အွန်လိုင်းမှာ ကြည့်ရှု့သူများနေတဲ့ “မသန်ပေမယ့် စွမ်းတဲ့ ကိုအေးသန်း ရဲ့ ဂွေးသီးသုပ် ” ဆိုတဲ့ မိုးစက် ရဲ့ အလှူ ဗီဒီယိုဖိုင်လေး

မိုးစက်ကတော့ အကြောင်း အမျိုးမျိုးကြောင့် စားဝတ်နေရေး အတွက် အခက်အခဲဖြစ်နေတဲ့ သူတွေ ကို တစ်ဖက်တစ်လမ်းကနေ ကူညီ လှူဒါန်းမှုတွေ ပြုလုပ် ပေးနေတာကြောင့် ပရိသတ် အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေး တွေ စုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ သူရဲ့ အလှူလေးတွေကိုလည်း အများသူဌာ သာဓုခေါ်ဆိုနိုင်စေရန် အမြဲဝေမျှပေးလေ့ရှိပါတယ် ။

အခုလည်း မသန်စွမ်းပေမယ့် မိခင်ဖြစ်သူကို ဈေးရောင်းကာ ရှာဖွေကျွေးမွေးနေသူ တစ်ဦးကို အလှူငွေများ လှူဒါန်းပေး ဖြစ်ခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ” “မသန်ပေမယ့် စွမ်းတဲ့ ကိုအေးသန်း ရဲ့ ဂွေးသီးသုပ် “✨မိခင်အပေါ် ထားတဲ့ မေတ္တာတရားကို လေးစားလိုက်တာဗျာ …။🙏❤️” ရေးသားဖော်ပြထားရာ ပီတိ ဖြစ်မိတာကြောင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

zawgyi

မိုးစက္ကေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရး အတြက္ အခက္အခဲျဖစ္ေနတဲ့ သူေတြ ကို တစ္ဖက္တစ္လမ္းကေန ကူညီ လႉဒါန္းမႈေတြ ျပဳလုပ္ ေပးေနတာေၾကာင့္ ပရိသတ္ အားေပးခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလးျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလး ေတြ စုေပါင္းၿပီး လႉဒါန္းသလို (၇) ရက္သားသမီး အလႉရွင္မ်ားနဲ႔ အတူ စုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိသူပါ ။ သူရဲ႕ အလႉေလးေတြကိုလည္း အမ်ားသူဌာ သာဓုေခၚဆိုႏိုင္ေစရန္ အၿမဲေဝမွ်ေပးေလ့ရွိပါတယ္ ။

အခုလည္း မသန္စြမ္းေပမယ့္ မိခင္ျဖစ္သူကို ေဈးေရာင္းကာ ရွာေဖြေကြၽးေမြးေနသူ တစ္ဦးကို အလႉေငြမ်ား လႉဒါန္းေပး ျဖစ္ခဲ့တဲ့ ဗီဒီယိုေလးနဲ႔အတူ ” “မသန္ေပမယ့္ စြမ္းတဲ့ ကိုေအးသန္း ရဲ႕ ေဂြးသီးသုပ္ “✨မိခင္အေပၚ ထားတဲ့ ေမတၱာတရားကို ေလးစားလိုက္တာဗ်ာ …။🙏❤️” ေရးသားေဖာ္ျပထားရာ ပီတိ ျဖစ္မိတာေၾကာင့္ ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Moe Sat