သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့

ဘုရားရှင် (၇) ဝါမြောက်ကာလ၊ (၇)လမြောက် မြန်မာလ ရဟန်းသံဃာတော်များ တစ်နေရာတည်း၌ ဝါကပ်နေထိုင်ခြင်း (သီတင်း)မှ ကျွတ်ခြင်း (ပြီးဆုံးခြင်း) အခါသမယဖြစ်သော “သီတင်းကျွတ်လပြည်.နေ.”။ တာဝတိ ံသာနတ်ပြည်မှ အမေဟောင်း သန္တုဿီတနတ်သားနှင်.တကွ နတ်ဗြဟ္မာတို.အား အဘိဓမ္မာ (၇) ကျမ်းဟောကြားသောကြောင်

“အဘိဓမ္မာအခါတော်နေ.”။

ရဟန်းသံဃာတော်များအချင်းချင်း အပြစ်ရှိကထောက်ပြပြောကြားပါရန် မာန်ကင်းစွာ၊ ယဉ်ကျေးစွာ၊ ရိုသေစွာ ဖိတ်မန်တိုက်တွန်းအမှုပြုကြသောကြောင်. “ပဝါရဏာနေ.”။ အရှင်သာရိပုတ္တရာရှိရာ သင်္ကဿမြို.ကို စောင်းတန်းသုံးသွယ်ဖြင်. နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူလာသော မြတ်စွာဘုရားသည် တုနှိုင်းဖွယ်မရှိ၊ အလွန်တင်.တယ် သပ္ပါယ်တော်မူသောကြောင်. နတ်လူအများ ကြည်ညိုစိတ်ပွားကာ “ဘုရားဆုပန်ကြသောနေ.”။

( အဲဒိအချိန်မှာ အလွန်တင့်တယ်လွန်းတဲ့ မြတ်စွာဘဘုရားကို အားကျပြီးတော့ သူတို့လည်း တစ်ချိန်မှာ ဘုရားဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာကြတယ် ဒါကြောင့် ဘုရားဖြစ်ဖို့အတွက် ဆုတွေပန်ကြတယ် အဲဒါကိုပြောတာပါ ဒကာတော် … နာမည်ကြီးတဲ့ မင်းသားတစ်ယောက်ကို တွေ့တဲ့ အခါ အားကျပြီး သူ့လိုဖြစ်ချင်လာတဲ့ သဘောမျိုးပေါ့ byအရှင်တေဇာနန္ဒ ) ထိုသို. အဘိဓမ္မာဒေသနာဟောကြားပြီးနောက် တာဝတိ ံသာနတ်ပြည်မှ လူ.ပြည်သို. ညချမ်းအခါ၌ ဆင်းသက်လာသော မြတ်စွာဘုရားအား ဗြဟ္မာ နတ် လူ သုံးဘုံသူတို. အတူတကွ ကြည်ဖြူပူဇော်သောအားဖြင်. ဆီမီးထွန်းညှိပူဇော်ကြသော “မီးထွန်းပွဲတော်နေ.”။ကျေးဇူးကြီးလှ မိဘဘိုးဘွား သက်ကြီးများ၊ ဆရာသမားများအား လက်ဆယ်ဖြာမိုး၍ ရိုသေစွာကန်တော.ကြသော “သက်ကြီးပူဇော်ပွဲနေ.” ။ ဤသို. ထူးခြားသော၊ ဗုဒ္ဓဘာသာဝင်တို.၏ နေ.ထူးနေ.မြတ်ဖြစ်သော သီတင်းကျွတ်လပြည်.နေ. ဥပုသ်နေ.မှာ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုများ အထူးပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျာ…။

အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒပြည်.ဝကြပါစေ…..။

zawgyi

ဘုရားရွင္ (၇) ဝါေျမာက္ကာလ၊ (၇)လေျမာက္ ျမန္မာလ ရဟန္းသံဃာေတာ္မ်ား တစ္ေနရာတည္း၌ ဝါကပ္ေနထိုင္ျခင္း (သီတင္း)မွ ကြၽတ္ျခင္း (ၿပီးဆုံးျခင္း) အခါသမယျဖစ္ေသာ “သီတင္းကြၽတ္လျပည္.ေန.”။ တာဝတိ ံသာနတ္ျပည္မွ အေမေဟာင္း သႏၲဳႆီတနတ္သားႏွင္.တကြ နတ္ျဗဟၼာတို.အား အဘိဓမၼာ (၇) က်မ္းေဟာၾကားေသာေၾကာင္

