပခရီးစဉ် ပထမဆုံး သွားရောက်ခဲ့သည့် ရဲချုပ်မှာ စည်သူဦးဘမောင်ဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၇။ မြူရဲအဖွဲ့(စည်ပင်သာယာ ရဲတပ်ဖွဲ့) ကို ၁၉၅၃ ခုနှစ်တွင် ပထမဆုံး ဖွဲ့စည်းခဲ့သည်။ ၁၈။ ပြည်သူ့ရဲတပ်ဖွဲ့ကို ၁.၁၀.၁၉၆၄ ရက်နေ့တွင်
စတင်ဖွဲ့စည်းခဲ့ကာ ထိုစဉ်က အင်အား ၄၅၅၇၃ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၁၉။ ရဲတပ်ဖွဲ့မှ တပ်မတော် သို့ ပထမဆုံး လွှဲပြောင်း တာဝန်ထမ်းဆောင် ခဲ့သည့်အင်အားမှာ ၉၅၈၁ ဦးဖြစ်ပြီး တပ်မတော် တပ်ရင်း (၁၄) ရင်း၊ ခလရ ၈၅ မှ ခလရ ၉၈ ထိ ဖွဲ့စည်း လွှဲပြောင်း ခဲ့ခြင်းဖြစ်သည်။ ၂၀။ ယစ်မျိုးဌာန (ယခုမူးယစ်အထူး တပ်ဖွဲ့) ကို ၃၀.၉.၁၉၇၂ ရက်နေ့တွင် အင်အား ၅၈၄ ဦးဖြင့် လွှဲပြောင်း စတင်တာဝန်ထမ်းဆောက်ခဲ့သည်။ ၂၁။ ဒုရဲအုပ် လောင်း သင်တန်းအမှတ်စဉ် ၁ ကို ၁၉၆၅ခုနှစ်တွင် ဗဝတ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၂၂။ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဗဟိုအဖွဲ့ကို ၂.၁၂.၁၉၇၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၂၃။ မှုခင်း မှတ်တမ်း အဖွဲ့ကို ၁၈.၆.၁၉၈၃ ရက်နေ့တွင် အရာရှိ အင်အား ၆၄၂ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ၂၄။ ရဲတပ်ဖွဲ့၏ ပထမဆုံး တည်မြဲအမိန့် ၄ မျိုးကို ၁၉၇၆ ခုနှစ် အေပြီလတွင် ထုတ်ဝေခဲ့သည်။ ( လုပ်ငန်းရေးရာ တည်မြဲအမိန့် ၁၀ မျိုး၊ အုပ်ချုပ် ရေးရာ တည်မြဲအမိန့် ၉ မျိုး၊ ထောက်ပံ့ရေးရာ တည်မြဲအမိန့် ၁၀ မျိုး၊ ကိုယ်စီတာဝန် တည်မြဲအမိန့် ၈ မျိုးဖြစ်သည်)

၂၅။ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်း စနစ်ကို စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် စတင်အကောင်အထည် ဖော်ခဲ့သည်။ {(ပြည့်သူလူထုပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ်စတင်အကောင်အထည်ဖော်ခြင်း။ စစ်ကိုင်း အမှတ် (၁ ) ရဲစခန်း စခန်းမှူး ရဲအုပ်စိုးမြင့် (ဒုရဲမှူးကြီးငြိမ်း လင်းခေး ခရရမှူး)၊ မန္တလေးအမှတ် ( ၇ )ရဲစခန်း စခန်းမှူး ဒုရဲအုပ် စခမ မိုးမောင်သန်း လက်ရှိ ကယရမှူး) တို့ဖြစ်ကြပါတယ်။ ရဲမှူးကြီး မိုးမောင်သန်း ကယရမှူး မှ ဖြည့်စွက် ပေးပါ သည်} ၂၆။ရဲလက်စွဲကို ပထမဆုံး စတင်ပြုစုစဉ်က ပထမတွဲမှ စတုတ္ထတွဲထိ ဖြစ်ပြီး တတိယတွဲ အထိ ကို မြန်မာ ဘာသာ ပြန်ဆိုပြီး ဖြစ်သည်။ ၂၇။ ရဲချုပ်များ ထဲတွင် ဂုဏ်ထူးဆောင်အဖြစ် တပ်မတော် ဗိုလ်ချုပ် ရာထူးကို ချီးမြှင့်ခံခဲ့ရသူမှာ ရဲချုပ် ဦးထွန်းလှအောင်ဖြစ်ပြီး ထိုစဉ်က စစ်ဦးစီးချုပ်(ကာကွယ်ရေး ဦးစီးချုပ်)နှင့် ရာထူးတူ ဖြစ်သည်။

