လုံးကြီးပေါက်လှ ကိုယ်လုံးလေးကို ထင်ရှားပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးကို ဆင်မြန်းပြီး ရိုးရှင်းအေးချမ်းစွာ လှသွေးကြွယ်နေတဲ့ မမဆောင်း

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အဆိုတော် ဆောင်းအိနြေ္ဒထွန်းကိုတော့ ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကြပါတယ်နော်..။ သရုပ်ဆောင်ကောင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်တွေကြောင့် ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ လတ်တလောမှာ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေ တာလည်း တွေ့ရမှာပါနော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေး တတ်တဲ့ မမဆောင်းကတော့ အခုတစ်ခါမှာလည်း သီတင်းကျွတ်အချိန်အခါလေးကို ကြိုဆိုရင်း ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။ လုံးကြီးပေါက်လှကိုယ်လုံးလေးကို ထင်ရှားပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးကို လုံလုံခြုံခြုံဆင်မြန်းပြီး ရိုးရှင်းအေးချမ်းစွာ လှသွေးကြွယ်နေတဲ့ မမဆောင်းကိုတော့ ပရိသတ်တွေ အချစ်ပိုနေကြမှာပါနော်..။ “ချစ်တို့ မင်္ဂလာပါရှင့်, စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေနော်

သီတင်းကျွတ်အခါသမယမှာ ဖေ့ဘုတ် က လူကြီးသူမတွေ, အနုပညာ ညီအစ်ကို မောင်နှမတွေ , ကိုကို မမ မောင်လေး ညီမ များအပေါ် ကာယကံ , ဝစီကံ မနောကံ ဖြင့် မှားခဲ့မိရင် ခွင့်လွှတ်ပါနော်..” ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။ ရိုးရှင်းအေးချမ်းစွာ လှနေတဲ့ မမဆောင်းရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေလည်း သဘောကျချစ်ခင်နေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Min Khant Taw

zawgyi



