ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့တဲ့ သူတွေ ရဲ့ မိသားစုတွေ ကျန်းမာရေး ဝန်ထမ်းတွေ ကို အပြစ်မမြင် ကြပါနဲ့

ဒီရက်ပိုင်း ဖေ့ဘုတ် ပေါ်မှာ ကိုဘစ်နဲ့ သေဆုံးတဲ့ သူတွေ ရဲ့ ကျန်ရစ်သူ မိသားစုတွေက မကျေမနပ် ရေးတဲ့စာတွေ ဖေ့ဘုတ် ပေါ်တက်လာပါတယ်။ ထုံးစံအတိုင်း ကျန်းမာရေး ဝန်ထမ်းတွေကို မကျေနပ်တဲ့ အသံတွေဆူညံလို့ပေါ့။ သူတို့ရဲ့မိဘ ဆွေမျိုးသေဆုံးမှုတွေမှာ ဖြစ်သင့်တာတွေ လုပ်သင့်တာတွေ မလုပ်လိုက်ရလေချင်းဆိုပြီး စိတ်နာပြီး ရေးထားကြတာပါ။ ဒီနေရာမှာ ကျမပြောချင်တာက ကျန်ရစ်သူ မိသားစုရဲ့ ဆုံးရှုံးမှုကို ကိုယ်ချင်း စာနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဖေလည်း ဆုံးဖူးသလို ယောကျားလည်းသေဖူးပါတယ်။ သားသားငယ်ငယ်က နေမကောင်း ခဏခဏဖြစ်တတ်လို့ အမေနေရာကလည်း ပူပင်တတ်ပါတယ်။ ဒါပေမည့် ကိုယ်၌က ကျန်းမာရေး ဝန်ထမ်းဖြစ်ခဲ့ဖူးလေတော့ အခုကာလ အကျပ်အတည်းထဲက သူတို့ရဲ့အနေအထားကိုလည်း မှန်းဆမိနေတာမို့ ဒီစာကို ကြားချပြီး ရေးမှာပါ။

အခုခေတ်မှာ လက်သည်းထိပ်မှာ တိုင်းတာတဲ့ စက်လေး တွေ့ဖူးကြပါလိမ့်မယ်။ Pulse Oxymeterလို့ ခေါ်ပါတယ်။ သွေးလည်ပတ်မှုအတွင်း oxygen O2 ကိုတိုင်းတာ (SP O2 လို့ခေါ်ပါတယ်) အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါ ပါတယ်။..ပြန်ပြောပါ့မယ်။ SP O2 တိုင်းတဲ့စက် Pulse oxymeterပါ။ ဘာကိုရည်ညွှန်းတာလည်း ဆိုရင် အသက်ရူသွင်းလိုက်တဲ့ oxygen ကို သွေးက ၁။သယ်ဆောင်သွားပြီး၂။ လိုအပ်တဲ့ ကြွက်သား/Muscle တွေဆီကို ရောက်သည်အထိ ပို့ပေးခဲ့သည့် oxygen % လို့ ပြောတာပါ။ ပုံမှန် လူကောင်း တစ်ယောက်မှာဆို လက်ထိပ်လေး မှာ စက်နဲ့တိုင်းတဲ့ အခါ SP O2 က 97 -100 %ခန့်ရှိတတ်ပါတယ်။ အဆုပ်နဲ့ပက်သက် နာတာရှည်ရောဂါရှိတဲ့လူတွေ..သွေးကြောကျဉ်း ရောဂါ ရှိတဲ့ လူတွေမှာ ပိုနည်းတတ်ပါတယ်။ SP O2 ကျသွားရင် လူနာဟာ မောလာ ကျပ်လာ ပြာနှမ်းလာတတ်ပါတယ်။ အဲ့သလို SP O2 ကျတာကို hypoxia လို့ခေါ်ပါတယ်။ နောက် hypoxia ထက်ပိုဆိုးတဲ့ အနေအထားကိုတော့ hypoxiemia လို့ခေါ်ပါတယ်။

