(၂၇.၁၀.၂၀၂၀ မှ ၂.၁၁.၂၀၂၀) ထိ တစ်ပါတ်စာ အထူးဟောစာတမ်း

တစ်ပါတ်စာ အထူးဟောစာတမ်းဗေဒင်ဆရာက အညံ့တွေမြင်ရင်ပြောပေးမှာပဲ မိတ်ဆွေတို့အတွက်ရှောင်ရန် ဆောင်ရန်သိရတာပေါ့ သိပ်ညံ့နေတယ်ဆိုလည်းယတြာလေးတွေ ပြုလုပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်….. မိတ်ဆွေများ အထူးကံကောင်ကြပါစေ..

ဆရာအောင်ချစ်မင်း။

တနဂၤေႏြ

တနင်္ဂနွေသား/သမီးများ အတွက်

သင်၏ အလုပ်အကိုင်မှာကောင်းနေပါသည်။ အလုပ်တွင်လည်းတိုးတက်မှု့ များစွာကြုံတွေ့ရတတ်ပါသည်။ အလုပ်အကိုင်အကြံအစီတွေလည်း တိုတက်လာပါလိမ့်မည်။ ယခုအချိန်မှာသင်ကံကောင်းနေပါသည်။ ဝန်ထမ်းများဖြစ်ပါကရာထူး တိုးတက်ပါလိမ့်မည်။ အလုပ် မှာလည်းပျော်ရွှင်မှု့တွေ ရရှိတတ်ပါသည်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက ကောင်းပါသည်။လုပ်ဖြစ်အောင်လုပ်ပါ။အကျိုးပေးပါလိမ့်မည်။

သင်၏ငွေကြေးကံမှာကောင်းနေပါသည်။ ရစရာရှိတာတွေလည်းပြန်လည်ရရှိပါလိမ့်မည်။ ကျန်းမာရေး လည်းကောင်း နေပါသည်။ သင်၏ အချစ်ရေး မှာလည်း ကောင်းနေပါသည်။ပျော်ရွှင်သောအချစ်ရေးဖြစ်ပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာ လည်း ကောင်းပါသည်။အလွန်အကျိုးပေးသောခရီးစဉ်ဖြစ်ပါသည်။ သင်၏ ကံကောင်းသောအရောင်မှာအပြာရောင်ဖြစ်သည်။ ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ မေမြို့ပန်း(၅)ပွင့်၊သပြေ(၆)ညွန့်အိမ်ဘုရား လှူပြီးမိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

တနလၤာ

တနင်္လာသား/သမီးများအတွက်

အလုပ်အကိုင် မှာ ကောင်းနေပါသည်။ လုပ်သမျှအလုပ်တွေလည်းအဆင်ပြေလာပါလိမ့်မည်။ မိတ်ဆွေတွေကလည်းသင့်ကိုကူညီမှု့တွေပေးပါလိမ့်မည်။

စီးပွါးရေးလည်းကောင်းလာပါမည်။ ဝန်ထမ်းများဖြစ်ပါကရာထူးတိုးတက်မည်။ အလုပ်တွင်လည်းအားလုံးအဆင်ပြေ လာပါလိမ့်မည်။ ယခုအပတ်တွင်းလုပ်ငန်းသစ်စတင်လုပ်ကိုင်ပါကကောင်းပါသည်။ အကျိုးပေးသောလုပ်ငန်းဖြစ်ပါသည်။ သင်၏ ငွေကြေးကံမှာ ကောင်းနေပါသည်။ လာဘ်လည်းအလွန်ရွှင်ပါလိမ့်မည်။ သင်၏ကျန်းမာရေးမှာလည်းကောင်းနေပါသည်။ အချစ်ရေးမှာ လည်းကောင်းနေပါသည်။သာယာသောအချစ်ရေးဖြစ်ပါသည်။

သင်၏ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်းကောင်းနေပါသည်။ ဘယ်ကိုသွားသွားသင့်အတွက်ကောင်း သောခရီးစဉ်ဖြစ်ပါသည်။ သင်၏ ကံကောင်းသောအရောင်မှာနီညိူရောင်ဖြစ်သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ သာသနာ့အလံ(၂)ချောင်း၊ ဒန်းညွန့်(၇)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်ပါသည်။

