တစ်နေ့ မိနစ် (၂၀) ခန့် ခြေထောက် မြှောက်လေ့ကျင့်ခန်း လုပ်ရုံဖြင့် ရရှိ မယ့် အကျိုး ကျေးဇူးများ

ပုံမှန်လေ့ကျင့်ခန်း တော်တော်များများကတော့ ကာယခွန်အားအများကြီး စိုက်ထုတ်ရပြီး ချွေးထွက်မောပန်း ရတာမျိုးတွေ များပါတယ် ။ ဒီလိုလေ့ကျင့်ခန်းတွေ ကြားထဲမှာမှ သက်သောင့်သက်သာ နဲ့ ခန္ဓာကိုယ်အကျိုးကျေးဇူးများစေမယ့် လေ့ကျင့်ခန်းလေးကိုဖော်ပြပေးချင်ပါတယ် ။ဒါကတော့ ခြေထောက်မြှောက် လေ့ကျင့်ခန်းပါ။ ခြေထောက်မြှောက်လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် (၂၀)နဲ့ ပုံမှန်ပြုလုပ်ပေးရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ …

(၁) ခြေထောက်ဖောတာ ၊ ရောင်တာ သက်သာမယ် – ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေ လို့ ကျောက်ကပ်ရောဂါ၊ အဝလွန်တာနဲ့ ၊ မှားယွင်းတဲ့ စားသောက်ပုံတွေကြောင့်ဖြစ်တဲ့ ခြေထောက်ဖောတာ ၊ ရောင်တာတွေကို လျော့ကျစေပြီး ခြေထောက်သွယ်လာစေပါတယ်။ ဒေါက်ဖိနပ်စီးရင်ဖြစ်တဲ့ နာကျင်မှုဒါဏ်တွေကိုလည်းသက်သာလာစေပါတယ်။

(၂) အစာခြေစနစ် ကောင်းမွန်လာမယ် – ကိုယ်တွင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေတာကြောင့် အစာခြေစနစ်ကိုပိုမိုကောင်းမွန်လာစေပါတယ်။ အစာစုပြီး ဗိုက်ပူတာ၊ ဗိုက်အဆီစုတာတွေပါပျောက်ကင်းစေတာကြောင့် အဆီကျပြီး ခါးလေးပါသွယ်လာမှာပါ။

(၃) စိတ်အတက်အကျများတာ လျော့ကျလာမယ် ခြေထောက်မြှောက်လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူလေ့ကျင့်ခန်းပါလုပ်ပြီးသားဖြစ်တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ပိုရောက်ပြီး စိတ်ကိုလန်းဆန်းစေပါတယ်။ စိတ်တည်ငြိမ်စေပြီး စိတ်လှုပ်ရှားမှု၊ လည်ပင်းနဲ့ ဝမ်းဗိုက်ကြွက်သားတင်းရင်းမှုတွေကိုပါလျော့ကျစေပါတယ်။

(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုလည်း ပုံမှန်ပြန်ဖြစ်စေပြီး အိပ်ချိန်မှန်လာစေပါတယ်။

ခြေထောက်မြှောက်လေ့ကျင့်ခန်း ပြုလုပ်ပုံ- နံရံနားမှာ သက်သောင့်သက်သာဖြစ်မယ့် နေရာကိုရွေးပါ။ ပြီးရင်တော့ အခင်းလေး တစ်ခုချ ပြီး(သို့) roller လုံးလေးကျောမှချပြီး လှဲလိုက်ပါ။ ခြေထောက်ကို နံရံမှာ တည့်တည့် မြှောက်ပါ(90 degree) လက်တွေကိုတော့ ကြမ်းပြင်မှာ သက်သောင့်သက်သာချထားလို့ရပါတယ်။ ဒီအတိုင်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိလုပ်ပေးရပါမယ်။ -သတိပြုရမှာကတော့ သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေမယ့် အဝတ်အစားမဝတ်ရပါဘူး ။ ခါးရိုး ၊ ခြေထောက် ထိခိုက် ဒါဏ်ရာရထားသူတွေ မလုပ်သင့်ပါဘူး ။

