ဆယ်တန်း ကျောင်းသူလေးတဦး ရဲ့ ရင်နင့်ဖွယ် ပရလောက ဖြစ်ရပ်

ဆယ်တန်း ကျောင်းသူလေးတဦး ရဲ့ ရင်နင့်ဖွယ် ပရလောက ဖြစ်ရပ်

ညောင်ပင်တန်းရွာမှ ကျောင်းဆရာကိုတင်လှနှင့် မထားမေတို့မှာ ရွှေစင် ဆိုတဲ့ သမီးချောလေး ရှိတယ် တစ်ဦး တည်းသောသမီးလေးပေါ့။ ရွှေစင်ဆိုတဲ့အတိုင်း တောသူပေမယ့် အသားဝင်းဝါ ပြီး ရွှေစင်ရုပ်လေးသမျှ လှပချောမောလေရဲ့ ရွှေစင်လေးဟာ ရုပ်ချောရုံသာမက စာပေက လည်းတော်တယ် ကြိုးလည်းကြိုးစားရှာတယ် ခုဆိုရွှေစင်လေးဟာ တက္ကသိုလ် ဝင်တန်းဖြစ်တဲ့ ဆယ်တန်းကျောင်းသူကြီးဖြစ်ခဲ့ပြီ။

ကျောင်းဆရာ ကိုတင်လှတို့ ရွာဟာ ဟိုးယခင်က မူလတန်းထိပဲရှိတယ် နောက်ပိုင်း ကျောင်းနေ ကလေးများလာတာရယ် ကလေးတွေရဲ့ကြိုးစားအားထုတ်မှု့ကြောင့် အလယ်တန်းကျောင်းဖြစ်လာခဲ့တယ် ခုဆို အ.ထ.က ခွဲ ကျောင်းဖြစ်ခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီ နဝမတန်းနဲ့ ဒသမတန်းကိုမူ ရွာရှိ ဆရာ /မ များက အပြင် ကျူရှင်လေး ဖွင့်ပေးထား လေတယ် မြို့မှာလို guit တွေ ဝိုင်းတွေရှိဘူးလေ နဝမတန်းကိုတော့ ဆရာမ ဒေါ်ဖြူဖြူသက်အိမ်မှာ ဖွင့်ပြီး ဒသမတန်းကိုမူ ဆရာကိုတင်လှ အိမ်မှာဖွင့်ထားတယ် ကျူရှင်ကို မနက်ည ဖွင့်တယ် တစ်ဘာသာတစ်ယောက်နှုန်းနဲ့ ပေါင်းခြောက်ယောက်ပေါ့ ဒီနှစ်တော့ ညကိုက်ဆရာမပါခေါ် ထားတယ်။

ကျောင်းဆရာ ကိုတင်လှရဲ့ ဇနီးဖြစ်သူ မထားမေ ကလည်း ပညာရေးကို လည်းအားပေးသူဖြစ်တယ် သူကိုယ်တိုင်ကတော့ ငယ်စဉ်က ကျောင်းမနေခဲ့ရ သမီးကိုလည်းတော်စေချင်သည် သမီးဖြစ်သူကလည်းစာကြိုးစားတော့ မိန်းမသားပီပီ ကြွားဝါစိတ်လေးလည်းရှိတာပေါ့ သမီးဖြစ်သူကိုလည်း စာမတရားကျတ်ခိုင်းတာ ဆရာဝန်မကြီးဖြစ်အောင်တဲ့လေ ရွှေစင်လေးလဲကျတ်ရှာပါတယ် တစ်ရွာကျော်မှ ကိုတင်လှ ညီမရဲ့သမီးလေး သက်ထားလည်းဒီနှစ်ဆယ်တန်းမို့ ရွှေစင်တို့ အိမ်မှာပဲ နေတယ် ကျူရှင်လည်းတူ ကျောင်းလည်းတူ စာကျတ်လဲတူတဲ့ အဖော်ပေါ့။

