ကိုဗစ်ကြောင့် ပေါ်ပေါက်လာရတဲ့ ရွှေမြန်မာတို့ရဲ့ မြင့်မြတ်လွန်း လှတဲ့ မေတ္တာတရားများ ( လေးစားဖို့ကောင်း လိုက်တာဗျာ )

ကိုဗစ်စင်တာက မေတ္တာဇာတ်လမ်းများ (လူနာကို လူနာက ပြန်ပြုစုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံထဲ ရှိပါတယ်) Q ဝင်ပြီး တပတ်ကျော် ပြန်ခါနီး 3 4 ရက်အလိုကနဲ့တူတယ်။ ရွှေသံလွင်ဘိုးဘွားရိပ်သာ က အဖိုးတွေအဖွားတွေ covid p+ ဖြစ်လို့တဲ့ Happy covid centerကို ရောက်လာမယ်တဲ့ ။ စိတ်ထဲမကောင်းဘူး သနားပါတယ်။ သူတို့တွေကြောက်နေကြမလား မသိဘူး။ လူနာချင်းတွေ volunteerပြန်လုပ်ကြတဲ့ အကိုအမတွေနဲ့ တူတူစောင့်နေကြ ဖိုးဖွားတွေလာကြမယ်ဆိုတော့ လိုအပ်တာ လိုက်ကူကြမယ်ပေါ့။မကြာပါဘူး ရောက်လာကြပါတယ် ဖိုးတွေဖွားတွေကားပေါ်ကဆင်းလာကြ PPE ဆရာတွေက ဝီးချဲ ပေါ်တင်ပေး Register လုပ်နေတဲ့ ချိန် အဲ့အခန်းက အရမ်းအေးတော့ စောင်တွေကို Warehouse ကနေချက်ချင်းထုတ် လိုက်ခြုံပေး။ ဖိုးတွေက ဆီးသွားချင်တယ် ပြောလာတော့ q centerထဲကို ပို့ အထဲက လူနာချင်းလုပ်အား‌ပေး အကိုတွေကတွဲခေါ် အိမ်သာလိုက်ပို့ပေးကြ။အဖိုးတွေထဲက တယောက်က ဆီး ဝမ်းမကွဲတော့ ဝမ်း တွေ လမ်းမှာ ထွက်ကြကုန်။ အဲ့အဖိုးဆိုအားနာလိုက်တာ မြေးလေးရယ်တဲ့ သူနဲ့တွဲပါသွားတဲ့အကိုက ပုံရှင်းအဝင်း လေ သူက မူပိုင်နာမည် ရှိပြီးသားလေ။ အဲ့အကိုကပြောရှာတယ် ဖိုးဘာမှမဖြစ်နဲ့ ကျွန်တော်လုပ်နေကြတဲ့။

ဖိုးဖွားတွေစာရင်းသွင်းပြီးတော့ အခန်းတွေထဲ လူခွဲပြီး လိုက်ပို့ကြ။အထုပ်သယ်တဲ့သူက သယ်ကြနဲ့။ We love Yangon က လူကြီးတွေကလည်း ဖိုးဖွားတွေအတွက် brand ငှက်သိုက်ကို ညတွင်းချင်းရအောင်စီစဉ်ပေးပြီး centerထဲကို ပို့ပေးတယ်။ကိုယ်တို့တွေလည်း ဖိုးဖွားတွေလိုက်စစ် ချမ်းနေလား နေလို့ကောင်းလား ။ ဖွားတွေ တအားချစ်ဖို့ကောင်းကြတယ်။ သူတို့ဆီခနခနလာပါတဲ့ သူတို့နဲ့စကားလာပြောပါတဲ့ ပစ်မထား ပါနဲ့တဲ့ ကိုယ်စိတ်ထိခိုက် သွားတယ် ကိုယ်တခုတွေးမိသွားတယ် ဘဝဆိုတာ ကိုယ်လိုချင်သလို ရွေးချယ်ချင်လို့မရဘူးဆိုတာ။PPE ဒေါက်တာတွေအဖိုးတွေဆီ round လှည့်တော့ အဖိုးတွေ အကုန်လုံးအခန်းထဲကိုမရှိကြ‌တော့ဘူး …ဟ အဖိုးတွေအကုန်နေကောင်းကြတယ်ဟ အခန်းထဲ ရောက်ပစ္စည်းချပြီးတာနဲ့ လျှောက်သွားကြပြီလေ။ ဒေါက်တာက သဘောတွေကြလို့။ အယ် အဖိုးတစ်ယောက်ဆို ထမင်းစားရင်းနဲ့ သူ့ရေဒီယိုလေးနားထောင်နေတာ ။သူ့ရေဒီယိုကလည်း အကြီးကြီးနော်။ antique radio နဲ့တူတယ်။ အားရစရာကြီး ကိုယ်ဆိုသဘောကြလိုက်တာ။ သူတို့ဘဝကိုသူတို့ကိုယ်ပိုင်စိတ်ချမ်းသာနည်းနဲ့နေထိုင်ကြတယ်။