ကိုဘစ်လူနာတွေမှာ SP O2 ကျတာ ဆိုးပါတယ်။ hypoxiemia မှ happy hypoxiemia လို့တောင် ခေါ်ပါတယ်။ ဘာလို့ happyလို့ ပြောသလည်းဆိုတော့ ရောဂါ လက္ခဏာ မပြလို့ (silent) မောကျပ်လာတာမရှိတာမို့ လူနာက အေးဆေး ဖြစ်နေလေတော့ happy hypoxiemia လို့တင်စားတာပါ။ ရောဂါလက္ခဏာသာ မပြတယ် ။ လူနာကသာ ကောင်းနေတယ် ဆိုပေမည့် တကယ်က အခြေအနေတော့ မကောင်းပါဘူး။ အဲ့တာကြောင့် ကိုဘစ်လူနာတွေကို fever clinicတွေက ဖျားရင် အိမ်မှာ ဆက်ကု လို့ မှာပေမည့် လူနာဘက်က SPO2…93%အောက် ကျသွားတာနဲ့ ငါတို့ ဆေးရုံပြေးရတော့မယ် ဆိုတာကို သိနားလည်ရပါမယ်။ ဒီနေရာမှာ ကျမပြောချင်တာက ခေတ်စားနေတဲ့ post ထဲက သေ သွားတဲ့ အန်တီဟာ နေကောင်းလို့အိမ်မှာ ခွေးနဲ့ ကစားနေရင်းနဲ့ SPO2..80 %အထိကျသွားတယ်လို့ ရေးထားပါတယ်။ ကျမပြောတဲ့ silent hypoxiemia / happy hypoxiemia ဝင်နေတာ ကို သူတို့ SPO2 စက်ရှိနေရက်နဲ့ မသိခဲ့ကြတာပါ။ သနားစရာ သိပ်ကောင်းပါတယ်။

အဲ့တော့ တစ်ခု ထပ်မှတ်ပေးပါ။ SP O2,…93%ဆို ဆေးရုံ တက်ရမှာနော်။ ..ထပ်ပြောပါ့မယ်။ SP O2 ..93% ဆို ရောဂါ ပြင်းထန် severe အဆင့် သတ်မှတ်ပါပြီ။ ဆေးရုံတက်လာရင်လည်း ဆေးရုံမှာ oxygen ရူကြရမှာမို့ အိမ်မှာပဲ စက်ဝယ်ရူမယ် မရဘူးလားလို့ မေးရင်တော့ မရဘူးပဲ ဖြေရပါမယ်။ သာမာန်မောကျပ်တဲ့ လူနာကို ပေးတဲ့ oxygen နဲ့ ကိုဘစ်မှာ ပေးတဲ့ O2 ဟာ ပြင်းအားမတူပါဘူး။ ကိုဘစ်ပိုးဟာ oxygen သယ်ဆောင်မှုကိုရော ဖြန့်ဝေပို့ချမှုကိုပါ ဖျက်ပစ်တဲ့အတွက် အဲ့ဒီ happy hypoxiemia အတွက် high flow oxygen ပေးတါ ပိုကောင်းပါတယ်။ Air sep လို့ ခေါ်တဲ့ oxygen concentrator တွေနဲ့covid ကသိပ်အလုပ်မဖြစ်ဖူးလို့ ကိုဘစ်ပါရဂူ မေ့ဆေးဆရာဝန်သူငယ်ချင်းက တော့ ကျမကို မှာထားပါတယ်။ သို့ပေသိ oxygen အိုးဆိုသည်မှာလည်း တစ်လုံးကို ပေးထါးရင် ကြာချိန် ခဏလောက်အတွင်း ကုန်သွားတတ်ပါတယ်။ အဲ့တာကြောင့် ကိုဘစ်ခေတ်မှာ oxygen ပိုက်လိုင်း ဘယ်နှစ်လိုင်းတပ်ဆင်ထားသော ဆေးရုံ ဆိုပြီးတော့တောင်ကြွားပြောတာ ကြားလာရတာပါ။