Julia

zawgyi

ပုံမွန္ေလ့က်င့္ခန္း ေတာ္ေတာ္မ်ားမ်ားကေတာ့ ကာယခြန္အားအမ်ားႀကီး စိုက္ထုတ္ရၿပီး ေခြၽးထြက္ေမာပန္း ရတာမ်ိဳးေတြ မ်ားပါတယ္ ။ ဒီလိုေလ့က်င့္ခန္းေတြ ၾကားထဲမွာမွ သက္ေသာင့္သက္သာ နဲ႔ ခႏၶာကိုယ္အက်ိဳးေက်းဇူးမ်ားေစမယ့္ ေလ့က်င့္ခန္းေလးကိုေဖာ္ျပေပးခ်င္ပါတယ္ ။ဒါကေတာ့ ေျခေထာက္ေျမႇာက္ ေလ့က်င့္ခန္းပါ။ ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းကို တစ္ေန႔ မိနစ္ (၂၀)နဲ႔ ပုံမွန္ျပဳလုပ္ေပးရင္ ရရွိမယ့္ အက်ိဳးေက်းဇူးေတြကေတာ့ …

(၁) ေျခေထာက္ေဖာတာ ၊ ေရာင္တာ သက္သာမယ္ – ဒီေလ့က်င့္ခန္းက ေျခေထာက္ေသြးလွည့္ပတ္မႈကို အထူးေကာင္းမြန္ေစ လို႔ ေက်ာက္ကပ္ေရာဂါ၊ အဝလြန္တာနဲ႔ ၊ မွားယြင္းတဲ့ စားေသာက္ပုံေတြေၾကာင့္ျဖစ္တဲ့ ေျခေထာက္ေဖာတာ ၊ ေရာင္တာေတြကို ေလ်ာ့က်ေစၿပီး ေျခေထာက္သြယ္လာေစပါတယ္။ ေဒါက္ဖိနပ္စီးရင္ျဖစ္တဲ့ နာက်င္မႈဒါဏ္ေတြကိုလည္းသက္သာလာေစပါတယ္။

(၂) အစာေျခစနစ္ ေကာင္းမြန္လာမယ္ – ကိုယ္တြင္း အဂၤါေတြရဲ႕ ေသြးလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစတာေၾကာင့္ အစာေျခစနစ္ကိုပိုမိုေကာင္းမြန္လာေစပါတယ္။ အစာစုၿပီး ဗိုက္ပူတာ၊ ဗိုက္အဆီစုတာေတြပါေပ်ာက္ကင္းေစတာေၾကာင့္ အဆီက်ၿပီး ခါးေလးပါသြယ္လာမွာပါ။

(၃) စိတ္အတက္အက်မ်ားတာ ေလ်ာ့က်လာမယ္ ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းလုပ္ရင္း အသက္ရႉေလ့က်င့္ခန္းပါလုပ္ၿပီးသားျဖစ္တာေၾကာင့္ ဦးေႏွာက္ထဲ ေအာက္ဆီဂ်င္ပိုေရာက္ၿပီး စိတ္ကိုလန္းဆန္းေစပါတယ္။ စိတ္တည္ၿငိမ္ေစၿပီး စိတ္လႈပ္ရွားမႈ၊ လည္ပင္းနဲ႔ ဝမ္းဗိုက္ႂကြက္သားတင္းရင္းမႈေတြကိုပါေလ်ာ့က်ေစပါတယ္။

(၄) ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္မယ္ေသြးလွည့္ပတ္မႈ ေကာင္းမြန္ေစတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ဇီဝကာမျဖစ္စဥ္ေတြကိုလည္း ပုံမွန္ျပန္ျဖစ္ေစၿပီး အိပ္ခ်ိန္မွန္လာေစပါတယ္။

ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္း ျပဳလုပ္ပုံ- နံရံနားမွာ သက္ေသာင့္သက္သာျဖစ္မယ့္ ေနရာကိုေ႐ြးပါ။ ၿပီးရင္ေတာ့ အခင္းေလး တစ္ခုခ် ၿပီး(သို႔) roller လုံးေလးေက်ာမွခ်ၿပီး လွဲလိုက္ပါ။ ေျခေထာက္ကို နံရံမွာ တည့္တည့္ ေျမႇာက္ပါ(90 degree) လက္ေတြကိုေတာ့ ၾကမ္းျပင္မွာ သက္ေသာင့္သက္သာခ်ထားလို႔ရပါတယ္။ ဒီအတိုင္း ၁၅ မိနစ္ကေန မိနစ္ ၂၀ အထိလုပ္ေပးရပါမယ္။ -သတိျပဳရမွာကေတာ့ ေသြးလည္ပတ္မႈကို အေႏွာက္အယွက္ျဖစ္ေစမယ့္ အဝတ္အစားမဝတ္ရပါဘူး ။ ခါး႐ိုး ၊ ေျခေထာက္ ထိခိုက္ ဒါဏ္ရာရထားသူေတြ မလုပ္သင့္ပါဘူး ။

Julia