အရှုံး ကနေ ပြန်လည် နိုးထပြီး အကောင်းဆုံး ပြန်လာမယ်လို့ ပရိသတ်ကို ကတိပေး လိုက်တဲ့ အောင်လအန်ဆန်

ဒီရိုက်ဒါရဲ့ ချုပ်ကွက်မိပြီး မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့အပေါ် အောင်လအန်ဆန် ကိုယ်တိုင်လည်း အတော်လေးကို မချိ တင်ကဲ ဖြစ်လို့နေခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါကို ပထမအချီနဲ့တင် မထင်မှတ်ပဲ အရေးနိမ့်ခဲ့ ရပြီး မစ်ဒယ် ဝိတ်ခါးပတ်ကို လက်လွှဲပေးခဲ့ရပါတယ်။

ပြိုင်ပွဲရှုံးခဲ့ပေမယ့်လည်း အောင်လအန်ဆန်က သူ့ကိုချစ်တဲ့၊သူချစ်ရတဲ့ ပရိသတ်တွေ ကို နောက်တစ်ကြိမ်ဆိုရင် တော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ကတိပေး ပြောစကားဆိုလာပါတယ်။ “ဟိုင်း ဒီညဟာ ကံမကောင်းခဲ့ပါဘူး၊ ဒီညကျွန်တော်တို့နိုင်ပွဲမရခဲ့ကြပေမယ့် ကျွန်တော်တို့အရှုံးကနေပြန်လည်နိုးထလာမှာပါ။ကျွန်တော့်ကိုချစ်ခင်အားပေးကြတဲ့ အယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်”လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမှု စာမျက်နှာထက်က နေ ပြောလာခဲ့ပါတယ်။

အောင်လအနေနဲ့ ပြိုင်ပွဲမတိုင်ခင်က ကိုဗစ် ဖြစ်ခဲ့ သေးပြီး ပြန်လည် သက်သာလာတာ ဖြစ်လို့ ပရိသတ်တွေက ပွဲမ တိုင်ခင်မှာ စိုးရိမ်နေခဲ့ကြပါသေးတယ်။ အခု ရှုံးပွဲကတော့ အောင်လအတွက် ၃နှစ်အတွင်း ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပြီး နိုင်ပွဲဆက်နေမှု ပျောက်ဆုံး ခဲ့ရ တာလည်း ဖြစ်ပါတယ်။

crd

zawgyi

ဒီ႐ိုက္ဒါရဲ႕ ခ်ဳပ္ကြက္မိၿပီး မထင္မွတ္ပဲ ရႈံးနိမ့္ခဲ့တဲ့အေပၚ ေအာင္လအန္ဆန္ ကိုယ္တိုင္လည္း အေတာ္ေလးကို မခ်ိ တင္ကဲ ျဖစ္လို႔ေနခဲ့ပါတယ္။ ေအာင္လအန္ဆန္ဟာ နယ္သာလန္ႏိုင္ငံသား ဒီ႐ိုက္ဒါကို ပထမအခ်ီနဲ႔တင္ မထင္မွတ္ပဲ အေရးနိမ့္ခဲ့ ရၿပီး မစ္ဒယ္ ဝိတ္ခါးပတ္ကို လက္လႊဲေပးခဲ့ရပါတယ္။

ၿပိဳင္ပြဲရႈံးခဲ့ေပမယ့္လည္း ေအာင္လအန္ဆန္က သူ႔ကိုခ်စ္တဲ့၊သူခ်စ္ရတဲ့ ပရိသတ္ေတြ ကို ေနာက္တစ္ႀကိမ္ဆိုရင္ ေတာ့ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာခဲ့မယ္လို႔ ကတိေပး ေျပာစကားဆိုလာပါတယ္။ “ဟိုင္း ဒီညဟာ ကံမေကာင္းခဲ့ပါဘူး၊ ဒီညကြၽန္ေတာ္တို႔ႏိုင္ပြဲမရခဲ့ၾကေပမယ့္ ကြၽန္ေတာ္တို႔အရႈံးကေနျပန္လည္ႏိုးထလာမွာပါ။ကြၽန္ေတာ့္ကိုခ်စ္ခင္အားေပးၾကတဲ့ အေယာက္စီတိုင္းကိုအထူးေက်းဇူးတင္ရွိပါတယ္”လို႔ ေအာင္လအန္ဆန္က သူ႔ရဲ႕ လူမႈ စာမ်က္ႏွာထက္က ေန ေျပာလာခဲ့ပါတယ္။

ေအာင္လအေနနဲ႔ ၿပိဳင္ပြဲမတိုင္ခင္က ကိုဗစ္ ျဖစ္ခဲ့ ေသးၿပီး ျပန္လည္ သက္သာလာတာ ျဖစ္လို႔ ပရိသတ္ေတြက ပြဲမ တိုင္ခင္မွာ စိုးရိမ္ေနခဲ့ၾကပါေသးတယ္။ အခု ရႈံးပြဲကေတာ့ ေအာင္လအတြက္ ၃ႏွစ္အတြင္း ပထမဆုံး ရႈံးပြဲလည္း ျဖစ္ၿပီး ႏိုင္ပြဲဆက္ေနမႈ ေပ်ာက္ဆုံး ခဲ့ရ တာလည္း ျဖစ္ပါတယ္။

crd