Myo Thant

zawgyi

၁။ ရဲတပ္ဖြဲ႕၏ ပထမဆုံးေသာ ရဲခ်ဳပ္ အမည္မွာ ဒုဗိုလ္မႉးႀကီး ဟယ္မီလ္တန္ ျဖစ္သည္။ ၂။ ရဲတပ္ဖြဲ႕၏ ပထမဆုံးေသာ ျမန္မာလူမ်ိဳး ရဲခ်ဳပ္မွာ ဦးဘေမာင္ ျဖစ္သည္။ IGP(Inspector General of Police) ၃။ ရဲတပ္ဖြဲ႕သည္ ၂၈.၁၀.၁၈၈၇ ရက္ေန႔တြင္ ေက်း႐ြာ အက္ဥပေဒကို ျပဌာန္းၿပီး ပုဒ္မ ၃ အရ ေက်း႐ြာ ပုလိပ္အဖြဲ႕ကို စတင္ဖြဲ႕စည္း ခဲ့ျခင္းျဖင့္ ေပၚေပါက္လာခဲ့သည္။ ၄။ ရဲတပ္ဖြဲ႕ စတင္ဖြဲ႕စည္းစဥ္က ပုလိပ္ရဲသားမ်ား ပထမဆုံး ရရွိေသာ လစာမွာ ၉က်ပ္ ၁၀ပဲ ျဖစ္သည္။ ၅။ ဆပ္ေက်ာင္းေခၚ ပုလိပ္အတတ္သင္ေက်ာင္းကို ၇.၄.၁၉၀၆ ရက္ေန႔တြင္ ေတာင္ငူၿမိဳ႕၌ ပထမဆုံး ဖြင့္လွစ္ခဲ့သည္။ ၆။ ပဋိညာဥ္ခံ ဝန္ထမ္း ရာထူးကို ျမန္မာထဲမွ ပထမဆုံး ရရွိခဲ့သူမွာ ဦးဘျဖစ္သည္။ ရာဇဝတ္ဝန္ရာထူးျဖစ္ၿပီး ယခု ရဲမႉး ရာထူးႏွင့္ ညီမွ်သည္။

၇။ ျမန္မာထဲမွ ပထမဆုံး အင္ စပက္ေတာ္ သင္တန္း တက္ေရာက္ခြင့္ရသူမွာ ဦးဘျဖစ္သည္။ ၈။ လူဆိုးမ်ား၏ မ်က္ႏွာ ပုံသ႑န္အား မွတ္မိေစရန္ W.E.N (Wrinkle, Eyes and Nose) စာအုပ္အား ပထမဆုံး ျပဳစုခဲ့သူမွာ ဦးဘျဖစ္ၿပီး အဂၤလိပ္မ်ား၏ ခ်ီးက်ဴး ဂုဏ္ျပဳမႈကို ခံခဲ့ရသည္။ ၉။ DY Cadet တိုက္႐ိုက္ခန္႔ ရာဇဝတ္ဝန္ေထာက္ (ဒုရဲမႉး) ရာထူးကို ပထမဆုံး ရရွိသူမွာ ဦးလတ္ျဖစ္သည္။ ၁၀။ စုံေထာက္သင္တန္းေက်ာင္း ကို ၁၉၆၂ ခုႏွစ္တြင္ ပထမဆုံး ဖြင့္လွစ္ခဲ့သည္။ ၁၁။ ပထမဆုံး ပုလိပ္အက္ဥပေဒကို ၁၄.၈.၁၉၄၅ ရက္ ေန႔တြင္ ျပဌာန္းခဲ့သည္။ ၁၂။ ပထမဆုံး ပုလိပ္သပိတ္မွာ ၅.၉.၁၉၄၆ ရက္ေန႔ ျဖစ္ၿပီး ပထမဆုံး ဦးေဆာင္ခဲ့သူမ်ားမွာ အင္စပက္ေတာ္ ဦးဝင္းေမာင္ ဦးေအး ဦးစိုးရွိန္ တို႔ျဖစ္သည္။