ရွှေစင်လေးဟာ လပတ်တိုင်း ပ ဒု အမြဲရတယ် အမြဲလဲ သက်ထားထက်သာတယ် သက်ထားနဲ့ရွှေစင်က အပြိုင်အဆိုင် မရှိပါဘူး ကိုယ်ကျတ်မှကိုယ်ရမယ်လို့သဘောထားတဲ့သူတွေလေ But မထားမေကတော့ ရွှေစင်လေးကို အမြဲတစ်ရ စေချင်တယ် ဒါကတော့မိဘတိုင်းရဲ့စေသနာပါ မထားမေက ပိုဆိုးတယ် သက်ထားလေးနဲ့ ရွှေစင်လေးကိုယှဉ်ပြီး မတရားပြိုင်တာ လူဆိုတဲ့အမျိုးက ကျောက်ဆစ်ရုပ်မှမဟုတ်တာ သွေးနဲ့သားနဲ့တည်ဆောက် ထားတဲ့ သူတွေလေ ဖျားတာနာတာရှိတာပေါ့ ဒီလိုနဲ့ ဆောင်းလကုန် ဒီဇင်ဘာလမှာ ရွှေစင်လေး အအေးပတ်ပြီး ဖျားတယ် စာမေးပွဲဖြေ တော့ ဆေးထိုးပြီး သွားသွားဖြေရတယ် လပတ် ရလဒ်ထွက်လာတော့ ရွှေစင်လေးက တတိယရပြီး သက်ထားက ဒုတိယရတယ် ဖခင် ကိုတင်လှနဲ့ ဆရာ /မတွေက ရွှေစင်လေးအမှတ်ကျတာ အဆင့်ကျတာ မဆူဘူးလေ

”မေမေ သမီးကိုရီပို့တ်ကဒ် လက်မှတ် ထိုးပေးဦးလေ ” ”အေး ပေးသမီး” ”ဒီမှာ ” ”ဟမ် မိရွှေစင် ညည်း သုံးတောင်ရတယ် ဟုတ်လား အမလေးဟယ် သက်ထားတောင် နှစ်ရတယ် ညည်းဟယ် ငါ စာကျတ်ပါစာကျတ်ပါအမြဲပြောတာကို နားမထောင်ဘူး” ပါးစပ်ကလည်းပြော ဗိုက်ခေါက်လဲဆွဲလိမ်လေ ရဲ့ ”အားးးးးး နာတယ် မေမေရယ် သမီးနောက်ကြိုးစားပ့ါမယ် တိုးတိုးပြောပါနော်”

”အောင်မယ် ညည်းကများငါ့ကို ညည်းအချိုး မပြေလို့ပြောနေရတာ သောက်ရှက်ကိုမရှိဘူး ငါကတော့ရှက်တယ်အေ ကိုယ့်အိမ်မှာလာနေတဲ့သူ သက်ထားတောင် ဒုတိယတဲ့ ပြီးကျူရှင်ကလည်း ကိုယ့်အိမ်မယ် ဖအေကလည်းကျောင်းဆရာ ” ”မေမေရယ် တိုးတိုးပြောပါနော် သူများတွေကြားကုန်ပါ့မယ် သမီးကြိုးစားပါ့မယ် နောက်မဖြစ်စေရပါဘူး နော် မေမေနော် ဟင့်င့်င့်င့်” ”ပြောမှာ ပြောအောင်ညည်းလုပ်တာလေ ပြောလိုက်ရင် မျက်ရည်နဲ့မျက်ခွက် ငါရွာထဲလိုက်ပြောထားတာ ကျွန်မသမီးက အတော်ဆုံး ဆရာဝန်မကြီးဖြစ်မှာလို့ ခုတော့ ငါအရှက်ကွဲံပြီ အဲ့တာ ညည်းကြောင့် သွားတော့ ငါရွာပိုင်း သွားစရာရှိသေးလို့ ညည်းမျက်ခွက်ကိုပြင်ပြီးမှ စာသွားသင်သွားသင်”

