မြင်သူတိုင်း ကြွေသွားစေမယ့် ချစ်စရာကောင်းလွန်း တဲ့ ဖွေးစိန် ရဲ့ ဗီဒီယို

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးချော အကယ်ဒမီများရှင် ဖွေးဖွေးကတော့ ယောကျင်္ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်လေးလည်း ဖြစ်ပါတယ်နော်..။အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေ နဲ့ သရုပ်ဆောင်ပိုင်နိုင် ပီပြင်မှုတွေ ကလည်း ပရိသတ်တွေကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်နော်..။

ဖြူစင်တဲ့ စိတ်သဘောထား စေတနာလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတဲ့ ဖွေးစိန်လေးကတော့ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ Stay Home ကာလလေးမှာလည်း ပုံရိပ်လေးတွေ ဝေမျှပြီး ပရိသတ်တွေကို အလွမ်းပြေစေပါသေးတယ်နော်..။ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ဖွေးစိန်လေး ဟာ အခုတစ်ခါမှာလည်း မျက်နှာပြောင်နေတဲ့ သူမရဲ့ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလိုက်ပြန်ပါတယ်နော်..။

“လာ စ တာ..” ဆိုပြီး သူမရဲ့ ဗီဒီယိုလေး ကို ဝေမျှထားတာဖြစ်ပြီး မျက်လုံးတွေ ပြူးပြီး မျက်နှာပြောင်ကာ စနောက်နေတဲ့ ဖွေးစိန်လေးကိုတော့ ပရိသတ်တွေလည်း ချစ်နေကြမှာပါ..။ကဲ.. ဒီကနေ့လေးမှာတော့ ဖွေးစိန်လေးရဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အလွမ်းပြေလေး ဝေမျှပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Source & Photo Credit – Phway Phway’s Fb Acc