ထပ်ပြောပါမယ်။ ကိုဘစ်လူနာဟာ oxygen ရူရင် SPO2. Level ကိုလိုက်ပြီး high conentrated oxygen ကို သုံးတာမို့ air sep ထက်စာရင် cylinder သုံးသင့်တယ်။ cylinder ကလည်း ခဏပဲခံလို့ ပိုက်လိုင်းရှိတဲ့ ဆေးရုံဆိုပိုကောင်း တယ် ဆိုတာလေးလည်း မှတ်ထားပါနော်။ အရင်နေ့က post မှာ သူ့အမေနားကို ဆရာမ ရောက်လာပြီးမှ စက်ကို ဘာလုပ်လိုက်လည်းမသိဘူး..စက်က အသံထွက်လာတယ် အရင်က oxygen မထွက်ဖူး နေမယ်ဆိုတာ ကျမအထင်တော့ လူနာ ပိုမောနေတယ် ပြောလို့ oxygen ကို high flow ဖြစ်အောင်မြှင့်ပေးလိုက်လို့ စက်အသံပြင်းလာတာ ဖြစ်ပါလိမ့်မယ်။ အဲ့တာကို သေဆုံးသူရဲ့ သမီးက အခုမှ oxygen စထွက်တယ် ထင်သွားတာ နေပါလိမ့်မယ်။ အခုလို ကျမ ယှဉ်ပြီး ရေးပြနေတာ သေသူနဲ့ သူ့မိသားစုကို နစ်နာစေချင်တဲ့စိတ်နဲ့မဟုတ်ဖူးနော်။ စာဖတ်သူတွေ မှတ်မိလွယ်ဖို့ နားလည်လွယ်ဖို့ ယှဉ်ရေးပြတာ ဆိုတာ နားလည်ပေးပါရှင့် ။ နက်ဖြန်ဆက်ရေးပါ့မယ်နော်။ အများကြီး တခါတည်း ရေးလိုက်ရင်လည်း မမှတ်မိမှာ စိုးလို့ပါ။

Dr.Myat Thant
AYA Covid Center B

zawgyi

ဒီရက္ပိုင္း ေဖ့ဘုတ္ ေပၚမွာ ကိုဘစ္နဲ႔ ေသဆုံးတဲ့ သူေတြ ရဲ႕ က်န္ရစ္သူ မိသားစုေတြက မေက်မနပ္ ေရးတဲ့စာေတြ ေဖ့ဘုတ္ ေပၚတက္လာပါတယ္။ ထုံးစံအတိုင္း က်န္းမာေရး ဝန္ထမ္းေတြကို မေက်နပ္တဲ့ အသံေတြဆူညံလို႔ေပါ့။ သူတို႔ရဲ႕မိဘ ေဆြမ်ိဳးေသဆုံးမႈေတြမွာ ျဖစ္သင့္တာေတြ လုပ္သင့္တာေတြ မလုပ္လိုက္ရေလခ်င္းဆိုၿပီး စိတ္နာၿပီး ေရးထားၾကတာပါ။ ဒီေနရာမွာ က်မေျပာခ်င္တာက က်န္ရစ္သူ မိသားစုရဲ႕ ဆုံးရႈံးမႈကို ကိုယ္ခ်င္း စာႏိုင္ပါတယ္။ ကိုယ္ကိုယ္တိုင္လည္း အေဖလည္း ဆုံးဖူးသလို ေယာက်ားလည္းေသဖူးပါတယ္။ သားသားငယ္ငယ္က ေနမေကာင္း ခဏခဏျဖစ္တတ္လို႔ အေမေနရာကလည္း ပူပင္တတ္ပါတယ္။ ဒါေပမည့္ ကိုယ္၌က က်န္းမာေရး ဝန္ထမ္းျဖစ္ခဲ့ဖူးေလေတာ့ အခုကာလ အက်ပ္အတည္းထဲက သူတို႔ရဲ႕အေနအထားကိုလည္း မွန္းဆမိေနတာမို႔ ဒီစာကို ၾကားခ်ၿပီး ေရးမွာပါ။

