ဘင်္ဂလားဒေ့ရှ် တွင် လော့ဒေါင်းစဖြေသည့်နေ့ ၌ ကူးစက်သူ နှင့် သေဆုံးသူ စံချိန်တင် မြင့်တက်

ဘင်္ဂလားဒေ့ရှ် တွင် လော့ဒေါင်းစဖြေသည့်နေ့ ၌ ကူးစက်သူ နှင့် သေဆုံးသူ စံချိန်တင် မြင့်တက်

ဘင်္ဂလားဒေ့ရ်နိုင်ငံ ရဲ့ လူဦးရေ ထူထပ်တဲ့ မြို့တွေမှာ လုပ်ငန်းခွင်တွေ ပြန်လည် လည်ပတ်နိုင်စေဖို့ အတွက် ကိုရိုနာ ဗိုင်းရပ်စ် ပိတ်ဆို့ ကန့်သတ်ချက်တွေကို တနင်္ဂနွေနေ့ ( မေလ ၃၁ ရက်နေ့ ) မှာ လျော့ချ လိုက်တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် မှာ ဗိုင်းရပ်စ် ကူးစက်လူနာ ၂၅၄၅ ဦး၊ သေဆုံးသူ ၄၀ ဦး ထပ်တိုးလာပြီး နေ့စဉ်ထပ်တိုး ဗိုင်းရပ်စ်ကူးစက်မှုတွေမှာ အမြင့်ဆုံးအရေအတွက်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိတ်ဆို့ကန့်သတ်မှုတွေကို လျော့ချရုပ်သိမ်းလိုက်ပြီး စီးပွားရေး လုပ်ငန်းခွင် တွေ ပြန်လည် စတင်လိုက်ပြီ ဖြစ်တာကြောင့် မြို့တော် ဒါကာရှိ မီးရထားလမ်းကြောင်းများနဲ့ ယာဉ်ကြောလိုင်းတွေ ပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၆ ရက်နေ့က စတင် ခဲ့ပြီး ၂ လကျော်ကြာခဲ့တဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ကျောင်းအချို့ကလွဲပြီး လျော့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိစာရင်းအရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်လူနာ ၄၇၁၅၁ ဦး၊ သေဆုံးသူ ၆၅၀ ဦး ရှိ နေပြီး ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှုတွေ အလုံအလောက်မရှိတာကြောင့် အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက်ဟာ စာရင်းရှိထက် များပြားနေနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

three × 2 =