ညနေကျူရှင် လွှတ်ချိန် ”မထားမေ ရွှေစင်လေး ကော ” ”ဘာဖြစ်လို့လဲဆရာမ ကျွန်မလည်းခုမှ ရွာတောင်ပိုင်းက ပြန်လာတာမို့” ”သြော် ဘာရယ် ဟုတ်ပါဘူး ကလေး စာလာမသင်လို့ ဘာဖြစ်လို့လဲ မေးတာပါ” ”ရှမ် စာလာမသင်ဘူး ဟုတ်လားဆရာမ သူ့ကိုဘာမှ မခိုင်းပါဘူး ” ”ဟုတ်ပါပြီ ထားပါတော့ မိုးချုပ်သွားမှာစိုးလို့ပြန်ဦးမယ်နော်” ”ဟုတ်ကဲ့ဆရာမ ” ”မိရွှေစင် ရွှေစင် မိရွှေစင် ညည်းငါခေါ်တာမကြားဘူးလား ”

”ဒေါ်လေး ရွှေစင်အိမ်မှာမ ရှိဘူး သမီးရှာပြီးပြီ ” ”ဒါဆို ဒီကောင်မလေးဘယ်သွားလဲ ကိုတင်လှကော” ”ဦးလေးလဲ စာသွားသင်တာ ပြန်မလာသေးဘူးလေ” ”’ထားရေ ထား” ”ဟော ပြန်လာပါ့ပီ ဦးလေး’ ”ဘာဖြစ်နေကြတာလဲ ဒီတူဝရီး” ”တော့်သမီး ဒီညနေစာမသင်ဘူးတဲ့ ခုအိမ်မှာလဲမရှိဘူး ဘယ်သွားနေတယ်မသိဘူး” ”ဒေါ်လေးဆူလိုက်လို့များလား” ”မင်းဆူလိုက်သေးလို့လား” ”ဟုတ်တယ် ညနေက ကျွန်မဆူလိုက်သေးတယ် အဆင့်ကျလို့ဆိုပြီး” ”မင်းကဖြစ်ရမယ် နေနေ အိမ်မှာလုပ်စရာရှိတာလုပ် ငါသွားရှာမယ် တင်ထားကော ရောက်ပြီလား” ”ဆရာမက နက်ဖန်မှပြန်ရောက်မယ် ပြောသွားတယ် ဦးလေး” ”အေအေး ငါရွာထဲသွားရှာလိုက်ဦးမယ်”

”မလှရေ့ မလှ” ”ဝေ့ ကျောင်းဆရာ လာလေ” ”မလာတော့ဘူးလေ ကျွန်တော့သမီးလေးများတွေ့မိလားလို့’ ”မတွေ့မိပါ ဘူးကွယ် မင်းက လည်းမိုးချုပ်မှရှာရတယ်လို့” ‘ ဟုတ်ပါတယ်ဗျာ ကဲ ကျွန်တော်သွားပြီ ဟိုးဘက်ပတ်ရှာလိုက်ဦးမယ်” ” အေအေး ငါတွေ့ရင်လည်းပြောလိုက်ပါ့မယ်” ”ဟုတ်ကဲ့ သွားပြီ” ”ကိုရင်မြ ကျွန်တော့သမီးလေးများတွေ့မိလား ‘ ”ရွှေစင်ကိုပြောတာလား” ”ဟုတ်တယ်လေ တွေ့မိလို့လား” ”မတွေ့မိပါဘူး ကလေးကဘယ်သွားလို့လဲ ‘ ”ညနေက သူ့အမေဆူလိုက်တာလေ အဲ့ ခုဘယ်ထွက်သွားမှန်မသိဘူး” ”သြော် ဖြစ်ရမယ် ရွာထဲပဲရှိမှာပါ သူ့သူငယ်ချင်းတွေ အိမ်မေးကြည့်ပါဦးကွ” ”ဟုတ် တွေ့ရင်ပြောပါဦးဗျာ ကျွန်နော်ဆက်လာလိုက်ဦးမယ်” ”အေအေး မြန်ုမြန်သွား မှောင်နေပြီ” ”ဟုတ်ကဲ့ သတိပေးလို့ ကျေးဇူးပဲဗျာသွားပြီ”

