ပြည်သူတွေရဲ့ စွမ်းအား နဲ့ COVID အလွန် ကာလ မှာ ၊ ယခင်ကထက် ပိုမို စည်းလုံး ခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါတယ် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတွေရဲ့ စွမ်းအား နဲ့ COVID အလွန် ကာလ မှာ ၊ ယခင်ကထက် ပိုမို စည်းလုံး ခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါတယ် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒီ ကနေ့ ဇွန်လ( ၁ ) ရက်နေ့ ဖြစ်ပါပြီ။ အချိန်ရဲ့ သဘောသဘာဝက ထူးဆန်း ပါတယ်။ တစ်ဘက်ကကြည့်ရင် သတ္တဝါတွေ လုံးဝ ပိုင်တဲ့ ၊ နိုင်တဲ့အရာ မဟုတ်ပါဘူး ။ သူ့ဘာသာသူ သွားနေ တာ ပဲ ။ ဘယ်သူ့ ကို မှ လည်း လှည့် မကြည့် ၊ ဘယ်သူ့ ကို မှ လည်း ဂရုမစိုက် ။

နောက်တစ်ဘက် ကကြည့်ပြန်တော့ အချိန်ဟာ ကိုယ်ဖန်တီး တဲ့ အတိုင်း ဖြစ်နေသလိုပဲ။ မြန်နေလား၊ နှေးနေလား၊ ကိုယ့်ပေါ် မှာပဲ တည်ပါတယ်။ တစ်နေ့ဟာ အလွန်ရှည်ကြာ နေသလိုဖြစ်ပြီး၊ နှစ်တွေကတော့ တစ်ခဏချင်း ပျောက်သွား သလိုနေတာလည်း ရှိပါတယ်။ ကြာလှပြီထင်တဲ့ကာလ၊ တကယ်ပြန်တွက် ကြည့်လိုက်တော့လဲ ဒီ လောက်မကြာသေးပါလားလို့ တွေ့ရတာလည်းရှိပါတယ်။ အချိန်က လှည့်ဖြားတာထက် ကိုယ့်စိတ်က လှည့်ဖြား နေတာပါပဲ။

Covid ကမ္ဘာကြီး ထဲ ကျွန်မတို့တွေ ရောက်နေကြတာ ဘယ်လောက် ကြာ သွားပြီလဲ ။ တွက်လိုက်တော့( ၅ )လကျော် ( ၆ )လလောက်ရှိ ပါတယ် ။ ဒီလောက်ကြီး လဲ မကြာသေးပါဘူး။ ဒါပေမဲ့ ဒီကာလအတွင်း မှာ ကျွန်မ တို့တွေဟာ မွေးကတည်း က အလေ့အကျင့်ဖြစ်နေတဲ့ အပြုအမူတွေ ကို ပြောင်းကြရတယ် ။ တကယ့် စိန်ခေါ် မှုကြီးပါပဲ။

ဒီစိန်ခေါ်မှုကြီး ကို ရင်ဆိုင်ကျော်လွှားနိုင်ရင် ယခု အတွက် သာမက၊ နောင်မျိုးဆက်တွေ အတွက်ပါ အောင်မြင်မှုကြီးဖြစ်ပါလိမ့်မယ်။ စာရေးဆရာမကြီး တစ်ဦး က ပြောဖူးပါတယ်၊ နိုင်ငံတစ်နိုင် ငံရဲ့ သမိုင်းမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တွေဟာ ခေတ် အဆက်ဆက် မှာ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်ဖို့ အင်အားတွေ ဖြစ်ေ စပါတယ်။ ဒို့တွေ ဟာ အခက်အခဲကြီးတွေ ကို ကျော်လွှားနိုင်စွမ်း ရှိခဲ့တယ်၊ ခုလည်းကျော်လွှားနိုင်မှာ ပဲဆိုတဲ့ ယုံကြည်မှု စွမ်းအားပါ။

TOPSHOT – Myanmar’s State Counsellor Aung San Suu Kyi delivers a national address in Naypyidaw on September 19, 2017.
Aung San Suu Kyi said on September 19 she “feels deeply” for the suffering of “all people” caught up in conflict scorching through Rakhine state, her first comments on a crisis that also mentioned Muslims displaced by violence. / AFP PHOTO / Ye Aung THU (Photo credit should read YE AUNG THU/AFP/Getty Images)

ပြည်သူတွေရဲ့စွမ်းအား နဲ့ covid အလွန် ကာလ မှာ ၊ ယခင်ကထက် ပိုမို စည်းလုံး ခိုင်မာတဲ့နိုင်ငံ ဖြစ်လာ ဖို့ မျှော်လ င့်ပါတယ် ။

Aung San Suu Kyi