၁၃။ ပထမဆုံးေသာ ႏိုင္ငံေတာ္ လုပ္ႀကံမႈႀကီးျဖစ္ေသာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း လုပ္ႀကံခံရမႈအား စစ္ေဆးခဲ့သူမွာ ရန္ကုန္ ပုလိပ္မင္းႀကီး ဦးေအာင္ခ်ိန္ ျဖစ္သည္။ ၁၄။ ျပည္ေထာင္စု စစ္ရဲတပ္ (ရဲတပ္ရင္း) ကို ၂.၁.၁၉၄၈ ရက္ေန႔တြင္ တပ္ရင္းေပါင္း ၂၁ ရင္းျဖင့္ စတင္ ဖြဲ႕စည္း ခဲ့သည္။ ၁၅။ ျမန္မာႏိုင္ငံ၏ အျမင့္ဆုံး ဘြဲ႕တံဆိပ္ ျဖစ္ေသာ ေအာင္ဆန္းသူရိယ ဘြဲ႕တံဆိပ္ကို ျပည္ေထာင္စု စစ္ရဲတပ္၊ ၂၁ မွ တပ္ရင္းမႉး စစ္ရဲ ဗိုလ္မႉး ေအးခ်ိဳက ပထမဆုံး ရရွိခဲ့သည္။ ၁၆။ ျပည္ပခရီးစဥ္ ပထမဆုံး သြားေရာက္ခဲ့သည့္ ရဲခ်ဳပ္မွာ စည္သူဦးဘေမာင္ျဖစ္ၿပီး ထိုင္း၊ ကေမာၻဒီးယား၊ လာအို သို႔ သြားေရာက္ခဲ့ျခင္း ျဖစ္သည္။ ၁၇။ ျမဴရဲအဖြဲ႕(စည္ပင္သာယာ ရဲတပ္ဖြဲ႕) ကို ၁၉၅၃ ခုႏွစ္တြင္ ပထမဆုံး ဖြဲ႕စည္းခဲ့သည္။ ၁၈။ ျပည္သူ႔ရဲတပ္ဖြဲ႕ကို ၁.၁၀.၁၉၆၄ ရက္ေန႔တြင္
စတင္ဖြဲ႕စည္းခဲ့ကာ ထိုစဥ္က အင္အား ၄၅၅၇၃ ဦးျဖင့္ ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္။

