အောက်တိုဘာလ (၃၁) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့ အတွင်း မိုးသတိပြုကြပါရန်

၂၀၂၀ အောက်တိုဘာလ ၃၁ရက်နေ့မှ နိုဝင်ဘာလ ၄ရက်နေ့အတွင်း မိုးကြီး လာနိုင်သဖြင့် သီးနှံများပျက်စီးနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ရန်။ မိုးဆိုတာကောင်းကျိူးပြုသလို ဆိုးကျိူးလည်းရှိပါတယ်။မိုးမရှိလို့မဖြစ်ပါလယ်ယာစိုက်ပျိုးရေး သည်မိုးကအဓိကကျပါတယ် ဆည်ရေသောက်စနစ်အောက်ရှိလယ်ယာမြေများသည်ပင်လျှင် မိုးမရွာခဲ့လို့ ဆည်ရေမရှိခဲ့လျှင် စိုက်ပျိုးနိုင်ကြလိမ့်မယ်မဟုတ်ပါဘူး။ မိုးကို အကျိူးရှိစွာသုံးတတ်ကြဖို့ လိုသလိုမိုးကြောင့်ပျက်စီးနိုင်တာတွေကိုလည်းကြိုတင်သိရှိကာကွယ်နိုင်ကြဖို့ လိုပါတယ်။

မိမိဒေသမိုးမများသော်လည်းပဲ မိမိအထက်မှာမိုးရွာခြင်းရှိမရှိ များမများကိုလည်း အောက်အရပ်ကသူတွေက သိဖို့လိုပါတယ် မြစ်နီးမြေနိမ့်ချောင်းနီးနဲ့ မြေနုကျွန်းပေါ် စိုက်ပျိုးရေးသမားများ မသိရှိပဲ စိုက်ပျိုးခဲ့ရင် ရေတက်နစ်မြုပ် ပျက်စီးနိုင်တာပေါ့။ ဒါကြောင့် ရာသီဥတုအခြေအနေကြိုတင်ခန့်မှန်းချက်များ လက်ရှိမိုးရွာသွန်းနေမှုအခြေအနေတွေကို စိုက်ပျိုးရေးသမား တောင်သူလယ်သမားများအနေနဲ့ မျက်ခြေမပြတ် ရက်ဝေးရက်နီးခန့်မှန်းချက်တွေကို ကြည့်ရှုကြဖို့ လိုပါတယ် မိမိသိရှိသလို အခြားသူများကိုလည်း ပြန်လည်မျှဝေပေးခြင်းဖြင့် မင်္ဂလာမည်ပါတယ်နော်။

၂၀၂၀ အောက်တိုဘာလ၃၁ရက်နေ့မှ နိုဝင်ဘာလ ၄ရက်နေ့အတွင်း ချင်းတွင်းမြစ်ရိုးတလျှောက် ဧရာတီမြစ်ရိုးတလျှောက် မြစ်သာမြစ်ရိုးတလျှောက်တနိုင်း ဥရုမဲဇာဒေါင်းမြူး ချောင်းတွေတလျှောက် ချင်းပြည်နယ် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးနဲ့ကချင်ပြည်နယ်ကြီးမှာ မိုးတွေများစွာရွာလာနိုင်ပါတယ် အရင်အပတ်ကလည်းမိုးတွေကြီးပြီးစပါးတွေငိုခဲ့ရတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်ရှိ စိုက်ပျိုးရေးသမားများ တောင်သူလယ်သမားဦးကြီးများရင့်မှည့်သီးနှံတွေကို အောက်တိုဘာလ ၃၀ရက်နေ့အပြီး ရိတ်သိမ်း အခြောက်လှမ်း၍ အမိုးအကာအောက်ရောက်ရှိအောင် အလျှင်အမြန်ဆောက်ရွက်ကြဖို့ လိုအပ်ပါတယ်။ မိုးအလိုရှိနေတဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတွေ မှာလည်း မိုးရွာသွန်းနိုင်တဲ့ အခြေအနေကို မြင်တွေ့ရပြီဖြစ်ပြီးဆည်ရေတိုးမိုးတွေ ရွာလာပါတော့မယ်လို့ ကြိုတင်ခန့်မှန်းပေး လိုက်ပါတယ်ရှင့်…

