အကယ်ဒမီဆုတွေ ရရှိခဲ့သည့်တိုင် ဘဝအချိုးအကွေ့တွေ များလွန်းပြီး ငိုတခါရယ်တလှည့် ဖြစ်ခဲ့ရတဲ့ သူမရဲ့အကြောင်း ပြောပြလာတဲ့ ထက်ထက်

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အကယ်ဒမီဆုတွေရရှိခဲ့သည်တိုင် ဘဝအချိုးအကွေ့တွေများလွန်းပြီး ငိုတခါရယ်တလှည့်ဖြစ်ခဲ့ရတဲ့ သူမရဲ့အကြောင်း ကိုပြောပြလာခဲ့ပါတယ်။

သူမကတော့ ” ထက်မငိုတော့ဘူးနော်။ပရိသတ်တွေက ထက်ကို မငိုပါနဲ့ တော့တဲ့ ချစ်စရာကောင်းပြီး ပြုံးပြုံးလေးနေရမယ်နော်တဲ့ ။ထက်လဲ ဘယ်ငိုချင်ပါ့မလဲ ဒါပေမယ့် ထက်ရဲ့ ဘဝမှာ အချိုးအကွေ့တွေများလွန်းတယ်။ငိုတခါ ရယ်တလှည့်နဲ့ တခါတလေ ကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ။ဒီအကယ်ဒမီရုပ်လေး ၂ရုပ် ပြန်ကြည့်မိတိုင်း အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ပရိသတ်တွေ အများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင် အားတွေရှိသွားရော။အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာ အမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ် ၂ရုပ် နဲ့ ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ ပရိသတ်ပဲ “ဆိုပြီး ရေးသား ထားပါတယ်။

သူမကတော့”ထက်မှာ ဘာမှပိုင်ဆိုင်မှုတွေ မရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေ ရှိနေတယ်လေနော်…. ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့ ။ထက်လည်း ခုထက် ပိုကြိုးစားမယ်နော်။ထက်ကိုလည်း ပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကို လည်းအားပေးကြပါလို့နော် ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ အကယ်ဒမီဆုတွေနဲ့အတူ ရယ်မောပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Htet Htet MoeOo ‘s Facebook Page
Photo Credit – Li John
Photo Credit – Htet Htet MoeOo ‘s Facebook Page