သူငယ်ချင်း ကျော်ကျော်ဗိုကို ဆေးထိုး ခဲ့တဲ့ “ကိုပေါက်”

သူငယ်ချင်း ကျော်ကျော်ဗိုကို ဆေးထိုး ခဲ့တဲ့ “ကိုပေါက်”

နာမည်ကျော် ဇာတ်ပို့သမားတစ်ဦးဖြစ်တဲ့ ကိုပေါက်ကို ပရိသတ်တွေ ကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ကိုပေါက် ကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူရဲ့

ဇာတ်ကားတွေရဲ့ ဖန်တီးမှု ရိုက်ချက်တွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိကာ အောင်မြင်လာတဲ့ဒါရိုက်တာတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူဟာဆိုရင် အနုပညာအလုပ်တွေကို ခေတ္တရပ်နားကာ အပျင်းပြေ tik tokတွေကို ဆော့ကစားလေ့ရှိပါတယ်။ ကိုပေါက်ကတော့ အိမ်မှာနေရင်း

မိသားစုလိုက် tik tokလေးတွေ ဆော့ထားတဲ့ ဗီဒီယိုဖိုင် လေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ကိုပေါက်က သူငယ်ချင်းဖြစ်သူ ကျော်ကျော်ဗိုကို အရွှန်းဖောက်ကာ ဆေးထိုးလိုက်တဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ

တင်လာ ခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုလေး ထဲမှာ ကျော်ကျော်ဗိုရဲ့ မျက်နှာထားမျိုး ကို ပိုင်ဆိုင်ချင်ကြောင်း အရွှန်းဖောက်ကာ တင်ပေး လိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။ ပရိသတ်တွေအတွက် ကိုပေါက်ရဲ့ ဆေးထိုးထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဗီဒီယိုဖိုင်လေးကြည့်ကာ သဘောကျ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။

Add a Comment

Your email address will not be published.