အခုေခတ္မွာ လက္သည္းထိပ္မွာ တိုင္းတာတဲ့ စက္ေလး ေတြ႕ဖူးၾကပါလိမ့္မယ္။ Pulse Oxymeterလို႔ ေခၚပါတယ္။ ေသြးလည္ပတ္မႈအတြင္း oxygen O2 ကိုတိုင္းတာ (SP O2 လို႔ေခၚပါတယ္) အေရးႀကီးတဲ့ အခန္း က႑မွာ ပါ ပါတယ္။..ျပန္ေျပာပါ့မယ္။ SP O2 တိုင္းတဲ့စက္ Pulse oxymeterပါ။ ဘာကိုရည္ၫႊန္းတာလည္း ဆိုရင္ အသက္႐ူသြင္းလိုက္တဲ့ oxygen ကို ေသြးက ၁။သယ္ေဆာင္သြားၿပီး၂။ လိုအပ္တဲ့ ႂကြက္သား/Muscle ေတြဆီကို ေရာက္သည္အထိ ပို႔ေပးခဲ့သည့္ oxygen % လို႔ ေျပာတာပါ။ ပုံမွန္ လူေကာင္း တစ္ေယာက္မွာဆို လက္ထိပ္ေလး မွာ စက္နဲ႔တိုင္းတဲ့ အခါ SP O2 က 97 -100 %ခန္႔ရွိတတ္ပါတယ္။ အဆုပ္နဲ႔ပက္သက္ နာတာရွည္ေရာဂါရွိတဲ့လူေတြ..ေသြးေၾကာက်ဥ္း ေရာဂါ ရွိတဲ့ လူေတြမွာ ပိုနည္းတတ္ပါတယ္။ SP O2 က်သြားရင္ လူနာဟာ ေမာလာ က်ပ္လာ ျပာႏွမ္းလာတတ္ပါတယ္။ အဲ့သလို SP O2 က်တာကို hypoxia လို႔ေခၚပါတယ္။ ေနာက္ hypoxia ထက္ပိုဆိုးတဲ့ အေနအထားကိုေတာ့ hypoxiemia လို႔ေခၚပါတယ္။

ကိုဘစ္လူနာေတြမွာ SP O2 က်တာ ဆိုးပါတယ္။ hypoxiemia မွ happy hypoxiemia လို႔ေတာင္ ေခၚပါတယ္။ ဘာလို႔ happyလို႔ ေျပာသလည္းဆိုေတာ့ ေရာဂါ လကၡဏာ မျပလို႔ (silent) ေမာက်ပ္လာတာမရွိတာမို႔ လူနာက ေအးေဆး ျဖစ္ေနေလေတာ့ happy hypoxiemia လို႔တင္စားတာပါ။ ေရာဂါလကၡဏာသာ မျပတယ္ ။ လူနာကသာ ေကာင္းေနတယ္ ဆိုေပမည့္ တကယ္က အေျခအေနေတာ့ မေကာင္းပါဘူး။ အဲ့တာေၾကာင့္ ကိုဘစ္လူနာေတြကို fever clinicေတြက ဖ်ားရင္ အိမ္မွာ ဆက္ကု လို႔ မွာေပမည့္ လူနာဘက္က SPO2…93%ေအာက္ က်သြားတာနဲ႔ ငါတို႔ ေဆး႐ုံေျပးရေတာ့မယ္ ဆိုတာကို သိနားလည္ရပါမယ္။ ဒီေနရာမွာ က်မေျပာခ်င္တာက ေခတ္စားေနတဲ့ post ထဲက ေသ သြားတဲ့ အန္တီဟာ ေနေကာင္းလို႔အိမ္မွာ ေခြးနဲ႔ ကစားေနရင္းနဲ႔ SPO2..80 %အထိက်သြားတယ္လို႔ ေရးထားပါတယ္။ က်မေျပာတဲ့ silent hypoxiemia / happy hypoxiemia ဝင္ေနတာ ကို သူတို႔ SPO2 စက္ရွိေနရက္နဲ႔ မသိခဲ့ၾကတာပါ။ သနားစရာ သိပ္ေကာင္းပါတယ္။