အဖွားတွေကလည်း ခေသူတွေ မဟုတ်ဘူးနော်။ ပထမတရက် အနားယူ ကြတယ်။ နောက်ရက်ကျတော့ တယောက်ခန်းကို တယောက်လျှောက်လည်ကြတယ်။ ဟဲ့ နင်က ဘယ်အခန်းတုန်း အေး ငါက A17 နင်တို့ကရော ဘယ်အခန်းတွေတုန်း ငါလာမယ်နော် နင်တို့ဆီ ‌ အေး လာခဲ့ ဟဲ့ ဟုတ်နေတာပဲနော် ဖွားတွေချင်းပြောနေကြတာ။အဖွားတွေ တော်တော်များများက အပျိုကြီးတွေများတယ်။ ကျောင်းဆရာမ တို့ အစိုးရဝန်ထမ်းတို့ ပါကြတယ်။ ကိုယ်နဲ့ သံယောဇဉ်တွယ်သွားခဲ့တဲ့ အဖွားဆို ကျောင်းဆရာမ ရခိုင်လူမျိုး ချောကလည်းချော အသားကလည်းဖြူဖြူ။ အရမ်းရှက်တတ်တာနော်။ ကိုယ့်ကို သူကရေချိုးချင်တယ်သမီးတဲ့ ရတယ် ဖွား ချိုးပေးမယ်လို့။ သူ့ကို ဝီးချဲနဲ့ရေချိုးကန်ကို ခေါ်သွား အဲ့ရောက်တော့ သူက နိကပ် ချိုးမှာတဲ့ ရေချိုးကန် ပတ်ပတ်လည်ကို သွပ်ပြားတွေလည်း အခန်းကန့်ပေးထားတာ။ သူက ရှက်တတ်တာကိုယ်သိတော့ ရေချိုးကန်ရဲ့နောက်ဖက်ကိုခေါ်သွား သူ့ကိုထမီချွတ်ပေး ရေချိုးပေး ။ ပြီးတော့အခန်းကိုဝီးချဲနဲ့ပြန်ခေါ်သွား။