” ဆုမေ ရေ ဆုမေ” ”ရှမ် ဆရာ လာလေ ” ”မလာတော့ပါဘူး သမီးသူငယ်ချင်းများ ဒီလာသေးလားလို့ ” ”ဘယ်သူလဲ ဆရာ ” ”ဆရာ့သမီး ရွှေစင်ပါကွယ်” ”ဟုတ် မတွေ့မိဘူးဆရာ ” ”သြော် အေ တွေ့ရင်ပြောပါဦး” ” ဟုတ်ကဲ့ဆရာ’ ”အေးဆရာသွားပြီ” ”ဟုတ်ကဲ့ဆရာ သမီးတွေ့ရင်ပြော ပါ့မယ်” ဒီလိုနဲ့ ကိုတင်လှတစ်ယောက် ရွာထဲပတ်ရှာပေမယ့် အတွေခဲ့ဘူး ညည့်နက်လှပြီမို့ အိမ်ပြန်ခဲ့တယ် ”ထားရေ မင်းသမီးပြန်ရောက်လာပြီလား” ”မရောက်သေးဘူး တော် မတွေ့ခဲ့ဘူးလား ဘယ်သွားနေလဲမသိပါဘူး စိတ်လိုက်တာ”

” ဦးလေး ပြန်လာပြီလား ရွှေစင့်ကိုတွေ့ခဲ့လား” ”မတွေ့ခဲ့ပါဘူး သမီးရယ် ” ”ဘယ်များသွားနေပါလိမ့် ရွှေစင်ရယ်” ” စိတ်ထဲမထားနဲ့ သမီးညီမက ပြန်လာမှာ သွားကိုယ့်စာကိုယ်သွားကျတ်တော့ စာမေးပွဲကနီးနေပြီ” ”ဟုတ် ဦးလေး” ”မိန်းမ မင်းသမီးကိုဆူရုံပဲဆူတာလား” ”ဗိုက်ခေါက်ဆွဲ လိုက်သေးတယ် အဆင့်ကြည့်ပြီးဒေါသဖြစ်သွားတာ ဒီလိုမှန်းသိရငိ ကျွန်မ မဆူ ပါဘူး သမီးလေးကျွန်မကိုများစိတ်ဆိုးသွားပြီလားမသိပါဘူး ဟီးးးးး ” ”တော်ပါတော့ ထားရယ် မနက်ကျသူပြန်လာမှာပါ” ” ပြန်မလာရင်ကော သမီးလေးက အရှက်အကြောက်ကြီး တယ်ရှင့် ကျွန်မလေ သမီးလေးကိုဆူတော့ မျက်ရည်ကိုများကျလိုက်တာ ရွဲလို့ကျွန်မ မှားတာပါ ဟင့်ငိ့င့်” ”တော်ပါတော့ဟာ မနက်သမီးပြန်လာမှာပါ”

မနက်သာလင်းလို့ ညနေကူးခဲ့ပြီ ရွှေစင်က ပြန်မလာ ရွာပတ် ဝန်းကျင်တိုင်ရှာပေမယ် မတွေ့ ညဘက်စာကြည့်ပေးတဲ့ ဆရာမ တင်မေတောင် ညနေ စောင်း ရွှေစင်တို့အိမ်ပြန်ရောက်ခဲ့ပြီ ”ဆရာမရယ်ခရီး ရောက်မဆိုက်ကျွန်မပြောရဦးမယ်” ”ကျွန်မ ရွာအဝင်ထဲက ကြားပြီးပါပြီ မထားမေ” ”အဲ့ ကျွန်မ အမှားပေါ့ရှင်” ”ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲတော်” ညဘက် ကလေးတွေစာကျတ်ဝိုင်း 10:30 သိမ်းအပြီး အိမ်ရှေ့ခန်းတွင် မိသားစု အစုံလင် ထိုင် လက်ဖကိစားနေကြစဉ်(ရွှေစင်မပါ) မီးဖိုထဲမှ ခွမ်း ဂလွမ် ”ဟင် မီးဖိုထဲမယ် အိုးသံပန်းကန်သံကြားနေရပါလား ဘယ်သူလဲ သွားကြည့်ပါဦး ” ”သမီးသွားမယ်” ”နေနေ ငါ့တူမ ဦးလေးသွားမယ်”

