အမေရိကန် ရဲ့ လုပ်ရပ်တွေကို သေချာပေါက် တုံ့ပြန်တော့မယ်လို့ တရုတ်အစိုးရက အတိအလင်း ကြေညာ

အမေရိကန် ရဲ့ လုပ်ရပ်တွေကို သေချာပေါက် တုံ့ပြန်တော့မယ်လို့ တရုတ်အစိုးရက အတိအလင်း ကြေညာ

ဟောင်ကောင်အရေး နဲ့ ပတ်သတ်ပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ပြန် လည်တုံ့ပြန်မယ်လို့ ဘေဂျင်းရှိ တရုတ်အစိုးရအဖွဲ့က အခိုင် အမာထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီကြေညာချက်ကို ဒီကနေ့မနက်ပိုင်းက ထုတ်ဖော်ပြောကြား လိုက်တာဖြစ်ပြီး ပြည်တွင်းမှာ George Floyd အသတ်ခံရမှု နဲ့ပတ်သတ်ပြီး ဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့ အမေရိကန်အတွက်တော့နောက်ထပ်ထိုးနှက်မှုတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ” မိမိတို့ဘက်ကနေပြီး US အနေနဲ့ သူတို့ရဲ့အမှားကို ဆင်ခြင်နိုင်ဖို့အတွက် ထပ်တစ်လဲလဲသတိပေးပြီးဖြစ်တယ်။ US အနေနဲ့ လမ်းကြောင်းအမှားတစ်ခုအပေါ်ကို လျှောက်လှမ်းနေတယ် ဆို ဆင်ခြင်မိမယ်လို့ ထင်ကြောင်း၊” ရေးသားဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီး အဆိုပါကြေညာချက် မှာ ပါဝင်တဲ့အချက်တွေအနေနဲ့ ” တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာ ကိုထိပါးလာတဲ့ ဘယ်လုပ်ရပ်ကို မဆိုသည်းခံမှာမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့တကွ တိုးတက်ကြီးပွားရေးကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက်ထက်မှုကို လက်ခံနိုင် မှာ မဟုတ်ကြောင်း ကြေညာလိုပါတယ်။ WHO ကနေပြီး US နှုတ်ထွက်သွားတဲ့ ကိစ္စဟာ နိုင်ငံရေး အာဏာအလွဲသုံးစားလုပ်တာဖြစ်ပြီးတော့ တစ်ဖက်သပ်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ တရုတ်နိုင်ငံကယူဆပါတယ်” လို့သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင် ပါတယ်။

ဒီတုံ့ပြန်ချက်ဟာ အမေရိကန်နိုင်ငံ အတွင်းမှာ ဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ တရုတ်ရဲ့ အချိန်ကိုက် ထိုးကွက်တစ်ခုလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ……MOE WIN OO