၁၉။ ရဲတပ္ဖြဲ႕မွ တပ္မေတာ္ သို႔ ပထမဆုံး လႊဲေျပာင္း တာဝန္ထမ္းေဆာင္ ခဲ့သည့္အင္အားမွာ ၉၅၈၁ ဦးျဖစ္ၿပီး တပ္မေတာ္ တပ္ရင္း (၁၄) ရင္း၊ ခလရ ၈၅ မွ ခလရ ၉၈ ထိ ဖြဲ႕စည္း လႊဲေျပာင္း ခဲ့ျခင္းျဖစ္သည္။ ၂၀။ ယစ္မ်ိဳးဌာန (ယခုမူးယစ္အထူး တပ္ဖြဲ႕) ကို ၃၀.၉.၁၉၇၂ ရက္ေန႔တြင္ အင္အား ၅၈၄ ဦးျဖင့္ လႊဲေျပာင္း စတင္တာဝန္ထမ္းေဆာက္ခဲ့သည္။ ၂၁။ ဒုရဲအုပ္ ေလာင္း သင္တန္းအမွတ္စဥ္ ၁ ကို ၁၉၆၅ခုႏွစ္တြင္ ဗဝတ၌ စတင္ဖြင့္လွစ္ခဲ့သည္။ ၂၂။ မူးယစ္ေဆးဝါး တားဆီး ႏွိမ္နင္းေရး ဗဟိုအဖြဲ႕ကို ၂.၁၂.၁၉၇၅ ရက္ေန႔တြင္ စတင္ ဖြဲ႕စည္းခဲ့သည္။ ၂၃။ မႈခင္း မွတ္တမ္း အဖြဲ႕ကို ၁၈.၆.၁၉၈၃ ရက္ေန႔တြင္ အရာရွိ အင္အား ၆၄၂ ဦးျဖင့္ စတင္ ဖြဲ႕စည္း ခဲ့သည္။ ၂၄။ ရဲတပ္ဖြဲ႕၏ ပထမဆုံး တည္ၿမဲအမိန္႔ ၄ မ်ိဳးကို ၁၉၇၆ ခုႏွစ္ ေအၿပီလတြင္ ထုတ္ေဝခဲ့သည္။ ( လုပ္ငန္းေရးရာ တည္ၿမဲအမိန္႔ ၁၀ မ်ိဳး၊ အုပ္ခ်ဳပ္ ေရးရာ တည္ၿမဲအမိန္႔ ၉ မ်ိဳး၊ ေထာက္ပံ့ေရးရာ တည္ၿမဲအမိန္႔ ၁၀ မ်ိဳး၊ ကိုယ္စီတာဝန္ တည္ၿမဲအမိန္႔ ၈ မ်ိဳးျဖစ္သည္)

၂၅။ ျပည္သူလူထု ပူးေပါင္းပါဝင္ေသာ ရဲလုပ္ငန္း စနစ္ကို စစ္ကိုင္းတိုင္း ေဒသႀကီးႏွင့္ မႏၲေလးတိုင္း ေဒသႀကီး တို႔တြင္ စတင္အေကာင္အထည္ ေဖာ္ခဲ့သည္။ {(ျပည့္သူလူထုပူးေပါင္းပါဝင္ေသာရဲလုပ္ငန္းစနစ္စတင္အေကာင္အထည္ေဖာ္ျခင္း။ စစ္ကိုင္း အမွတ္ (၁ ) ရဲစခန္း စခန္းမႉး ရဲအုပ္စိုးျမင့္ (ဒုရဲမႉးႀကီးၿငိမ္း လင္းေခး ခရရမႉး)၊ မႏၲေလးအမွတ္ ( ၇ )ရဲစခန္း စခန္းမႉး ဒုရဲအုပ္ စခမ မိုးေမာင္သန္း လက္ရွိ ကယရမႉး) တို႔ျဖစ္ၾကပါတယ္။ ရဲမႉးႀကီး မိုးေမာင္သန္း ကယရမႉး မွ ျဖည့္စြက္ ေပးပါ သည္} ၂၆။ရဲလက္စြဲကို ပထမဆုံး စတင္ျပဳစုစဥ္က ပထမတြဲမွ စတုတၳတြဲထိ ျဖစ္ၿပီး တတိယတြဲ အထိ ကို ျမန္မာ ဘာသာ ျပန္ဆိုၿပီး ျဖစ္သည္။ ၂၇။ ရဲခ်ဳပ္မ်ား ထဲတြင္ ဂုဏ္ထူးေဆာင္အျဖစ္ တပ္မေတာ္ ဗိုလ္ခ်ဳပ္ ရာထူးကို ခ်ီးျမႇင့္ခံခဲ့ရသူမွာ ရဲခ်ဳပ္ ဦးထြန္းလွေအာင္ျဖစ္ၿပီး ထိုစဥ္က စစ္ဦးစီးခ်ဳပ္(ကာကြယ္ေရး ဦးစီးခ်ဳပ္)ႏွင့္ ရာထူးတူ ျဖစ္သည္။

Myo Thant