ပန်းနုရောင် အားကစား၀တ်စုံလေး နဲ့ လေ့ကျင့်ခန်း လုပ်နေပြီး ချစ်ဖို့ အရမ်းကောင်းနေတဲ့ သင်ဇာ၀င့်ကျော်

ပရိသတ်ကြီးရေ….အနုပညာလောကမှာဆယ်စုနှစ်တစ်ခုတိုင် ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်အားပေးမှုလက်ခံမှုရရှိထားတဲ့ သင်ဇာ၀င့်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာကျစ်လျစ်လှပတဲ့ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေကြွေရုံသာမက မိန်းကလေးချင်းပါအားကျရတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။

သင်ဇာဟာခန္ဓာကိုယ် အချိုးအစားနဲ့ပက်သက်ပြီးလည်း အမြဲလိုလိုဂရုစိုက်ကာနေလေ့ရှိပြီး လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်တဲ့သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သင်ဇာဟာပွဲအခမ်းအနားတွေတက်ရောက်လာရင်လည်း အမိုက်စားထိမိနေတဲ့ဖက်ရှင်တွေနဲ့ တက်လေ့ရှိတာကြောင့် ပရိတ်သတ်တွေကြားမှာရေပန်းစားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်နော်။

သင်ဇာဟာ လေ့ကျင့်ခန်းလည်း အမြဲလိုလိုမှန်မှန်လုပ်လေ့ရှိပြီး မကြာခဏဆိုသလိုလည်း သူမရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ပုံရိပ်တွေကို တင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း သင်ဇာဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ပင့်လေဒီ ” ဆိုတဲ့ captionလေးနဲ့အတူ ပန်းနုရောင်အားကစား၀တ်စုံလေး၀တ်ဆင်ကာ လေ့ကျင့်ခန်းလုပ်နေတဲ့ပုံလေးတွေ ကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & photo credit-Thin Zar Wint Kyaw’s Facebook acc

zawgyi