‘မီးဖိုထဲမယ် ဘာမှမရှိပါဘူးဟ” ”အဲ့ဆို ကြောင်တက်တာနေမှာပါတော်” ခဏအကြာ ”ဒုန်း ဒုန်း ဂလောက်” ”ဟင် ဒါရွှေစင့် အခန်းတံခါးပိတ်သံ ” ”အူအူ ဝုတ် ဝုတ် ဝုတ် ဝုတ်ဝုတ်အူအူအူ ”ဟင် ဒီညမှ ခွေးတွေကလည်းဘာလို့အုတာလဲမသိဘူး ” ”အကောင်တစ်ကောင်ကောင်တွေလို့နေမှာပါ” ”တော်ကသိလို့လား ခွေးတွေက ကျုပ်တို့အိမ်ဘက် လှည့်အူနေတာလေ’ ”အဲ့ဆို ရွှေစင် အိမ်ပြန်လာတာနေမှာ” ”ဟင်” သုံးယောက်သားပြိုင်တူ ပဲ နောက် ရွှေစင့်ဖခင်က ဆရာမကို ”ဆရာမက ဘယ်လိုသိလဲ” ”ကျွန်မ စဉ်းစားမိသလောက် ကတော့ စောနက မီးဖိုထဲကအသံကြားတာကစတာပဲ ရွှေစင်က စာသင်ပြီးမှ ညစာ ထမင်းစားတယ် ပြီး သူ့အခန်းဝင် တံခါးဂျကိချပြီး စာကျတ်တယ် မနက်မှအခန်းထဲကပြန်ထွက်တယ် ခုမယုံ ရွှေစင် အခန်းတံခါးသွားကြည့်ချေ”

ဟုတ်ပါတယ် သွားကြည့်တော့ အခန်းက အထဲကဂျက်ထိုးထားလို့ဖွင့်မရ ညနေကထိ ဖွင့်ထားတဲ့အခန်းပါ ခုမှ ”ဆရာမ သမီး ဒီည ဆရာမနဲ့ အိပ်မယ်နော် ” ”သမီးသဘောပါ သြော်မေ့တော့မလို့ ခုကိစ္စမနက်ဘယ်သူမှမပြောပါနဲ့ ကလေးတွေလန့်ကုန်မစိုးလို့ပါ” ”ဆရာမပြောတာမှန်တယ် သမီးကြားလား” ”ဟုတ်ဒေါ်လေး သမီးမပြောပါဘူး” ”အေအေး စာသွားကျက်တော့” ”ဟင်အင်း မနက်မှကျတ်တော့မယ် ကြောက်လို့” ”အဲ့ဆိုလဲ သွားအိပ်ချေတော့” ”ဟုတ်ဒေါ်လေး” ထိုနေ့မှစကာ ညဘက်ဆို ခွေးတွေကလည်းအူ ရွှေစင်ရှိနေစဉ်ကလို မီးဖိုထဲ အသံဗလံကြားရ လှေခါးမှ အဆင်းအတက်ပြုလုပ်သံကြားရ အိမ်သာသွားသူငယ်ချင်းတွေက တွေ့တယ်ပြော အခန်းတံခါး ဆောင့်ပိတ်သံကြားရ သုံးရက်မြှေက်နေ့တော့ ကလေးတွေမလာရဲကြတော့ဘူး အဲ့နဲ့ ညဘက် စာကျတ်ချိန်ကို ကလေးတွေကိုကျူရှင် ငါးရက်ထိ ပိတ်ကာ နေ့ဘက် ကိုတော့ မပိတ် စာဆက်သက်လေရဲ့ ဒီလိုနဲ့ ရွှေစင်အိမ်ကပျောက်တာ ငါးရက်မြှောက်သောနေ့ဝယ်

