ထီပေါက်တော့ မယ်ဆို နိမိတ်ပြ လေ့ ရှိတဲ့ အိမ်မက် အချို့

အိပ်မက်ကို လူတိုင်းမြင်မက် ပါတယ်။ အိပ်တာ နဲ့ မက် တဲ့ အိပ်မက်မျိုးက သွေးလေချောက်ချားပြီး မက်တဲ့ အိပ်မက်၊ ရှေးယခင်က ခံစားဖူးတာ ကို အကြောင်းပြုပြီးမက်တဲ့ အိပ်မက်၊ နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့မက်တဲ့ အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက် သုံးမျိုးရှိပါတယ်။ မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်၍ သတိ မထား သည့် အတွက်အကျိုး ခံစားသင့်သော အရာများ လွဲချော်သွား သည်လည်း ရှိပါတယ်။

ဒါကြောင့် အဘဆရာကြီး မင်းသိင်္ခပြောကြားခဲ့တဲ့ ထီပေါက်စေ တဲ့ နိမိတ်ပြ အိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေး လိုက်ပါတယ်ခင်ဗျာ နွားကိုစီး၍ မြို့ရွာသို့ လှည့်လည် ရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူစည်ကားသော အရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊ နွားကိုစီး၍ ထင်ရှားကျော်စော သည်ကိုမြင်မက်ခဲ့သော် အိပ်မက်သည် ထီပေါက်တတ်သော အိပ်မက်ဖြစ်သည်။

နေ၊ လ ၊ကြယ်တို့ကို မိမိ ကိုယ်တိုင် ဆွတ်၍ လက်အတွင်း သို့ ရောက်သည်ဟု မြင်မက် သည်ဖြစ်စေ၊ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦးဦးက ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ၊ နေ၊ လ ၊ကြယ် နက္ခတ်တို့ သည် ကြွေ၍ မိမိ အိမ်သို့ ကျရောက် သည်ဟု မြင်မက်သည့် အိပ်မက်တွေကလည်းထီပေါက်စေတဲ့ အိမ်မက်တွေ လို့လည်း ယူဆနိုင်ပါတယ်။ မြွေပွေး၊ မြွေဟောက်စသော တိရစ္ဆာန် များသည် တစ်ခုသော တောင်ပို့ တွင်ဖြစ်စေ၊ ကုန်မြေပေါ်တွင်ဖြစ်စေ တည်ရှိနေ၍ ၎င်းမြွေများကို ကိုယ်တိုင်နှိမ်နင်း၍အတွင်းရှိပစ္စည်းများကို သုံးဆောင် ခံစားရသည်ဟု မြင်မက်ခဲ့သော် ထိုအိပ်မက်သည် ထီပေါက်မည့် အိပ်မက် ဖြစ်သည်။

ဖော်ပြပါထီပေါက်စေတဲ့ အိပ်မက်တွေ ကတော့ လူတိုင်း မြင်မက်ခြင်းတော့ မတူညီနိုင်ပါဘူး ထီပေါက်ခြင်း ဆိုတာကလည်း ရှေ့ကပြုခဲ့တဲ့ ကုသိုလ်ကံအကြောင်းတရားတွေ ကြောင့်လည်း ထီဆုကြီးတွေ ဆုတ်ခူးနိုင် တာပါ။ ပရိသတ်ကြီးလည်း ကံတရားဆိုတာ ဆန်းကြယ်တဲ့ အတွက်ရှေ့ကမိမိပြုခဲ့တဲ့ ကုသိုလ်ကံစေတနာ အကျိုးကြောင့် လက်ရှိဘဝမှာ ကံကောင်းထောက်မ လို့ ထီပေါက်စေတဲ့ အိပ်မက်တွေ မက်ခဲ့ ရင်လည်း ထီထိုးဖို့ မမေ့ပါနဲ့ ခင်ဗျာ။

ခရက်ဒစ် ဆရာ မင်းသိင်္ခဗေဒင်

zawgyi

အိပ္မက္ကို လူတိုင္းျမင္မက္ ပါတယ္။ အိပ္တာ နဲ႔ မက္ တဲ့ အိပ္မက္မ်ိဳးက ေသြးေလေခ်ာက္ခ်ားၿပီး မက္တဲ့ အိပ္မက္၊ ေရွးယခင္က ခံစားဖူးတာ ကို အေၾကာင္းျပဳၿပီးမက္တဲ့ အိပ္မက္၊ နတ္ဆိုးနတ္ဝါးေတြ လွည့္စားလို႔မက္တဲ့ အိပ္မက္ဆိုးရယ္ ဟူရယ္ အိပ္မက္ သုံးမ်ိဳးရွိပါတယ္။ မိမိတို႔ အိပ္မက္၏ေကာင္းက်ိဳး ဆိုးက်ိဳးကို ႀကိဳတင္၍ သတိ မထား သည့္ အတြက္အက်ိဳး ခံစားသင့္ေသာ အရာမ်ား လြဲေခ်ာ္သြား သည္လည္း ရွိပါတယ္။