လုပ်အားပေးအကိုအမတွေကလည်း ဖွားတွေဖိုးတွေ ဆီးအိုးကိုသွန်ပေးကြ ။ ထမင်းတွေကျွေးပေး။ ရေပတ်တွေတိုက်ပေး။ ဖွားတွေရဲ့ နေ့စဉ်ကျန်းမာရေး စစ်ဆေးချက်တွေကို မနက်တိုင်းလိုက်စစ်ပေးကြ ၊ အားလုံးပျော်ပျော်ပါးပါးနဲ့ လုပ်ပေးနေကြတာ တကယ်ကို ကုသိုလ်တွေပါ။ကိုယ်တွေရက်ပြည့်လို့ ဆေးရုံဆင်းခဲ့ရပင်မဲ့ ကိုယ်တွေလို လုပ်အားပေးလုပ်ချင်တဲ့ အစ်မတွေ အများကြီးထပ်ပေါ်လာတော့ ဖွားတွေဖိုးတွေအတွက် စိတ်ချသွားရတယ်။ ဆေးရုံရက် မပြည့်လို့ ကျန်ခဲ့ရတဲ့ အစ်မတွေက ဖွားတွေအတွက် မနက်ဆိုမနက် ညဆိုည အသေးစိတ် လိုက်လုပ်ပေးကြ အစားအသောက်ကအစ ကိုယ်တိုင်ကျွေးပေး ဆီးအိုးတွေသွန်ပေးကြ ။ သူတို့ကတောင် ဖွားတွေနဲ့ selfie ဆွဲ ဟုတ်နေတာပဲ။ ဖွားတွေကလည်း သူတို့တွေကိုပဲ နေ့တိုင်းမျှော် ပြီးတော့ ချွဲကလည်းချွဲသေး ဖွားက မြေးတို့ကိုမျှော်နေတာတဲ့ မြေးတို့က ဖွားကိုပစ်ထားတယ်တဲ့။ကြွေ‌ပြီလေဖွားရယ်။ ပြောသေးတယ် မြေးကိုတိုင်ရအုန်းမယ်တဲ့ ရိပ်သာမှာနေတုန်းက ဝန်ထမ်းတွေက သူတို့ကို ခုလိုဘယ်သူမှဂရုမစိုက်ကြဘူးတဲ့ ကိုယ့်ဘာသာထမင်းစား ကိုယ့်ဘာသာရေချိုး ကိုယ့်ဘာသာဆေးသောက်တဲ့ အရမ်းဆူတာပဲတဲ့ တခုခုလုပ်မိပြောမိရင် ဆူနေတာပဲတဲ့ ကိုယ်တကယ်စိတ်မကောင်းဖြစ်မိတယ်။ လူလူချင်းတူပင်မဲ့ ဘဝချင်းကမတူကြဘူးနော်။

ကိုယ်တွေနောက်မှ ဆင်းရမဲ့ အစ်မတ‌စ်ယောက်ကဆို ညီမတို့က ကျန်းမာ‌ရေး ဝန်ထမ်းတွေလားတဲ့ မဟုတ်ပါဘူး လူနာတွေပါလို့ ဒါပေမဲ့ အကူအညီလိုအပ်နေတဲ့သူကို ပြန်ကူညီပေးနေကြတာပါအစ်မ။ သူက အရမ်းအံ့ဩသွားတယ် ကိုယ်လည်းလူနာသူလည်းလူနာ လူနာချင်းတူပင်မဲ့ ငါကျတော့ အခန်းထဲအခန့်သားလှဲနေတယ် သူတို့ကျတော့ လိုအပ်သူကိုကူနေတယ်၊ ရှက်လိုက်တာတဲ့၊ ညီမတို့လိုအပ်တာပြောပါ အစ်မတို့ညီအစ်မတွေလည်း လိုက်ကူမယ်တဲ့။ အရမ်းဝမ်းသာမိတယ် အစ်မသန္တာရေ ။ဆေးရုံဆင်းရက်မပြည့်လို့ ကျန်ခဲ့တဲ့အစ်ကိုအစ်မတွေက ၂၅ ရက်နေ့ဆို ဆင်းရမယ်လေ။ ဒါပေမဲ့ မဆင်းသေးဘူးတဲ့ ဖွားတို့က ၂၆ ရက်နေ့ဆင်းမှာ‌ဆိုတော့ ဖွားတို့နဲ့တူတူလိုက်ဆင်းမယ်တဲ့ တကယ်ကို စိတ်ထားပြည့်တဲ့အစ်မအစ်ကိုတွေ။ လူနာချင်းလုပ်အားပေးအသစ်တွေလည်း ထပ်ပေါ်ပေါက်လာတယ်။ တကယ်ကို ပီတိဖြစ်မိတယ်။

