ပရိသတ်တွေ နဲ့ ရင်းရင်းနှီးနှီး အမှတ်တရ ရှိစေမယ့် အစီအစဉ်လေး တစ်ခု ပြုလုပ်ထားကြောင်း သတင်းကောင်းပါး လာတဲ့ “မိုးဟေကို”
|ပရိသတ်တွေ နဲ့ ရင်းရင်းနှီးနှီး အမှတ်တရ ရှိစေမယ့် အစီအစဉ်လေး တစ်ခု ပြုလုပ်ထားကြောင်း သတင်းကောင်းပါး လာတဲ့ “မိုးဟေကို”
ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချော မိုးဟေကိုက အနုပညာလောက မှာ အချိန်အတော်ကြာ အောင်မြင်မှုတွေ များစွာ ရရှိနေသူ တစ်ဦး ဖြစ်ပါတယ်။ မိုးဟေကိုက ပြီးခဲ့တဲ့နှစ်တွေက သူမအမေရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ အချိန် အတော်ကြာ အဆက်အသွယ် ပြတ်တောက်သွားပေမယ့် လက်ရှိမှာ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်ရင်း သူမရဲ့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း အောင်အောင်မြင်မြင် တည်ထောင်ထားတာ ဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ မိုးဟေကိုက သူမရဲ့ ပရိသတ်တွေအတွက် ရင်းရင်း နှီးနှီး အမှတ်တရ ရှိစေမယ့် အစီအစဉ်လေးတစ်ခု ပြုလုပ်ထားကြောင်း သတင်းကောင်းပေးလာပါတယ်။ မိုးဟေကိုက သူမဘဝရဲ့ အမှတ်တရရှိစေမယ့် နေ့ရက်တွေကို အတူတူလိုက်ပါခံစားဖို့ ဖေ့စ်ဘုတ် စာမျက်နှာကနေ စောင့်ကြည့်စေချင်ကြောင်းကို အခုလိုပဲ ပြောပြ ထားပါတယ်။
မိုးဟေကိုကကတော့ Hint အနေနဲ့ သူမရဲ့ ဖေ့စ်ဘုတ်အကောင့် မှာ Top Fan လေးတွေဖြစ်ဖို့ ပြုလုပ် ထားပါလို့ ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးဟေကို ရဲ့ ထူးထူးခြားခြားအစီအစဉ်လေးက ဘာများဖြစ်မလဲ ဆိုပြီး ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။
crd : panpyoelat