အဂၤါ

အင်္ဂါသား/သမီးများအတွက်

သင်၏ အလုပ်အကိုင်မှာညံ့နေပါသည်။ အလုပ်မှာလည်းရန်ပေါ်တတ်ပါသည်။ မိတ်ဆွေအရင်းကြီးတွေနဲ့လည်းသင်စကားများရကိန်းရှိပါသည်။ စီးပွါးရေးကတော့ကောင်းနေပါသည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွငမတရားအပြောခံရတတ်ပါသည်။သတိထားပါ။ ကိုယ့်ဖက်ကဒီအချိန်မှာမှန်ကန်အောင်နေပါ။အချိန်ကစကားပြောသွားပါလိမ့်မယ်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါကမကောင်းပါ။လုံးဝမလုပ်သေးပါနှင့်။ ငွေကြေးကံမှာကောင်းနေပါသည်။ရစရာရှိတာတွေလည်းပြန်ရပါလိမ့်မည်။

သင့်ကျန်းမာရေး မှာခေါင်းကိုက်၊ခေါင်းမူးဝေဒနာတော့ဖြစ်တတ်ပါသည်။ သင်၏အချစ်ရေးကံမှာကောင်းပါသည်။သင့်ဖက်သင့်ချစ်သူအဆင်သင့်ရှိနေပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာ ကောင်းနေပါသည်။မြောက်အရပါကိုတော့ရှောင်ပါ။ သင်၏ ကံကောင်းသောအရောင်မှာ မိုးပြာရောင်ဖြစ်သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ရွှေပန်း(၈)ကုံးအိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှယုံကြည်သည်။

ဗုဒၶဟူး

ဗုဒ္ဓဟူးသား/သမီးများအတွက်

သင်၏ အလုပ်အကိုင် မှာ ကောင်းနေပါသည်။ အလုပ်တွင်ပျော်ရွှင်မှု့တွေလည်းကြုံတွေ့ရတတ်ပါသည်။ လုပ်ငန်းမှာလည်းအဆက်အသွယ်ကောင်းတွေရရှိတတ်ပါသည်။ အရင်ကညံ့ခဲ့တာတွေအခုအားလုံးကောင်းလာပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွင်နံမည်ကောင်းတွေရရှိမည်။ ရာထူးကိစ္စလည်းတိုးတက်လာပါလိမ့်မည်။ ယခုအပတ်တွင်းလုပ်ငန်းသစ်စတင်လုပ်ကိုင်ပါက ကောင်းပါသည်။ စက်ပစ္စည်းနှင့်ပတ်သက်သောအလုပ်ပို၍အကျိုးပေးပါလိမ့်မည်။

သင်၏ ငွေကြေးကံမှာ လည်းကောင်းနေပါသည်။ ရစရာရှိသောကိစ္စများမှာပြန်ရရှိမည်။ သင်၏ကျန်းမာရေးစိုးရိမ်စရာမရှိပဲကောင်းနေပါသည်။ အချစ်ရေးမှာ လည်းကောင်းပါသည်။ပျော်ရွှင်ချမ်းမြေ့သောအချစ်ရေးဖြစ်ပါသည်။ သင်၏ ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်း ကောင်းပါသည်။ဘုရားဖူးခရီးပိုအဆင်ပြေပါလိမ့်မည်။ သင်၏ ကံကောင်းသောအရောင်မှာအဖြူရောင်ဖြစ်သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ကိတ်မုန့်(၉)ခုအိမ်ဘုရားမှာလှူပြီး မိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်ပါသည်။

ၾကာသပေတး

ကြာသပတေးသား/သမီးများအတွက်

သင်၏ အလုပ်အကိုင်မှာကောင်းနေပါသည်။ ဒီအချိန်မှာဆုံးရှုံးထားတာတွေတောင်ပြန်ရရှိတတ် ပါသည်။ မလုပ်ဖြစ်တော့တဲ့အလုပ်တွေပြန်လုပ်ဖြစ်တတ်ပါသည်။ ကဲ့ရဲတဲ့သူတွေကလည်းသင့်ကိုချီးမွန်းပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက ရာထူးတိုးပြီးသြဇာအာဏာတွေလည်းတိုးတက်လာပါလိမ့်မည်။ စီပွါးရေးလည်းကောင်းလာပါလိမ့်မည်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါကအလွန်ကောင်းပါသည်။ကုန်သည်လုပ်ငန်းပိုအကျိုးပေးပါလိမ့်မည်။ သင်၏ငွေကြေးကံမှာလာဘ်အလွန်ရွှင်နေပါလိမ့်မည်။

