ကိုရီးယား ဘုရားကျောင်းတွေဆီ တကျော့ပြန်လာတဲ့ ကူးစက်မှု နဲ့ လူစုလူဝေးကို ကြိုက်တဲ့ ကိုဗစ်

ကိုရီးယား ဘုရားကျောင်းတွေဆီ တကျော့ပြန်လာတဲ့ ကူးစက်မှု နဲ့ လူစုလူဝေးကို ကြိုက်တဲ့ ကိုဗစ်

ဘာသာရေး လူစုမှုတွေကြောင့် ကူးစက်မှုတွေ တကျော့ပြန်ဖြစ် လာတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား မှာ ယနေ့ အသစ် ၃၅ ယောက်တွေ့ရှိခဲ့ရာမှာ ၂၃ ယောက်က church ဘုရားကျောင်း ၁၃ ကျောင်းနဲ့ ဆက်နွယ်နေပါတယ်။ အဲ့ဒီ church ဘုရားကျောင်းတွေထဲမှာ ၁၁ ကျောင်းက အင်ချွန်းကဖြစ်ပြီး ဂျောင်ဂျီးက ၂ ကျောင်းဖြစ်ပါတယ်။

ကိုရီးယားကူးစက်ရောဂါ ထိန်းချုပ်ရေးရဲ့အဆိုအရ ကူးစက်မှု ဟာ church ကျောင်းအတွင်း ဆုတောင်းပွဲတွေနဲ့ ချီးကျူးပွဲတွေကနေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အခု church ဘုရားကျောင်း ၁၃ ကျောင်းမှာ တွေ့ပြီဖြစ်တဲ့အတွက် ဆုတောင်းပွဲသွားခဲ့သူတွေ၊ အနီးကပ်ထိတွေ့ခဲ့တဲ့သူတွေကို စုံစမ်းမှု လုပ်နေပါတယ်။

နောက်ထပ် ၉ ယောက်ကလည်း pastors group တရားဟော ဆရာအုပ်စုနဲ့ ဆက်နွယ်နေပြန်ပါတယ်။ အဲ့ဒီ တရားဟောဆရာ အုပ်စုဟာ ဂျောင်ဂျီး ပြည်နယ်က ဂန်ပို နဲ့ အန်ယန် ဒေသတွေက ဖြစ်ပါတယ်။ ကူးစက်မှုဟာ ဂျေဂျူးကျွန်း မှာ မေလ ၂၇ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေး လူစုမှုမှာ ဖြစ်ပုံရပါတယ်။

အဲ့ဒီလူစုမှုမှာ church ၁၂ ကျောင်းက အသင်းဝင် ၂၅ ယောက် ပါဝင် တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ church ကျောင်းတွေတစ်ခုစီကနေ ဆက်လက်ထိတွေ့မှုတွေကို ဆက်လက်စုံစမ်းနေပါတယ်။ မေလထဲမှာ church ဘုရားကျောင်းတွေကနေ ကူးစင်မှုကနေ ကိုဗစ်လူနာ ၇၄ ယောက်တွေ့ ခဲ့ပါတယ်။

ကိုရီးယားကူးစက်ရောဂါ ထိန်းချုပ်ရေးက ထုတ်ပြန်မှုမှာ အခုလတ်တလော ကိုဗစ် ကူးစက်ပြန့်ပွားမှုတွေကို….ကျမ်းစာလေ့လာသင်ကြားမှုများ၊ အပတ်စဉ်တွေ့ဆုံ ဆုတောင်းမှုများ၊ အခြားဘာသာရေးလူစုမှုများ၊ စတဲ့ ဘာသာရေးလူစုမှုတွေကနေ တွေ့နေရတဲ့အတွက် အထက်ပါ အစီအစဉ်တွေကို လူချင်း မျက်နှာချင်းဆိုင်တွေ့ဆုံမှုမရှိတဲ့ online ကို ပြောင်းစီစဉ်ဖို့ တိုက်တွန်းထားပါတယ်။

ဒီနေရာမှာ ကျနော်တို့ဟာ ဘယ်ဘာသာမှာဖြစ် တယ်လို့ “လုံးဝ” ခွဲခြားပြောလို့မရပါ။ မစော်ကားသင့်ပါ။ မည်သည့်ဘာသာမဆို ကိုဗစ်ကာလမှာ လူနည်းသည်များသည်ဖြစ်စေ လူစုလူဝေးလုပ်တာနဲ့ ကိုဗစ်က ချမ်းသာမှု လုံးဝပေးမှာမဟုတ်ပါဘူး။

ဘင်္ဂလားဒေ့ရှ်မှာ အကြီးအကျယ်ဖြစ်သွားတာ မျက်မြင် သက်သေပါ။ ယနေ့ ဘင်္ဂလားဒေ့ရှ်မှာ စုစုပေါင်း ၄၉၅၃၄ ယောက်ရှိသွားပါပြီ။ သေဆုံးသူ ၆၇၂ ယောက်ရှိသွားကာ နေ့စဉ်အသစ်တွေ့နှုန်း ၂၀၀၀ ကျော်လာပါပြီ။ ကိုဗစ် မပြီးခင်မှာ ဘင်္ဂလားဒေ့ရှ်မှာ အယောက်တစ်သိန်းကျော်သွား မှာသေချာပါတယ်။

ကိုဗစ် သည် လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားတာမို့ အခုအခြေအနေ ကောင်းသွားပြီဆိုပြီး စုရုံးစုရုံး ထလုပ်ရင် အခြေအနေဆိုးသွားမှာ ဖြစ်ကြောင်းသတိပေးပါရစေ။ ကိုရီးယားမှာ အခါခါဖြစ်နေတာ မြင်နေရတာမို့ သင်ခန်းစာယူကြဖို့ သတိပေးပါရစေခင်ဗျား။ ကိုဗစ်က… အေး..လူစုထား…ငါပြန်လာမယ်လို့ပြောနေသလိုပါပဲ။

Richard Myo Thant
(1-6-2020)

Add a Comment

Your email address will not be published. Required fields are marked *

19 − 17 =