ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ကို တိုက်ရိုက် ကြည့်နိုင်မယ့် ရုပ်သံလိုင်းတွေ ကို အောင်လအန်ဆန် ကြေငြာ
မင်္ဂလာပါခင်ဗျာ🙏။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။ ONE Championship အဖွဲ့အစည်း ရဲ့ အောက်တိုဘာလ ၃၀ ရက်နေ့စင်ကာပူနိုင်ငံမှာကျင်းပမယ့်ပွဲစဉ်မှာကျွန်တော့်ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲကိုခေါင်ပွဲအဖြစ်၊ စိန်ခေါ်သူRienner De Ridderနဲ့ ရင်ဆိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပရိတ်သတ်တွေအနေနဲ့ကျွန်တော့် ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲကိုကြည့်ရှုအားပေးမယ် ဆိုရင် အောက်တိုဘာလ ၃၀ သောကြာည ၇ နာရီအချိန်မှာ Skynet Sports 3 နဲ့ Skynet SportHDရုပ်သံလိုင်းများကနေတဆင့်စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်။
ဖုန်းကနေတဆင့်ကြည့်ရှုအားပေးမယ့် ပရိတ်သတ်များအတွက် One Championship အဖွဲ့အစည်းရဲ့တရားဝင် ONE Championship Application နဲ့ ONE Championship YouTube Channel တို့မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ONE Championship Application Download Link – https://bit.ly/3kzjNog
YouTube Channel – https://bit.ly/31IsRiW
zawgyi