အရမ်းလည်းဝမ်းသာတယ်။ဒီနေ့ ဖိုးတွေဖွားတွေဆေးရုံဆင်းရတော့မယ်။ သံသရာမှာ ရေစက်ပါခဲ့ကြလို့ အခုဒီဘဝမှာ ပြန်ဆုံခဲ့ကြရတယ် ပြန်ဆုံခဲ့ရတဲ့အခိုက်အတန့်မှာ အဖိုး‌တွေအဖွားတွေကို အကောင်းဆုံးလုပ်ပေးနိုင်ခဲ့လို့ ကျေနပ်တယ်။ ဝမ်းသာတယ်။ ဖိုးတွေဖွားတွေကို အမြဲဆုတောင်းပေးနေပါတယ်‌။ ရောက်လေရာဘဝတိုင်းမှာ စေတနာစစ် စေတနာ‌မှန် မေတ္တာစစ်မေတ္တာမှန်တွေနဲ့ကြုံရပါစေလို့။ အဖိုးအဖွားတွေကို ဝိုင်းပြုစု ဂရုစိုက်ပေးကြတဲ့ လူနာချင်းလုပ်အားပေး အကိုအမ ညီမလေးတွေကိုလည်း ချီးကျူးပါတယ် ။ကိုယ်လုပ်ပေးတာထက် သူတို့က အများကြီး လုပ်ပေးနိုင်ကြတယ်။ တကယ့်ကိုစိတ်ထားပြည့်ကြတဲ့ အကိုအမ‌ ညီမလေးတွေပါ။ မှတ်ချက် အစိမ်းဝတ်စုံတွေကလည်း လူနာတွေပါပဲ လူနာကြားထဲ လုပ်အားပေးလူနာဆိုပြီး တမင်ဝတ်ထားကြတာပါ။

zawgyi

ကိုဗစ္စင္တာက ေမတၱာဇာတ္လမ္းမ်ား (လူနာကို လူနာက ျပန္ျပဳစုတာ ကမာၻမွာ ျမန္မာတႏိုင္ငံထဲ ရွိပါတယ္) Q ဝင္ၿပီး တပတ္ေက်ာ္ ျပန္ခါနီး 3 4 ရက္အလိုကနဲ႔တူတယ္။ ေ႐ႊသံလြင္ဘိုးဘြားရိပ္သာ က အဖိုးေတြအဖြားေတြ covid p+ ျဖစ္လို႔တဲ့ Happy covid centerကို ေရာက္လာမယ္တဲ့ ။ စိတ္ထဲမေကာင္းဘူး သနားပါတယ္။ သူတို႔ေတြေၾကာက္ေနၾကမလား မသိဘူး။ လူနာခ်င္းေတြ volunteerျပန္လုပ္ၾကတဲ့အကိုအမေတြနဲ႔ တူတူေစာင့္ေနၾက ဖိုးဖြားေတြလာၾကမယ္ဆိုေတာ့ လိုအပ္တာ လိုက္ကူၾကမယ္ေပါ့။မၾကာပါဘူး ေရာက္လာၾကပါတယ္ ဖိုးေတြဖြားေတြကားေပၚကဆင္းလာၾက PPE ဆရာေတြက ဝီးခ်ဲ ေပၚတင္ေပး Register လုပ္ေနတဲ့ ခ်ိန္ အဲ့အခန္းက အရမ္းေအးေတာ့ ေစာင္ေတြကို Warehouseကေနခ်က္ခ်င္းထုတ္ လိုက္ၿခဳံေပး။ ဖိုးေတြက ဆီးသြားခ်င္တယ္ ေျပာလာေတာ့ q centerထဲကို ပို႔ အထဲက လူနာခ်င္းလုပ္အား‌ေပး အကိုေတြကတြဲေခၚ အိမ္သာလိုက္ပို႔ေပးၾက။အဖိုးေတြထဲက တေယာက္က ဆီး ဝမ္းမကြဲေတာ့ ဝမ္း ေတြ လမ္းမွာ ထြက္ၾကကုန္။ အဲ့အဖိုးဆိုအားနာလိုက္တာ ေျမးေလးရယ္တဲ့ သူနဲ႔တြဲပါသြားတဲ့အကိုက ပုံရွင္းအဝင္း ေလ သူက မူပိုင္နာမည္ ရွိၿပီးသားေလ။ အဲ့အကိုကေျပာရွာတယ္ ဖိုးဘာမွမျဖစ္နဲ႔ ကြၽန္ေတာ္လုပ္ေနၾကတဲ့။

