ညီမလေးနဲ့ အတူ အမိုက်စား ကကွက်လေးတွေနဲ့ မြူးမြူးကြွကြွကခုန်ကာပျော်ရွှင်နေ တဲ့ နေခြည်ဦးရဲ့ Tik Tok Video လေး

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ခေတ်ရေစီးကြောင်းအတိုင်းလိုက်ကာ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်သူတစ်ယောက်ပဲ ဖြစ်ပြီး မိန်းကလေး ပရိသတ်တွေကလည်း သူမရဲ့ ဝတ်ပုံစားပုံတွေကို သဘောကျနေကြတာလည်း ဖြစ်ပါတယ်။

ချီချီဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ညီမလေးကိုပါ ပွဲဦးထွက်အနေနဲ့ သူမနဲ့အတူ ကြော်ငြာလေးတွေ ပါဝင်ရိုက်ကူးခိုင်းနေပြီပဲ ဖြစ်ပါတယ်။ စိမ်းလဲ့လေးကလည်း အစ်မဖြစ်သူရဲ့ ဆုံးမလမ်းညွှန်မှုတွေကြောင့် အခက်အခဲမရှိ သရုပ်ဆောင်နိုင်နေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း စိမ်းလဲ့နဲ့ ချီချီတို့ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီမလေးနဲ့အတူ အမိုက်စားကကွက်လေးတွေနဲ့ မြူးမြူးကြွကြွကခုန်ကာပျော်ရွှင်နေတဲ့ နေခြည်ဦးရဲ့Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s and Sane Lae’s Tik Tok Account