(၂၄) နာရီ အတွင်း အိန္ဒိယ ရဲတပ်ဖွဲ့ဝင် (၉၃) ဦး Covid-19 ကူးစက် ခံရ

(၂၄) နာရီ အတွင်း အိန္ဒိယ ရဲတပ်ဖွဲ့ဝင် (၉၃) ဦး Covid-19 ကူးစက် ခံရ

အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ် ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့ ၉၃ ဦး Covid-19 ကူးစက် ခံခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

ထိုကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင် ၉၃ ဦးထဲမှ (၈) ဦးသည် အရာရှိ များဖြစ်သည်။ မဟာရတ်ရှ်ထရာပြည်နယ်၌ လက်ရှိ Covid-19 ရောဂါ ကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင်အရေအတွက် စုစုပေါင်းမှာ ၂၅၀၉ ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ပြီဟု သိရသည်။

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ် ၌ ဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေဆဲဖြစ်ရာ ဓာတ်ခွဲအတည်ပြု ကူးစက်မှု စုစုပေါင်း ၆၇၆၅၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉၁၀၀၀ ကျော်၊ ပိုးကင်းစင်သူ ၉၁၉၀၇ ဦးနှင့် သေဆုံးသူ ၅၄၀၀ ကျော် ရှိကြောင်း သိရသည်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

9 + 20 =