” ဆရာ ဆရာ ဟောဟဲဟောဟဲ’ ”ဟ မောင်ခွေးတို့ပါလား ဘာလဲရန်ဖြစ်လို့လား” ”မ မဟုတ်ပါဘူး ဆရာ ရာ ဟောဟဲဟောဟဲ” ”ဟ ဒီလောက်ဟောဟဲ စိုက်နေတာ ပြောလေ ဘာဖြစ်လို့လဲ” ”ဒီလိုပါဆရာ ဟေ့ကောင် ငပေါက်မင်းပြောလိုက် ငါမပြောချင်ဘူး” ”ငါလဲ မပြောချင်ဘူး ဖိုးခွားမင်းပြောကွာ ” ”ငခွေး မင်းပြောလိုက်လေ မင်းအရင်တွေ့တာကို ” ”တယ် မင်း တို့တော့ နာတော့မယ် ပြော မောင်ခွေးမင်းပြော” ”ဟုတ် ဟုတ်ကဲ့ဆရာ သားတို့ ငါးယောက်ငါးမျှားဖို့ ရွာအနောက်ဘက်ကကန်ကိုသွားတာ… … …

”ဟျောင့် ဖိုးခွားဟိုးဘက်နားမှာ မျှားမယ် အဲ့နားက ငါးပိုရတယ်တဲ့ ကိုညှက်စိတို့ပြောတာ ငါကြားတယ်ကွ” ”အဲ့ဆိုသွားမယ်ကွာ ဟျောင့်တွေ ဟိုးဘက်ကမျှားကြမယ်ကွ” ”အေအေး လာပြီကွ” ”ဟျောင့်တွေ ကန်စပ်မှာဖိနပ်တစ်ရံကွ ဘယ်သူကိုင်းဆင်းထောက်နေလဲမသိဘူး” ‘ အေးကွ တို့စောတယ် မှတ်တာ တို့ထက်စောတဲ့ လူနဲ့လာတွေ့နေတယ်” ”ဟျောင့်တွေ နေဦးကွ ကိုင်းဆင်းထောက်တာမဖြစ်နိုင်ဘူး” ”ဘာလို့လဲ ဖိုးချွန်ရ” ”ဟိုမှာလေကွာ ဖိနပ်က မိန်းမဖိနပ်ကြီးကို ” ”အေးကွ အဲ့ဆို ရေဆင်းချိုးတာနေမှာ”

”ရေချိုးတာဆိုလဲ တို့တွေရှိကြောင်းအသံပေးလိုက်ကွာ” ”ကဲ တစ် နှစ် သုံးဆိုတာနဲ့ ပြိုင်တူ အော်မယ်” ”အေး မင်းရေ” ”တစ် နှစ် သုံး ကန်ထဲမှာဘယ်သူရှိလဲ ကျွန်တော်တို့ငါးမျှားဖို့လာပြီ ” ”ဟျောင့်တွေ မင်းတို့ဟာ ဟုတ်ကောဟုတ်ရဲ့လား ဘာသံမှလဲမကြားဘူး” ”အေးကွ ” ”ဒီလိုလုပ်ကွာ နောက်တစ်ခါ အသံပေးလို့မှ ပြန်မထူးရင် ငါ့တို့ ငါးဆင်းမျှမယ်ကွာ” ”အေး ဟုတ်တယ် ငခွေးပြောတာမှန်တယ်” ”ရေပြီနော် တစ် နှစ် သုံး ကန်ထဲမှာဘယ်သူလဲ ကျွန်တော်တို့ ငါးလာမျှားပြီ” ”တော်ပြီကွာ ကွကိုယ်သွားမျှားကြမယ်”

”အေ သွားမယ်ကွာ” ”ဟျောင့်တွေ ဟိုမှာ ဘာလဲကွ ယင်ကောင်တွေအော်နေတာ” ”ဘယ်မှာလဲ ငခွေးရ” ” ဟိုမှာလေ နီနီကြီးကို” ”အေး ဟုတ်တယ်ကွ သွားကြည့်မယ်” ”အေး သွားကြမယ်” … … … ”ဟင်” ”ဟာ” ”အမေ့” ငါးယောက်သားပြိုင်တူ အာမေဋိတ်သံတွေ ထွက်လာ တယ် ”ဟျောင့်တွေ ဒါ ဒါ ဆရာ့သမီး မမရွှေစင် မဟုတ်ဘူးလာ” ”ဟုတ်တယ်ကွ ဆရာ့ကိုသွားပြောကြမယ်” ”အေး မြန်မြန်သွားကြမယ်ကွာ ချောချမ်းစရာကြီး ” ”အမလေး မျက်နှာကြီးက ဖောင်းကားနေတာပဲ” ”အေးကွ လာကွာ ဆရာ့ကိုမြန်မြန်သွားပြောကြမယ်”

