၂၀၂၁ ခုနှစ် မှာ မြန်မာ နိုင်ငံအတွက် အရမ်းကောင်းတဲ့ နိမိတ် ကြီးတွေ့နေရပြီ ဆိုတဲ့ “ဆရာဇင်ယော်နီ”

ဆရာဇင်ယော်နီကတော့ ဗေဒင် လောက မှာထင်ရှားလှသူတစ်ဦးဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခ ရဲ့ တပည့် တစ်ဦးဖြစ်သလို သူကိုယ်တိုင်ကလည်း ဗေဒင်ပညာရပ်မှာ ကျွမ်းကျင်လှသူတစ်ဦးပါ။ယခုရက်ပိုင်းမှာတော့ မီဒီယာတွေ့ဆုံမှု တစ်ခုမှာ ဆရာဇင်ယော်နီက မြန်မာနိုင်ငံရဲ့ ၂၀၂၁ နိမိတ်တွေက ကောင်းတဲ့ နိမိတ်တွေကို တွေ့ရတယ် လို့ ဟောကိန်းထုတ်ပြောကြားလာခဲ့တာဖြစ်ပါတယ် ဆရာဇင်ယော်နီက “ကျွန်တော့ကိန်းခန် အရတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကောင်းတဲ့ နိမိတ်ဘက် အခြေအနေ ကို တွေ့ရပါတယ် ဝမ်းသာစရာ နိမိတ်ကိုပဲတွေ့ရပါတယ် ဘယ်လို နိမိတ်မျိုးတွေ့လဲဆိုတော့ ကျွန်တော်တို့ တားရော့ကဒ်ပြားတွေမှာ Hermit ဆိုတဲ့ကဒ်တကဒ်ရှိတယ် အဘနာမည်ပေးထားတာက ပုဏ္ဏားဘကွန်းပေါ့ Hermit ရသေ့တစ်ပါးရဲ့ပုံပေါ့

မြန်မာနိုင်ငံနဲ့ ၂၀၂၁ ခုနှစ်အတွက်နိမိတ်ကို ပြောရမယ် ဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ဆက်ပြီးခိုင်မာဖို့ ပြည်သူ ပြည်သားများ သတ္တိဆက်ပြီးမွေးကြပါ သတ္တိရှိဖို့ အရေးကြီး ပါတယ် နံပါတ် ၂ တဖက်ပိတ်တွေလို့ အပြောခံရတဲ့ ဘဝ အမှန်တကယ်ကတော့ တဖက်ပွင့်လာတာပေါ့ နှစ်ဖက်ပွင့်ဖြစ် လာအောင် အထူးသဖြင့် အနာဂတ်မျိုးဆက်တွေအတွက်ကို စုံလုံးကန်းဘဝကနေ ဆွဲထုတ်နိုင်အောင် ဉာဏ်ပညာ ဖြန့်ဖြူးနိုင်ဖို့ကြိုးစားပါ

နံပါတိ ၃ စီးပွားရေးအနေနဲ့ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ စုနိုင်ဆောင်း နိုင်လောက်တဲ့ တိုင်းပြည်အနေနဲ့ပြောတာပါ ဒါနမူနာတင်စားပြီးပြောတာ တိုင်းပြည်ရဲ့စီးပွားရေးဟာလည်း ဖွံ့ဖြိုးလာမယ်ဆိုတဲ့ နိမိတ်ကိုတွေ့ပါတယ် အဲ့တော့ ၂၀၂၁ ကိုကျွန်တော်ကတော့ ဝမ်းသာအားရစွာနဲ့ မျှော်လင့်ပါတယ်” လို့ဟောကိန်းထုတ်သွားခဲ့တာပါ ဒါကတော့ ဆရာဇင်ယော်နီက မြန်မာနိုင်ငံရဲ့ ၂၀၂၁ နိမိတ်တွေက ကောင်းတဲ့ နိမိတ်တွေကို တွေ့ရတယ် လို့ ဟောကိန်းထုတ်ပြောကြားလာ ခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ အတွက်ကျေးဇူးတင် ပါတယ်နော်

Credit: Shwe Yaung Myanmar

zawgyi



