မြန်မာ ဝတ်စုံလေး နဲ့ ရိုးရိုး ယဉ်ယဉ်လေး နန်းစံစွာ လှနေတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေ ရည်

ပရိသတ်ကြီးရေ……သရုပ်ဆောင် ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေ ရည် ကို သိကြမယ်ထင်ပါတယ်‌။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

၀တ်မှုန်ရွှေရည်ဟာ ဖြူဖွေးဝင်းဥနေတဲ့ အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုအရွယ်တင်နုပျိုနေတာပါနော်။ ဒါ့ပြင်ကစ်ဟာ ဖက်ရှင်နဲ့ပက်သက်ပြီးလည်း အမြဲေ ခတ်မီစတိုင်ကျကျဝတ် တတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအချစ်ပိုနေရတာပါ။ ရွှေကစ်ဟာ အသက်ကြီးလာတယ်လို့ကိုထင်ရက်စရာ မရှိအောင်ကို အမြဲနုပျိုနေပြီး ဆယ်ေ ကျာ် သက်လေးအတိုင်းလှရက်သူပါ။

အခုဆို ရင်လည်း ကစ်ဟာ သူမရဲ့ Faceboo kစာမျက်နှာမှာ “ကစ်တို့ မြန်မာလူမျိုးတွေအတွက် လထူးလမြတ်လေးဖြစ်တဲ့ ဝါလကင်းလွတ်သီတင်းကျွတ်အချိန်ကာလလေးရောက်ပြီမို့ အား လုံး ပဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ရောဂါဘယများလဲ ကင်းလွတ်ပြီးစီးပွားလာဘ်လာဘများတိုးတက်ကြပါစေလို့ ကစ်က ဆုတောင်းပေးလိုက် ပါတယ်ရှင့်”ဆိုတဲ့ captionလေးနဲ့အတူ မြန် မာ ဆန်ဆန်လေးလှနေတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Wutt Hmone Shwe Yi’s Facebook acc
shwethit

zawgyi




shwethit

unicode