ဖိုးဖြားေတြစာရင္းသြင္းၿပီးေတာ့ အခန္းေတြထဲ လူခြဲၿပီး လိုက္ပို႔ၾက။အထုပ္သယ္တဲ့သူက သယ္ၾကနဲ႔။ We love Yangonက လူႀကီးေတြကလည္း ဖိုးဖြားေတြအတြက္ brand ငွက္သိုက္ကို ညတြင္းခ်င္းရေအာင္စီစဥ္ေပးၿပီး centerထဲကို ပို႔ေပးတယ္။ကိုယ္တို႔ေတြလည္း ဖိုးဖြားေတြလိုက္စစ္ ခ်မ္းေနလား ေနလို႔ေကာင္းလား ။ ဖြားေတြ တအားခ်စ္ဖို႔ေကာင္းၾကတယ္။ သူတို႔ဆီခနခနလာပါတဲ့ သူတို႔နဲ႔စကားလာေျပာပါတဲ့ ပစ္မထားပါနဲ႔တဲ့ ကိုယ္စိတ္ထိခိုက္သြားတယ္ ကိုယ္တခုေတြးမိသြားတယ္ ဘဝဆိုတာ ကိုယ္လိုခ်င္သလို ေ႐ြးခ်ယ္ခ်င္လို႔မရဘူးဆိုတာ။PPE ေဒါက္တာေတြအဖိုးေတြဆီ round လွည့္ေတာ့ အဖိုးေတြ အကုန္လုံးအခန္းထဲကိုမရွိၾက‌ေတာ့ဘူး …ဟ အဖိုးေတြအကုန္ေနေကာင္းၾကတယ္ဟ အခန္းထဲေရာက္ပစၥည္းခ်ၿပီးတာနဲ႔ ေလွ်ာက္သြားၾကၿပီေလ။ ေဒါက္တာက သေဘာေတြၾကလို႔။ အယ္ အဖိုးတစ္ေယာက္ဆို ထမင္းစားရင္းနဲ႔ သူ႔ေရဒီယိုေလးနားေထာင္ေနတာ ။သူ႔ေရဒီယိုကလည္း အႀကီးႀကီးေနာ္။ antique radio နဲ႔တူတယ္။ အားရစရာႀကီး ကိုယ္ဆိုသေဘာၾကလိုက္တာ။ သူတို႔ဘဝကိုသူတို႔ကိုယ္ပိုင္စိတ္ခ်မ္းသာနည္းနဲ႔ေနထိုင္ၾကတယ္။

အဖြားေတြကလည္း ေခသူေတြ မဟုတ္ဘူးေနာ္။ ပထမတရက္ အနားယူ ၾကတယ္။ ေနာက္ရက္က်ေတာ့ တေယာက္ခန္းကို တေယာက္ေလွ်ာက္လည္ၾကတယ္။ ဟဲ့ နင္က ဘယ္အခန္းတုန္း ေအး ငါက A17 နင္တို႔ကေရာ ဘယ္အခန္းေတြတုန္း ငါလာမယ္ေနာ္ နင္တို႔ဆီ ‌ ေအး လာခဲ့ ဟဲ့ ဟုတ္ေနတာပဲေနာ္ ဖြားေတြခ်င္းေျပာေနၾကတာ။အဖြားေတြ ေတာ္ေတာ္မ်ားမ်ားက အပ်ိဳႀကီးေတြမ်ားတယ္။ ေက်ာင္းဆရာမ တို႔ အစိုးရဝန္ထမ္းတို႔ ပါၾကတယ္။ ကိုယ္နဲ႔ သံေယာဇဥ္တြယ္သြားခဲ့တဲ့ အဖြားဆို ေက်ာင္းဆရာမ ရခိုင္လူမ်ိဳး ေခ်ာကလည္းေခ်ာ အသားကလည္းျဖဴျဖဴ။ အရမ္းရွက္တတ္တာေနာ္။ ကိုယ့္ကို သူကေရခ်ိဳးခ်င္တယ္သမီးတဲ့ ရတယ္ ဖြား ခ်ိဳးေပးမယ္လို႔။ သူ႔ကို ဝီးခ်ဲနဲ႔ေရခ်ိဳးကန္ကို ေခၚသြား အဲ့ေရာက္ေတာ့ သူက နိကပ္ ခ်ိဳးမွာတဲ့ ေရခ်ိဳးကန္ ပတ္ပတ္လည္ကို သြပ္ျပားေတြလည္း အခန္းကန္႔ေပးထားတာ။ သူက ရွက္တတ္တာကိုယ္သိေတာ့ ေရခ်ိဳးကန္ရဲ႕ေနာက္ဖက္ကိုေခၚသြား သူ႔ကိုထမီခြၽတ္ေပး ေရခ်ိဳးေပး ။ ၿပီးေတာ့အခန္းကိုဝီးခ်ဲနဲ႔ျပန္ေခၚသြား။