အဲ့ေတာ့ တစ္ခု ထပ္မွတ္ေပးပါ။ SP O2,…93%ဆို ေဆး႐ုံ တက္ရမွာေနာ္။ ..ထပ္ေျပာပါ့မယ္။ SP O2 ..93% ဆို ေရာဂါ ျပင္းထန္ severe အဆင့္ သတ္မွတ္ပါၿပီ။ ေဆး႐ုံတက္လာရင္လည္း ေဆး႐ုံမွာ oxygen ႐ူၾကရမွာမို႔ အိမ္မွာပဲ စက္ဝယ္႐ူမယ္ မရဘူးလားလို႔ ေမးရင္ေတာ့ မရဘူးပဲ ေျဖရပါမယ္။ သာမာန္ေမာက်ပ္တဲ့ လူနာကို ေပးတဲ့ oxygen နဲ႔ ကိုဘစ္မွာ ေပးတဲ့ O2 ဟာ ျပင္းအားမတူပါဘူး။ ကိုဘစ္ပိုးဟာ oxygen သယ္ေဆာင္မႈကိုေရာ ျဖန္႔ေဝပို႔ခ်မႈကိုပါ ဖ်က္ပစ္တဲ့အတြက္ အဲ့ဒီ happy hypoxiemia အတြက္ high flow oxygen ေပးတါ ပိုေကာင္းပါတယ္။ Air sep လို႔ ေခၚတဲ့ oxygen concentrator ေတြနဲ႔covid ကသိပ္အလုပ္မျဖစ္ဖူးလို႔ ကိုဘစ္ပါရဂူ ေမ့ေဆးဆရာဝန္သူငယ္ခ်င္းက ေတာ့ က်မကို မွာထားပါတယ္။ သို႔ေပသိ oxygen အိုးဆိုသည္မွာလည္း တစ္လုံးကို ေပးထါးရင္ ၾကာခ်ိန္ ခဏေလာက္အတြင္း ကုန္သြားတတ္ပါတယ္။ အဲ့တာေၾကာင့္ ကိုဘစ္ေခတ္မွာ oxygen ပိုက္လိုင္း ဘယ္ႏွစ္လိုင္းတပ္ဆင္ထားေသာ ေဆး႐ုံ ဆိုၿပီးေတာ့ေတာင္ႂကြားေျပာတာ ၾကားလာရတာပါ။

ထပ္ေျပာပါမယ္။ ကိုဘစ္လူနာဟာ oxygen ႐ူရင္ SPO2. Level ကိုလိုက္ၿပီး high conentrated oxygen ကို သုံးတာမို႔ air sep ထက္စာရင္ cylinder သုံးသင့္တယ္။ cylinder ကလည္း ခဏပဲခံလို႔ ပိုက္လိုင္းရွိတဲ့ ေဆး႐ုံဆိုပိုေကာင္း တယ္ ဆိုတာေလးလည္း မွတ္ထားပါေနာ္။ အရင္ေန႔က post မွာ သူ႔အေမနားကို ဆရာမ ေရာက္လာၿပီးမွ စက္ကို ဘာလုပ္လိုက္လည္းမသိဘူး..စက္က အသံထြက္လာတယ္ အရင္က oxygen မထြက္ဖူး ေနမယ္ဆိုတာ က်မအထင္ေတာ့ လူနာ ပိုေမာေနတယ္ ေျပာလို႔ oxygen ကို high flow ျဖစ္ေအာင္ျမႇင့္ေပးလိုက္လို႔ စက္အသံျပင္းလာတာ ျဖစ္ပါလိမ့္မယ္။ အဲ့တာကို ေသဆုံးသူရဲ႕ သမီးက အခုမွ oxygen စထြက္တယ္ ထင္သြားတာ ေနပါလိမ့္မယ္။ အခုလို က်မ ယွဥ္ၿပီး ေရးျပေနတာ ေသသူနဲ႔ သူ႔မိသားစုကို နစ္နာေစခ်င္တဲ့စိတ္နဲ႔မဟုတ္ဖူးေနာ္။ စာဖတ္သူေတြ မွတ္မိလြယ္ဖို႔ နားလည္လြယ္ဖို႔ ယွဥ္ေရးျပတာ ဆိုတာ နားလည္ေပးပါရွင့္ ။ နက္ျဖန္ဆက္ေရးပါ့မယ္ေနာ္။ အမ်ားႀကီး တခါတည္း ေရးလိုက္ရင္လည္း မမွတ္မိမွာ စိုးလို႔ပါ။

Dr.Myat Thant
AYA Covid Center B