သီတင်းကျွတ် ရုံးပိတ်ရက် (၅)ရက် ကို ကောင်းကောင်း မထိန်းချုပ် နိုင်ရန် ကိုဗစ်က ဒုက္ခပေးနိုင်တယ်

သီတင်းကျွတ်ရုံးပိတ်ရက် ၅ ရက်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ရန် ကိုဗစ်က ဒုက္ခပေးနိုင်တယ် လို့ ရန်ကုန် ကိုဗစ်ကော်မတီဒုတိယ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးက ပြောကြား လိုက်ပါတယ်။

ဒေါက်တာဇော်ဝေစိုးက “ ကျွန်တော့် အနေနဲ့ပြောရရင် အခု ရုံးပိတ်ရက် ၅ ရက်ရှိမှာဖြစ်ပါတယ်။ ရုံးပိတ်ရက် ၅ ရက်ဟာ ကျွန်တော်တို့ အသုံးချတတ်ရင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသုံးမချတတ်လို့ မလိုက်နာ မဆောင်ရွက်ရင် ဒီ ၅ ရက်က ကျွန်တော်တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ၅ ရက် ဖြစ် ပါတယ်။ ဒါကိုအားလုံး သိရှိပြီး သတိကြီးစွာဖြင့် နေထိုင်သွား လာဖို့လိုသလို သည်းခံ ထိန်းချုပ်ကြဖို့အရေးကြီးပါတယ်။ ကိုဗစ်-၁၉ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့် အညီ မိဘဘိုးဘွားတွေကို အရိုအသေပေးဖို့လိုအပ်တယ်” လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောချက်တွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်သည် မြန်မာနိုင်ငံ ကိုဗစ် ကာလ ထိန်းချုပ်ရေးမှာ ပြောင်းလဲသွားနိုင်တဲ့ အချိန်ကာလတစ်ခု ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

TNO

zawgyi

သီတင္းကြၽတ္႐ုံးပိတ္ရက္ ၅ ရက္ကို ေကာင္းေကာင္း မထိန္းခ်ဳပ္ႏိုင္ရန္ ကိုဗစ္က ဒုကၡေပးႏိုင္တယ္ လို႔ ရန္ကုန္ ကိုဗစ္ေကာ္မတီဒုတိယ ဥကၠဌ ေဒါက္တာေဇာ္ေဝစိုးက ေျပာၾကား လိုက္ပါတယ္။

ေဒါက္တာေဇာ္ေဝစိုးက “ ကြၽန္ေတာ့္ အေနနဲ႔ေျပာရရင္ အခု ႐ုံးပိတ္ရက္ ၅ ရက္ရွိမွာျဖစ္ပါတယ္။ ႐ုံးပိတ္ရက္ ၅ ရက္ဟာ ကြၽန္ေတာ္တို႔ အသုံးခ်တတ္ရင္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးအတြက္ အခြင့္အေရးတစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသုံးမခ်တတ္လို႔ မလိုက္နာ မေဆာင္႐ြက္ရင္ ဒီ ၅ ရက္က ကြၽန္ေတာ္တို႔ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္တဲ့ ၅ ရက္ ျဖစ္ ပါတယ္။ ဒါကိုအားလုံး သိရွိၿပီး သတိႀကီးစြာျဖင့္ ေနထိုင္သြား လာဖို႔လိုသလို သည္းခံ ထိန္းခ်ဳပ္ၾကဖို႔အေရးႀကီးပါတယ္။ ကိုဗစ္-၁၉ လိုက္နာေဆာင္႐ြက္ရမည့္ သတ္မွတ္ခ်က္မ်ားႏွင့္ အညီ မိဘဘိုးဘြားေတြကို အ႐ိုအေသေပးဖို႔လိုအပ္တယ္” လို႔ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၂၈ ရက္ေန႔အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးႏွင့္ ပတ္သက္ၿပီး ရွင္းလင္းေျပာခ်က္တြင္ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္သည္ ျမန္မာႏိုင္ငံ ကိုဗစ္ ကာလ ထိန္းခ်ဳပ္ေရးမွာ ေျပာင္းလဲသြားႏိုင္တဲ့ အခ်ိန္ကာလတစ္ခု ျဖစ္ေနတယ္လို႔လည္း ဆိုပါတယ္။

TNO