အဲ့ အဲ့ ဒါပါပဲဆရာ” ”ဟာ” ”ဟင်” ”အဲ့ဆို ကျွန်မ ကျွန်မသမီးလေးက သေပြီပေါ့ သမီးလေးရယ် ဖြစ်မှဖြစ်ရလေ အဲ့တာ အမေ့ကြောင့်ဖြစ်တာပါ အမေ့ကြောင့် ဟီးးးးး” ”လာ သွားကြမယ် လာ ဖိုးခွားမင်းတို့က ဆရာတို့ကိုလိုက်ပြ”” ဟုတ်ကဲ့ဆရာ ” ”ကို မောင်မြ မချို မောင်ငယ် ဦးတင်လတ် အားလုံး လိုက်ခဲ့ပါဦးတော် ကျွန်မ သမီးလေးလေ ရွာနောက်က ကန်ထဲမှာတဲ့ အဟီးးးးး” ”အေး ကွယ် လာပါပြီ သွားကြရအောင်” ဟုတ်ပါတယ် ရွှေစင်လေးဟာ သူ့အမေဆူတာကို သူငယ်ချင်းတွေကြားတယ် ကြည့်သွားတယ် အဲ့မျက်လုံးတွေကို ကြောက်ပြီး ရှက်ပြီး ကန်ထဲ ခုန်းဆင်းသွားခဲ့တာပဲ ဒါပေမယ့် သူဟာ သူ့ကိုယ်သူ သေမှန်းမသိပဲ အိမ်ပြန်ပြီး သက်ရှိတုန်းက အတိုင်း ထမင်းစားချိန်ထမင်းစား သူစာသင်ချိန်စာသင်နဲ့ သူနေ့စဉ်အလုပ်ကို လုပ်နေလေရဲ့

ရွှေစင်လေးဟာ ကန်ထဲမယ် ငါးရက်လောက်ကြာမှ တွေ့လို့ အိမ်ထောင်ပြန်သယ်နမရတော့ဘူး ပုတ်ပွနေလို့ လေ မျက်နှာဆို ဖောင်းကားလို့ ရေကန်နားမှာပဲ စင်ထိုးထားပြီး နေ့ချင်းပင် သုသာန်ကိုပို့လိုက်ရတယ် ကျောင်းမှ ဆရာမကြီးကလည်း အမိန့်စာပြန်တယ် ဆရာ/မတွေကော သူငယ်ချင်းတွေကောက ရွှေစင်လေး အတွက် ဝမ်းနည်း မျက်ရည် ကျကြတာပေါ့ ရွှေစင်လေးမိခင် မထားမေကတော့ ရင်ထုမနာပေါ့ သှူု့သမီးလေး ခုလိုဖြစ်တာ သူ့ကြောင့်ဆိုပြီးလေ် ဟုတ်ပါတယ် သူ့ကြောင့်လေ မိဘရဲ့ အတ္တကြောင့်ပေါ့ ခုနှစ်ရက်ပြည့်တရားနာပြီး ညဘက်မှာ မိဘ ဆရာ/မနဲ့ သူငယ်ချင်းတွေ ကိုတောင် နှုတ်ဆက်သွားသေးတယ် ရွှေစင်လေး ကောင်းရာသုဂတိ လားပါစေ

ပြီးပါပြီ။
အမှားပါလျှင်တောင်းပန်လျက်၊ ဝေဖန်ပေးပါဦးနော်၊
Phoo N

Add a Comment

Your email address will not be published. Required fields are marked *

12 + 18 =