“အဘိဓမၼာအခါေတာ္ေန.”။

ရဟန္းသံဃာေတာ္မ်ားအခ်င္းခ်င္း အျပစ္ရွိကေထာက္ျပေျပာၾကားပါရန္ မာန္ကင္းစြာ၊ ယဥ္ေက်းစြာ၊ ႐ိုေသစြာ ဖိတ္မန္တိုက္တြန္းအမႈျပဳၾကေသာေၾကာင္. “ပဝါရဏာေန.”။ အရွင္သာရိပုတၱရာရွိရာ သကၤႆၿမိဳ.ကို ေစာင္းတန္းသုံးသြယ္ျဖင္. နတ္ျဗဟၼာအေပါင္းၿခံရံလ်က္ ဆင္းသက္ေတာ္မူလာေသာ ျမတ္စြာဘုရားသည္ တုႏႈိင္းဖြယ္မရွိ၊ အလြန္တင္.တယ္ သပၸါယ္ေတာ္မူေသာေၾကာင္. နတ္လူအမ်ား ၾကည္ညိဳစိတ္ပြားကာ “ဘုရားဆုပန္ၾကေသာေန.”။

( အဲဒိအခ်ိန္မွာ အလြန္တင့္တယ္လြန္းတဲ့ ျမတ္စြာဘဘုရားကို အားက်ၿပီးေတာ့ သူတို႔လည္း တစ္ခ်ိန္မွာ ဘုရားျဖစ္ခ်င္တဲ့ ဆႏၵေတြ ျဖစ္ေပၚလာၾကတယ္ ဒါေၾကာင့္ ဘုရားျဖစ္ဖို႔အတြက္ ဆုေတြပန္ၾကတယ္ အဲဒါကိုေျပာတာပါ ဒကာေတာ္ … နာမည္ႀကီးတဲ့ မင္းသားတစ္ေယာက္ကို ေတြ႕တဲ့ အခါ အားက်ၿပီး သူ႔လိုျဖစ္ခ်င္လာတဲ့ သေဘာမ်ိဳးေပါ့ byအရွင္ေတဇာနႏၵ ) ထိုသို. အဘိဓမၼာေဒသနာေဟာၾကားၿပီးေနာက္ တာဝတိ ံသာနတ္ျပည္မွ လူ.ျပည္သို. ညခ်မ္းအခါ၌ ဆင္းသက္လာေသာ ျမတ္စြာဘုရားအား ျဗဟၼာ နတ္ လူ သုံးဘုံသူတို. အတူတကြ ၾကည္ျဖဴပူေဇာ္ေသာအားျဖင္. ဆီမီးထြန္းညႇိပူေဇာ္ၾကေသာ “မီးထြန္းပြဲေတာ္ေန.”။ ေက်းဇူးႀကီးလွ မိဘဘိုးဘြား သက္ႀကီးမ်ား၊ ဆရာသမားမ်ားအား လက္ဆယ္ျဖာမိုး၍ ႐ိုေသစြာကန္ေတာ.ၾကေသာ “သက္ႀကီးပူေဇာ္ပြဲေန.” ။ ဤသို. ထူးျခားေသာ၊ ဗုဒၶဘာသာဝင္တို.၏ ေန.ထူးေန.ျမတ္ျဖစ္ေသာ သီတင္းကြၽတ္လျပည္.ေန. ဥပုသ္ေန.မွာ ဒါန၊ သီလ၊ ဘာဝနာကုသိုလ္ေကာင္းမႈမ်ား အထူးျပဳႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းပါသည္ခင္ဗ်ာ…။

အားလုံးကိုယ္က်န္းမာ စိတ္ခ်မ္းသာ၍ ေကာင္းက်ိဳးလိုရာဆႏၵျပည္.ဝၾကပါေစ…..။