ဒါေၾကာင့္ အဘဆရာႀကီး မင္းသိခၤေျပာၾကားခဲ့တဲ့ ထီေပါက္ေစ တဲ့ နိမိတ္ျပ အိမ္မက္အခ်ိဳ႕ကို ေဗဒင္ခ်စ္ပရိသတ္ႀကီး သိရွိေအာင္ ေဖာ္ျပေပး လိုက္ပါတယ္ခင္ဗ်ာ ႏြားကိုစီး၍ ၿမိဳ႕႐ြာသို႔ လွည့္လည္ ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊ လူစည္ကားေသာ အရပ္တြင္ မိမိက ႏြားကိုစီး၍ လူအေပါင္းတို႔ႏွင့္ လွည့္လည္ရသည္ဟု ျမင္မက္ေသာ္လည္းေကာင္း၊ ႏြားကိုစီး၍ ထင္ရွားေက်ာ္ေစာ သည္ကိုျမင္မက္ခဲ့ေသာ္ အိပ္မက္သည္ ထီေပါက္တတ္ေသာ အိပ္မက္ျဖစ္သည္။

ေန၊ လ ၊ၾကယ္တို႔ကို မိမိ ကိုယ္တိုင္ ဆြတ္၍ လက္အတြင္း သို႔ ေရာက္သည္ဟု ျမင္မက္ သည္ျဖစ္ေစ၊ဝတ္ျဖဴစင္ၾကယ္ႏွင့္ ပုဂၢိဳလ္တစ္ဦးဦးက ဆြတ္၍ေပးသည္ဟု ျမင္မက္သည္ျဖစ္ေစ၊ ေန၊ လ ၊ၾကယ္ နကၡတ္တို႔ သည္ ေႂကြ၍ မိမိ အိမ္သို႔ က်ေရာက္ သည္ဟု ျမင္မက္သည့္ အိပ္မက္ေတြကလည္းထီေပါက္ေစတဲ့ အိမ္မက္ေတြ လို႔လည္း ယူဆႏိုင္ပါတယ္။ ေႁမြေပြး၊ ေႁမြေဟာက္စေသာ တိရစာၦန္ မ်ားသည္ တစ္ခုေသာ ေတာင္ပို႔ တြင္ျဖစ္ေစ၊ ကုန္ေျမေပၚတြင္ျဖစ္ေစ တည္ရွိေန၍ ၎ေႁမြမ်ားကို ကိုယ္တိုင္ႏွိမ္နင္း၍အတြင္းရွိပစၥည္းမ်ားကို သုံးေဆာင္ ခံစားရသည္ဟု ျမင္မက္ခဲ့ေသာ္ ထိုအိပ္မက္သည္ ထီေပါက္မည့္ အိပ္မက္ ျဖစ္သည္။

ေဖာ္ျပပါထီေပါက္ေစတဲ့ အိပ္မက္ေတြ ကေတာ့ လူတိုင္း ျမင္မက္ျခင္းေတာ့ မတူညီႏိုင္ပါဘူး ထီေပါက္ျခင္း ဆိုတာကလည္း ေရွ႕ကျပဳခဲ့တဲ့ ကုသိုလ္ကံအေၾကာင္းတရားေတြ ေၾကာင့္လည္း ထီဆုႀကီးေတြ ဆုတ္ခူးႏိုင္ တာပါ။ ပရိသတ္ႀကီးလည္း ကံတရားဆိုတာ ဆန္းၾကယ္တဲ့ အတြက္ေရွ႕ကမိမိျပဳခဲ့တဲ့ ကုသိုလ္ကံေစတနာ အက်ိဳးေၾကာင့္ လက္ရွိဘဝမွာ ကံေကာင္းေထာက္မ လို႔ ထီေပါက္ေစတဲ့ အိပ္မက္ေတြ မက္ခဲ့ ရင္လည္း ထီထိုးဖို႔ မေမ့ပါနဲ႔ ခင္ဗ်ာ။

ခရက္ဒစ္ ဆရာ မင္းသိခၤေဗဒင္