လုပ္အားေပးအကိုအမေတြကလည္း ဖြားေတြဖိုးေတြ ဆီးအိုးကိုသြန္ေပးၾက ။ ထမင္းေတြေကြၽးေပး။ ေရပတ္ေတြတိုက္ေပး။ ဖြားေတြရဲ႕ ေန႔စဥ္က်န္းမာေရး စစ္ေဆးခ်က္ေတြကို မနက္တိုင္းလိုက္စစ္ေပးၾက ၊ အားလုံးေပ်ာ္ေပ်ာ္ပါးပါးနဲ႔ လုပ္ေပးေနၾကတာ တကယ္ကို ကုသိုလ္ေတြပါ။ကိုယ္ေတြရက္ျပည့္လို႔ ေဆး႐ုံဆင္းခဲ့ရပင္မဲ့ ကိုယ္ေတြလို လုပ္အားေပးလုပ္ခ်င္တဲ့ အစ္မေတြ အမ်ားႀကီးထပ္ေပၚလာေတာ့ ဖြားေတြဖိုးေတြအတြက္ စိတ္ခ်သြားရတယ္။ ေဆး႐ုံရက္ မျပည့္လို႔ က်န္ခဲ့ရတဲ့ အစ္မေတြက ဖြားေတြအတြက္ မနက္ဆိုမနက္ ညဆိုည အေသးစိတ္ လိုက္လုပ္ေပးၾက အစားအေသာက္ကအစ ကိုယ္တိုင္ေကြၽးေပး ဆီးအိုးေတြသြန္ေပးၾက ။ သူတို႔ကေတာင္ ဖြားေတြနဲ႔ selfie ဆြဲ ဟုတ္ေနတာပဲ။ ဖြားေတြကလည္း သူတို႔ေတြကိုပဲ ေန႔တိုင္းေမွ်ာ္ ၿပီးေတာ့ ခြၽဲကလည္းခြၽဲေသး ဖြားက ေျမးတို႔ကိုေမွ်ာ္ေနတာတဲ့ ေျမးတို႔က ဖြားကိုပစ္ထားတယ္တဲ့။ေႂကြ‌ၿပီေလဖြားရယ္။ ေျပာေသးတယ္ ေျမးကိုတိုင္ရအုန္းမယ္တဲ့ ရိပ္သာမွာေနတုန္းက ဝန္ထမ္းေတြက သူတို႔ကို ခုလိုဘယ္သူမွဂ႐ုမစိုက္ၾကဘူးတဲ့ ကိုယ့္ဘာသာထမင္းစား ကိုယ့္ဘာသာေရခ်ိဳး ကိုယ့္ဘာသာေဆးေသာက္တဲ့ အရမ္းဆူတာပဲတဲ့ တခုခုလုပ္မိေျပာမိရင္ ဆူေနတာပဲတဲ့ ကိုယ္တကယ္စိတ္မေကာင္းျဖစ္မိတယ္။ လူလူခ်င္းတူပင္မဲ့ ဘဝခ်င္းကမတူၾကဘူးေနာ္။