ဝင်ရန်ရှိသောငွေကြေးများကလည်းချောချောမောမောဝင်လာပါလိမ့်မည်။ သင့်ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ကောင်းပါသည်။ သင်၏အချစ်ရေးမှာလည်းကောင်းပါသည်။စိတ်ချမ်းသာမှု့တွေရရှိသောအချစ်ရေးဖြစ်ပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာကောင်းပါသည်။အလွန်ကောင်းသောခရီးစဉ်ဖြစ်တတ်ပါသည်။ သင်၏ ကံကောင်းသောအရောင်မှာ ခရမ်းရောင်ဖြစ်သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ကံကော်ညွန့်(၂၀)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှယုံကြည်သည်။

ေသာၾကာ

သောကြာသား/သမီးများအတွက်

သင်အလုပ်အကိုင်မှာကောင်းညံ့နေပါသည်။ အလုပ်အကိုင်တွေချိန်းထားတာတွေရှိရင်လွဲချော်နေတတ်ပါသည်။ အလုပ်တွင်လည်းတိုးတက်မှု့များတွေကလည်ဆုတ်ရုတ်လာတတ်ပါသည်။ သူတပါးရဲ့ဒုက္ခတွေကိုယ့်ထံမထင်မှတ်ပဲရောက်ရှိလာတတ်ပါသည်။ ဝန်ထမ်းများဖြစ်ပါကအလုပ်ကထွက်ချင်စိတ်ပေါ်လာတတ်ပါသည်။ ထွက်ဖြစ်လျှင်သင့်အတွက်ပိုညံ့တတ်ပါသည်။ အလုပ်မှာသင့်ကိုနှောက်ယှက်မည့်သူကလည်းအဆင်သင့်ရှိနေတတ်ပါသည်။ ယခုအပတ်တွင်းငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါကမလုပ်ပါနှင့် ဆုံးရှုံးမှုများတက်သည်။

သင်၏ငွေကြေးကံမှာလာဘ်ပိတ်နေတတ်ပါသည်။ သင်၏ကျန်းမာရေးမှာအစာအိမ်ရောဂါဖြစ်တတ်ပါသည်။သတိထားပါ။ ပညာရေးလည်းစိတ်ညစ်ရတတ်ပါသည်။ သင်၏အချစ်ရေးကံမှာကောင်းနေပါသည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာအောင်မြင်မည်။ ကံကောင်းသောအရောင်မှာဆင်စွယ်ရောင်ဖြစ်သည်။ ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ငြေထီး(၅)လက်အိမ္ဘုရားတြင္လှူပြီးမိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

စေန

စနေသား/သမီးများအတွက်

အလုပ်အကိုင်မှာကောင်းပါသည်။ အလုပ်တွင်လည်းအလုပ်လုပ်ရတာအဆင်ပြေမှု့တွေများနေပါသည်။ သင့်အတွက်စိတ်ချမ်းသာစရာတွေစောင့်ကြိုနေတယ်လို့ကျွန်ုပ်ကပြောချင်ပါတယ်။ သင့်အတွက်မိတ်ဆွေကောင်းတွေလည်းကြုံတွေရတတ်ပါသည်။ ဝန်ထမ်းများ ဖြစ်ပါက ရာထူးတိုးမည်အလုပ်တွေလည်းအဆင်ပြေလာပါလိမ့်မည်။ သင့်အတွက်စီးပွါးရေးလည်းတိုးတက်လာပါလိမ့်မည်။ လုပ်ငန်းသစ် များ စတင်လုပ်ကိုင်မည်ဆိုပါကကောင်းပါသည်။ အလွန်အဆင်ပြေသောအလုပ်ဖြစ်ပါသည်။

သင်၏ ငွေကြေးကံမှာကောင်းနေပါသည်။ငွေလည်းများများဝင်မည်။ သင်၏ ကျန်းမာရေးလည်းဘားမှစိုးရိမ်စရာမရှိပါ။အားလုံးကောင်းပါသည်။ သင်၏အချစ်ရေးကံမှာကောင်းနေပါသည်။လက်ဆောင်ပစ္စည်းတွေလည်းရရှိတတ်ပါသည်။ ယခုအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးပေါ်လျှင်ကောင်းပါသည်။ နိုင်ငံခြားခရီးဆိုလျှင်သင့်အတွက်အဆင်ပြေသောခရီးစဉ်ဖြစ်တတ်ပါသည်။ သင်၏ကံကောင်းသောအရောင်မှာလိမ္မော်ရောင် ဖြစ်ပါသည် ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ခရေညွန့်(၆)ညွန့်အိမ်ဘုရားတွင် လှူပြီးမိမိလိုရာဆုတောင်းပါ။ သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည် ဟု ကျွန်ုပ်မှ ယုံကြည်သည်။

(၇)ရက်သားသမီးအားလုံးကျန်းမာ ချမ်းသာကြပါစေ