မိခင်ဖြစ်သူ အတွက် နေစဉ် စုဗူး နဲ့ စုပြီး တစ်လ ဝင်ငွေ (၅)သိန်း(၅)သောင်း ကို တစ်သက်လုံး ကန်တော့သွားမယ် ဆိုတဲ့ မနော

မိခင်ဖြစ်သူ အတွက် နေစဉ် စုဗူး နဲ့ စုပြီး တစ်လ ဝင်ငွေ (၅)သိန်း(၅)သောင်း ကို တစ်သက်လုံး ကန်တော့သွားမယ် ဆိုတဲ့ မနော

အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ မနောကတော့ ပရိသတ်တွေ များစွာရဲ့ အားပေးချစ်ခင်မှု ကို အခိုင်အမာရ ယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မနောရဲ့ သီချင်းလေးတွေဟာ ပရိသတ်တွေကြိုက်နှစ်သက်ပြီး နားထောင်သူတွေများပြားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုမှာ

မနောတို့မောင်နှမ၈ယောက်ဟာ အမေ အတွက်နေစဉ်စုဗူး နဲ့စုပြီး တစ်လပုံမှန်ဝင်ငွေ ၅၅၀၀၀၀ကျပ်ကို တစ်သက်လုံးကန်တော့သွားမှာပဲ ဖြစ်ပါတယ်။မနောကတော့ ” မမေ ကျန်းမာပြီးအသက်ရှည်ပါစေမိဘများကိုအလေးထားဂရုစိုက်သင့်တယ်ဗျို့ အသက်ကြီးလာရင် သားသမီးများ ပေးတာလေးန်တော့တာလေးနဲ့ ခြွေတာသုံးရရှာတာပါ ဘယ်နေ့ဘယ်သား

သမီးက လာကန်တော့မလဲ လာပေးမလဲနဲ့ မျှော်နေရမှာလည်းမိဘများသနားစရာပါ ရည်ရွယ်ချက်တွေ ပျောက်ပြီး ရှင်လျှက် နဲ့ ဘဝ သေနေတတ်ပါတယ် ဒါကြောင့် ကျနော်တို့ မောင်နှစ်မ ၈ ယောက် တိုင်ပင်ပြီး မိမိကန်တော့နိုင်သောငွေ တစ်ရက် မှာ ၅ ရာ သို့မဟုတ် ၁ထောင် ပဲဖြစ်ဖြစ် ၁ သောင်းဖြစ်ဖြစ်ပေါ့ မိမိတတ်နိုင်သလောက် နေ့စဉ်စုဗူး နဲ့မေမေ့အတွက် ဆိုပြီးစုကြတယ်

တစ်လပြည့်တာ နဲ့ မိသားစု ဆုံပြီး ကန်တော့ကြတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ မနောကတော့ ” မေမေအတွက် တစ်လကိုပုံမှန်ဝင်ငွေ ၅၅၀၀၀၀ လစဉ် တစ်သက်လုံးကန်တော့သွားမည့်ငွေပေါ့ခင်ဗျာ နောက်ထက် မိမိပြေလည်သလိုကန်တော့တာက သည်းသန့်ကန်တော့နိုင်ပါတယ်

မပြေလည်လည်း ကန်တော့နိုင်မည့်နေ့စဉ်ငွေကိုသာ စာရင်းကောက်ပြီး စုကြတာဖြစ်ပါတယ် ခုဆိုမေမေ မှာရည်ရွယ်ချက်ရှိသွားပြီ ဘယ်နေ့ ဘယ်ကျောင်းမှာ ဘာလှူမယ်ပေါ့ဗျာ ဘယ်သူပေးကျွေးပါစေ ကျနော်တို့မောင်နှမထဲက တစ်ယောက်ကိုမေမေပေးလိုက်လည်း

ကျန်သူတွေက မေမေသဘော စေတနာပြက်သားပြီးသားမို့ တေးချစ်သူများ မိတ်ဆွေများ ဒီနည်းလေးအတိုင်း နေ့စဉ် တစ်ရာတစ်ထောင်တစ်သောင်း နိုင်သလောက်စုပြီး သက်သက် မှတ်မှတ်ကန်တော့မယ်ဆိုလျှင်မိဘများအတွက်အဆင်ပြေသွားပြီပေါ့ဗျာ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်

Add a Comment

Your email address will not be published. Required fields are marked *

12 − 8 =