(MMT) Su SuSan

zawgyi

၂၀၂၀ ေအာက္တိုဘာလ ၃၁ရက္ေန႔မွ ႏိုဝင္ဘာလ ၄ရက္ေန႔အတြင္း မိုးႀကီး လာႏိုင္သျဖင့္ သီးႏွံမ်ားပ်က္စီးႏိုင္သျဖင့္ ႀကိဳတင္ျပင္ဆင္ထားႏိုင္ရန္။ မိုးဆိုတာေကာင္းက်ိဴးျပဳသလို ဆိုးက်ိဴးလည္းရွိပါတယ္။မိုးမရွိလို႔မျဖစ္ပါလယ္ယာစိုက္ပ်ိဳးေရး သည္မိုးကအဓိကက်ပါတယ္ ဆည္ေရေသာက္စနစ္ေအာက္ရွိလယ္ယာေျမမ်ားသည္ပင္လွ်င္ မိုးမ႐ြာခဲ့လို႔ ဆည္ေရမရွိခဲ့လွ်င္ စိုက္ပ်ိဳးႏိုင္ၾကလိမ့္မယ္မဟုတ္ပါဘူး။ မိုးကို အက်ိဴးရွိစြာသုံးတတ္ၾကဖို႔ လိုသလိုမိုးေၾကာင့္ပ်က္စီးႏိုင္တာေတြကိုလည္းႀကိဳတင္သိရွိကာကြယ္ႏိုင္ၾကဖို႔ လိုပါတယ္။

မိမိေဒသမိုးမမ်ားေသာ္လည္းပဲ မိမိအထက္မွာမိုး႐ြာျခင္းရွိမရွိ မ်ားမမ်ားကိုလည္း ေအာက္အရပ္ကသူေတြက သိဖို႔လိုပါတယ္ ျမစ္နီးေျမနိမ့္ေခ်ာင္းနီးနဲ႔ ေျမႏုကြၽန္းေပၚ စိုက္ပ်ိဳးေရးသမားမ်ား မသိရွိပဲ စိုက္ပ်ိဳးခဲ့ရင္ ေရတက္နစ္ျမဳပ္ ပ်က္စီးႏိုင္တာေပါ့။ ဒါေၾကာင့္ ရာသီဥတုအေျခအေနႀကိဳတင္ခန႔္မွန္းခ်က္မ်ား လက္ရွိမိုး႐ြာသြန္းေနမႈအေျခအေနေတြကို စိုက္ပ်ိဳးေရးသမား ေတာင္သူလယ္သမားမ်ားအေနနဲ႔ မ်က္ေျခမျပတ္ ရက္ေဝးရက္နီးခန႔္မွန္းခ်က္ေတြကို ၾကည့္ရႈၾကဖို႔ လိုပါတယ္ မိမိသိရွိသလို အျခားသူမ်ားကိုလည္း ျပန္လည္မွ်ေဝေပးျခင္းျဖင့္ မဂၤလာမည္ပါတယ္ေနာ္။

၂၀၂၀ ေအာက္တိုဘာလ၃၁ရက္ေန႔မွ ႏိုဝင္ဘာလ ၄ရက္ေန႔အတြင္း ခ်င္းတြင္းျမစ္႐ိုးတေလွ်ာက္ ဧရာတီျမစ္႐ိုးတေလွ်ာက္ ျမစ္သာျမစ္႐ိုးတေလွ်ာက္တႏိုင္း ဥ႐ုမဲဇာေဒါင္းျမဴး ေခ်ာင္းေတြတေလွ်ာက္ ခ်င္းျပည္နယ္ စစ္ကိုင္းတိုင္းတစ္တိုင္းလုံးနဲ႔ကခ်င္ျပည္နယ္ႀကီးမွာ မိုးေတြမ်ားစြာ႐ြာလာႏိုင္ပါတယ္ အရင္အပတ္ကလည္းမိုးေတြႀကီးၿပီးစပါးေတြငိုခဲ့ရတဲ့ စစ္ကိုင္းတိုင္းအထက္ပိုင္းႏွင့္ကခ်င္ျပည္နယ္ရွိ စိုက္ပ်ိဳးေရးသမားမ်ား ေတာင္သူလယ္သမားဦးႀကီးမ်ားရင့္မွည့္သီးႏွံေတြကို ေအာက္တိုဘာလ ၃၀ရက္ေန႔အၿပီး ရိတ္သိမ္း အေျခာက္လွမ္း၍ အမိုးအကာေအာက္ေရာက္ရွိေအာင္ အလွ်င္အျမန္ေဆာက္႐ြက္ၾကဖို႔ လိုအပ္ပါတယ္။ မိုးအလိုရွိေနတဲ့ စစ္ကိုင္းတိုင္းေအာက္ပိုင္းေတြ မွာလည္း မိုး႐ြာသြန္းႏိုင္တဲ့ အေျခအေနကို ျမင္ေတြ႕ရၿပီျဖစ္ၿပီးဆည္ေရတိုးမိုးေတြ ႐ြာလာပါေတာ့မယ္လို႔ ႀကိဳတင္ခန႔္မွန္းေပး လိုက္ပါတယ္ရွင့္…

(MMT) Su SuSan