ရန်ကုန်တိုင်းဒေသကြီး ၊ လမ်းမတော်မြို့နယ် ၊ ပြည်လမ်း နှင့် မင်းရဲကျော်စွာ လမ်းထောင့် ရှိ ကုတင်(၅၀၀)ဆံ့ ဆေးရုံ တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ၊ လမ်းမတော်မြို့နယ် ၊ ပြည်လမ်း နှင့် မင်းရဲကျော်စွာ လမ်းထောင့် ရှိ ကုတင်(၅၀၀)ဆံ့ ဆေးရုံ တွင် မီးလောင်မှုဖြစ်ပွား

၁.၆.၂၀၂၀ ရက်နေ့၊ (၁၇ ၂၃) အချိန်ခန့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံ တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်း မှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာ လျက် ရှိပါသည်။

ယနေ့ညနေပိုင်းက ရန်ကုန် ကုတင် ၅၀၀ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 ယာဉ်အုပ်စုများ ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

ညနေ ၅နာရီခွဲအချိန်တွင် ဆေးရုံ ရှိ လူနာများအား ဘေးလွတ်ရာ သို့ ကယ်ဆယ်ရွှေ့ထုတ်ပြီးဖြစ်ကာ ၅နာရီ ၄၂မိနစ်တွင် မီးငြိမ်းကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည် ။

လမ်းမတော်မြို့နယ် မှ တိုင်းလွှတ်တော်ကိုယ် စားလှယ်ဒေါ်အေးအေးမာက “ Level 2 လို့ သတင်းရရှိထားပါတယ်။ အသေးစိတ် ကိုတော့ မသိရသေး ပါဘူး”ဟု ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *

one + nineteen =