ကျွန်တော် တို့ မှီခဲ့တယ်(တိုက်ဆိုင် လို့ ကူးယူ လာတာ)

ပိုက်ဆံအကြွေ ဆယ်ပြား၊ တစ်မတ် နဲ့ အရသာရှိတဲ့ မုန့်ကို စိတ်ချလက်ချစားလို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်…. လက်ဘက်ရည် တစ်ခွက်၊ခေါက်ဆွဲကြော်တစ်ပွဲ ဆိုတာ နေမကောင်းတဲ့အခါမှ စားရတဲ့အလွန်အရသာရှိတဲ့အစားအစာဖြစ်တဲ့ခေတ်ကိုမှီ ခဲ့ဘူးတယ်… အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ မကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှ မရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကို
မှီခဲ့ဘူးတယ်….

ဘာအကြောင်းကြောင့်နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင်လူတိုင်း မစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ် ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့မိဘကိုမညိုငြင်တဲ့ခေတ်ကိုမှီခဲဘူးတယ်…. နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…. တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး(အိပ်ပြီး)မနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှ မဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…

သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်.. ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်… လိုတာလေးတွေထပ်ဖြည့်ခဲ့ကြပါဦး …

Orginal writer

ပိုက္ဆံအေႂကြ ဆယ္ျပား၊ တစ္မတ္ နဲ႔ အရသာရွိတဲ့ မုန္႔ကို စိတ္ခ်လက္ခ်စားလို႔ရတဲ့ေခတ္ကို မွီခဲ့ဘူးတယ္…. လက္ဘက္ရည္ တစ္ခြက္၊ေခါက္ဆြဲေၾကာ္တစ္ပြဲ ဆိုတာ ေနမေကာင္းတဲ့အခါမွ စားရတဲ့အလြန္အရသာရွိတဲ့အစားအစာျဖစ္တဲ့ေခတ္ကိုမွီ ခဲ့ဘူးတယ္… အယုတ္ အလတ္ အျမတ္မေ႐ြး ေကြၽးတဲ့ စတုဒိသာကို ဘာေရာဂါမွ မေၾကာက္ရဘဲ အလုအယက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္… မိုးရာသီ မိုးေရထဲမွာ ဘယ္ကားအႏၲရာယ္မွ မရွိဘဲ ရပ္ကြက္ထဲကလမ္းေပၚမွာလြတ္လြတ္လပ္လပ္ ေဘာလုံးကန္ခဲ့ရတဲ့ေခတ္ကို
မွီခဲ့ဘူးတယ္….

ဘာအေၾကာင္းေၾကာင့္ေနမေကာင္းျဖစ္ခဲ့ျဖစ္ခဲ့ ကိုးပါးေဆးကို ကြမ္း႐ြက္ျပဳတ္ရည္နဲ႔ေသာက္႐ုံနဲ႔ေပ်ာက္တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္… ကိုယ္ပိုင္ကားမေျပာနဲ႔ စက္ဘီးေတာင္လူတိုင္း မစီးႏိုင္အေျခအေနမွာ သူငယ္ခ်င္းေတြနဲ႔ေက်ာင္းတက္ ေက်ာင္းဆင္း လမ္းေလွ်ာက္ရင္း ေပ်ာ္႐ႊင္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္… ေက်ာင္းထမင္းခ်ိဳင့္ထဲမွာ ပဲျပဳတ္သုတ္ ဒါမွမဟုတ္ ဘဲဥျပဳတ္တစ္လုံးပါ႐ုံနဲ႔မိဘကိုမညိဳျငင္တဲ့ေခတ္ကိုမွီခဲဘူးတယ္…. ေႏြရာသီေက်ာင္းပိတ္ရက္မွာ ညစဥ္ညတိုင္း လမ္းေပၚထြက္ၿပီး ကစားနည္းမ်ိဳးစုံကိုေပ်ာ္႐ႊင္စြာကစားခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…. တစ္ေဆြလုံးတစ္မ်ိဳးလုံးမွာမွ တစ္လုံးထဲရွိတဲ့အမ်ိဳးအိမ္ကTVကို ေဆြမ်ိဳးတစ္သိုက္ စုၿပီးၾကည့္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္… ဘုရားပြဲမွာကတဲ့ဇာတ္ကို က်ား/မ မေ႐ြး မိုးအလင္းၾကည့္ၿပီး(အိပ္ၿပီး)မနက္မိုးစင္စင္လင္းမွထျပန္လည္း ဘာအေၾကာင္းႀကီးငယ္မွ မျဖစ္ခဲ့တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…

ေသြးသားမေတာ္စပ္ၾကေပမယ့္ ျဖဴစင္တဲ့ခင္မင္ျခင္းေတြနဲ႔ ေမာင္ႏွမရင္းပမာ ဆက္ဆံျခင္းေတြရွိတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္.. ႀကီးသူကို႐ိုေသ ႐ြယ္တူကိုေလးစား ငယ္သူကိုသနားရမယ္ဆိုတဲ့ ျမတ္ႏိုးစရာလူ႔က်င့္ဝတ္ေတြ ထြန္းကားတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္… လိုတာေလးေတြထပ္ျဖည့္ခဲ့ၾကပါဦး …

Orginal writer