အိမ်ဖြူတော် အနီး ဆန္ဒပြပွဲ များကြောင့် ကတုတ်ကျင်းထဲ ဝင်နေခဲ့ ရသည့် အမေရိကန် သမ္မတထရမ့်
|အိမ်ဖြူတော် အနီး ဆန္ဒပြပွဲ များကြောင့် ကတုတ်ကျင်းထဲ ဝင်နေခဲ့ ရသည့် အမေရိကန် သမ္မတထရမ့်
ဂျော့ဂ်ျဖလွိုက် သေဆုံးမှု ကိစ္စအတွက် ဆန့်ကျင် ဆန္ဒပြသူ ရာပေါင်းများစွာတို့ ပြီးခဲ့သည့် မေလ ၂၉ ရက်ညပိုင်းက အိမ်ဖြူတော် အပြင်ဘက်တွင် စုဝေးရောက်ရှိခဲ့ချိန် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များက သမ္မတ ဒေါ်နယ်ထရမ့်ကို အထူးသီးသန့် ကတုတ်ကျင်းတစ်ခုထဲသို့ ခေါ်ဆောင်ထား ခဲ့ရကြောင်း သိရသည်။
ဆန္ဒပြသူအချို့က ကျောက်ခဲ များဖြင့် ပစ်ပေါက်ခြင်း၊ ရဲအတားအဆီး အကာအရံများကို ဆွဲချခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် သမ္မတ ထရမ့်သည် အိမ်ဖြူတော်ရှိ ကတုတ်ကျင်းထဲတွင် အချိန်တစ်နာရီနီးပါးမျှဝင်နေခဲ့ရသည်ဟု အိမ်ဖြူတော်နှင့် နီးစပ်မှု ရှိသည့် အမည်မဖော်လိုသူ ရီပတ်ဘလစ်ကန် ပါတီဝင်တစ်ဦးက ပြောသည်။
အဆိုပါ ကတုတ်ကျင်းကို အကြမ်းဖက် တိုက်ခိုက်မှုကဲ့သို့ အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်သည်။
မေလ ၂၉ ရက် ဆန္ဒပြပွဲများသည် ရဲတပ်ဖွဲ့ဝင်များ၏ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရစဉ် သေဆုံးသွား ခဲ့သည့် ဂျော့ဂ်ျဖလွိုက်၏ ဖြစ်စဉ်ကြောင့် အစပျိုးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဆန္ဒပြပွဲများသည် နိုင်ငံတဝန်း ဖြစ်ပေါ်လျက်ရှိရာ အမေရိကန်နိုင် ငံရှိ အဓိက မြို့ကြီးများ၌လည်း ကာဖျူးအမိန့်များ ထုတ်ပြန် ထားခဲ့ရသည်။
crd : blacker