ကိုယ္ေတြေနာက္မွ ဆင္းရမဲ့ အစ္မတ‌စ္ေယာက္ကဆို ညီမတို႔က က်န္းမာ‌ေရးဝန္ထမ္းေတြလားတဲ့ မဟုတ္ပါဘူး လူနာေတြပါလို႔ ဒါေပမဲ့ အကူအညီလိုအပ္ေနတဲ့သူကို ျပန္ကူညီေပးေနၾကတာပါအစ္မ။ သူက အရမ္းအံ့ဩသြားတယ္ ကိုယ္လည္းလူနာသူလည္းလူနာ လူနာခ်င္းတူပင္မဲ့ ငါက်ေတာ့ အခန္းထဲအခန္႔သားလွဲေနတယ္ သူတို႔က်ေတာ့ လိုအပ္သူကိုကူေနတယ္၊ ရွက္လိုက္တာတဲ့၊ ညီမတို႔လိုအပ္တာေျပာပါ အစ္မတို႔ညီအစ္မေတြလည္း လိုက္ကူမယ္တဲ့။ အရမ္းဝမ္းသာမိတယ္ အစ္မသႏၲာေရ ။ေဆး႐ုံဆင္းရက္မျပည့္လို႔ က်န္ခဲ့တဲ့အစ္ကိုအစ္မေတြက ၂၅ ရက္ေန႔ဆို ဆင္းရမယ္ေလ။ ဒါေပမဲ့ မဆင္းေသးဘူးတဲ့ ဖြားတို႔က ၂၆ ရက္ေန႔ဆင္းမွာ‌ဆိုေတာ့ ဖြားတို႔နဲ႔တူတူလိုက္ဆင္းမယ္တဲ့ တကယ္ကို စိတ္ထားျပည့္တဲ့အစ္မအစ္ကိုေတြ။ လူနာခ်င္းလုပ္အားေပးအသစ္ေတြလည္း ထပ္ေပၚေပါက္လာတယ္။ တကယ္ကို ပီတိျဖစ္မိတယ္။

အရမ္းလည္းဝမ္းသာတယ္။ဒီေန႔ ဖိုးေတြဖြားေတြေဆး႐ုံဆင္းရေတာ့မယ္။ သံသရာမွာ ေရစက္ပါခဲ့ၾကလို႔ အခုဒီဘဝမွာ ျပန္ဆုံခဲ့ၾကရတယ္ ျပန္ဆုံခဲ့ရတဲ့အခိုက္အတန္႔မွာ အဖိုး‌ေတြအဖြားေတြကို အေကာင္းဆုံးလုပ္ေပးႏိုင္ခဲ့လို႔ ေက်နပ္တယ္။ ဝမ္းသာတယ္။ ဖိုးေတြဖြားေတြကို အၿမဲဆုေတာင္းေပးေနပါတယ္‌။ ေရာက္ေလရာဘဝတိုင္းမွာ ေစတနာစစ္ ေစတနာ‌မွန္ ေမတၱာစစ္ေမတၱာမွန္ေတြနဲ႔ႀကဳံရပါေစလို႔။ အဖိုးအဖြားေတြကို ဝိုင္းျပဳစု ဂ႐ုစိုက္ေပးၾကတဲ့ လူနာခ်င္းလုပ္အားေပး အကိုအမ ညီမေလးေတြကိုလည္း ခ်ီးက်ဴးပါတယ္ ။ကိုယ္လုပ္ေပးတာထက္ သူတို႔က အမ်ားႀကီး လုပ္ေပးႏိုင္ၾကတယ္။ တကယ့္ကိုစိတ္ထားျပည့္ၾကတဲ့ အကိုအမ‌ ညီမေလးေတြပါ။ မွတ္ခ်က္ အစိမ္းဝတ္စုံေတြကလည္း လူနာေတြပါပဲ လူနာၾကားထဲ လုပ္အားေပးလူနာဆိုၿပီး တမင္ဝတ္ထားၾကတာပါ။