ကောင်မလေး က ကောင်လေး ကို “စပရိုက်” လုပ်ပြီး လက်ထပ် ခွင့်တောင်း ခဲ့တဲ့ ဖြစ်ရပ်
|ကောင်မလေး က ကောင်လေး ကို “စပရိုက်” လုပ်ပြီး လက်ထပ် ခွင့်တောင်း ခဲ့တဲ့ ဖြစ်ရပ်
လက်ထ ပ် ခွင့်တောင်းတယ်ဆိုတာ များသော အားဖြင့် ကောင်လေးကသာ ကောင်မလေးကို လက်ထပ်ခွင့်တောင်းတာပါ။ ဒါပေမယ့် လက်ထပ်ခွင့်တောင်းခံရတဲ့အမျိုးသားအရေအတွက်ဟာ လက်ထပ်ခွင့်အတောင်းခံရတဲ့
အမျိုးသမီးအရေ အတွက် ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ ဒီလို ကြုံတောင်ကြုံခဲ မိန်းကလေးက ယောက်ျားလေးကို လက်ထပ်ခွင့်တောင်းတဲ့အဖြစ်အပျက်ကို ကြုံခဲ့ရတာတော့ ဖိလစ်နိုင်ငံက အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ မှာ နေထိုင်တဲ့ Ulvic Berdecen လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့မိသားစုနဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတုန်း သူချစ်သူကောင်မလေး Cheska Galvez က
ရောက်ကလာပြီး လက်ထပ် ခွင့်တောင်းခဲ့တယ်လို့ The Summit Express သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ Ulvic ကိုတော့ ဖိလစ်နိုင်ငံသားတော်တော်များများက
အရမ်းကောင်းတဲ့လူသားတစ်ယောက် ဆိုပြီး ဝိုင်းဝန်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ Ulivc နဲ့ Cheska တို့ဟာ တွဲတာ ၁နှစ်လောက်ပဲရှိသေးပေမယ့် Cheska ဟာ သူလိုချင်တဲ့ အချစ်စစ်ကို Ulivc မှာ တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။
ဒါကြောင့်အခုလို သူမဘက်ကစပြီးလက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ထပ်ခွင့် မတောင်းခံချိန်မှာ စားပွဲထိုးကောင်မလေးနှစ်ယောက် ဟာ Ulivc ကို ပန်းတစ်ပွင့်ဆီလာပေးခဲ့ကြပါတယ်။
အဲဒီအချိန်မှာ Ulive ဟာ ကြောင်တောင်တောင် ဖြစ်နေတုန်း Cheska ရောက်လာပြီး ဒူးထောက်
ချကာ Ulivc ရဲ့ မိသားစုတွေရှေ့မှာ လက်ထပ်ခွင့်တောင်းခံ ခဲ့တာဖြစ်ပါတယ်။ Ulivc ရဲ့ ညီဖြစ်သူ Stephen Berdecen ကတော့
သူ့အကိုအတွက်ဂုဏ်ယူကြောင်း၊ ယောက်ျားလေးတွေပဲ လက်ထပ်ခွင့်တောင်း ရမယ်လို့ ဘယ်သူကပြောလဲ ဆိုပြီး Facebook မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဗီဒီယို တင်ကာ Ulivc တို့ ရိုနေပုံလေးတွေ ကို ကြွားလုံးထုတ်ခဲ့တာပါ။
crd : shwewiki