“ဖုတ်ဘုရင် ဝင်သော ဒေါ်ဘွားညို” ဖြစ်ရပ်မှန်.. ( ကြောက်လန့်ခြင်း မရှိသော သူများသာဖတ်ရန် )

ဒီနေ့……

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ( ၁၃၇၄- ၁၃၇၅ )ခုနှစ် မြန်မာနှစ်သစ် ကူး (နှစ်ဆန်း ၅ ရက်နေ့ပင်ဖြစ်သည် )။ သင်္ကြန်းပြီးသည်နှင့် နွေဟူသော ပုံရိပ်များ သည်လည်း တပြိုင်နက် အုပ်စိုးလာခဲ့ပြီး အလွန်ပင် ပူအိုက်လွန်းသည့် အချိန်ကာလလေးပင် ဖြစ်လေသည် ။ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ လက်ပံ့တန်းကျေးရွာလေး တွင်ဖြစ်၏ ။ ဝါးခယ်မမြို့ပေါ်မှ အပ တောရွာဘက်များ တွင် စိုက်ပျိုးရေး လုပ်ငန်းများအား စီးပ္ပားရေးအဖြစ် အဓိကထားလုပ်ကိုင်ကြပြီး တောရွာဘက်များတွင် ရေလမ်းခရီးကိုသာ အဓိကထား အသုံးပြုလေ့ရှိကြ သည် ။

လယ်ကွင်းပြင် အသီးသီးများ တွင် လည်း နွေစံပါးများရိတ်သိမ်းထားသည်ကြောင့် ကွင်းပြင်တိုင်းလိုလိုတွင် ရိုးပျက်အခြောက်များသည်လည်း နေလောင်ထားစေခါ ရွှေဝါရောင်သန်းနေလျက်ရှိပြီး လယ်ကွင်းပြင်များမှာလည်း ဝင်းဝါနေလျက်ရှိသည်။

နေဆောင်းလာသည်နှင့် ရွာရှိကလေးငယ်လေး များသည် လည်း ကစားနည်းမျိုးစုံဖြင့် ကွင်းပြင်လေးများ တွင် ဆော့ကစားနေကြပြီး ဆူညံနေလျက် လဲရှိနေကြသည် ။ ထိုလက်ပံ့တန်းကျေးရွာလေးဟာ ချောင်းဘက်သို့ နေအိမ်များအားလုံးဟာ မျက်နှာမူထားလျက်ရှိပြီး၊ အနောက်ဘက်တွင်သာ စိုက်ခင်းကွင်းပြင်များ တည်ရှိနေခဲ့သည်။ ချောင်းလေးဟာလည်း ရေတတ်၊ ရေကျရှိခါ ကြည်စိမ်းနေသော ရေများပင် မဟုတ် ၊ ရွှံ့နစ်ရောင်သမ်းနေခဲ့သော ချောင်းရေပင်များဖြစ်သည်။

သို့သော်လည်း ထို တစ်ရွာလုံး ဟာ ထိုချောင်းလေး ကိုသာ အားကိုးအားထားပြုစေခါ စိုက်ခင်းများအတွက် ထိုချောင်းလေးအတွင်းမှ ရေများရယူလျက်ရှိသည်။ ထိုတင်မက ထိုချောင်းလေးကို အမှီပြု၍ သောက်သုံးရေများ အားလည်း အသုံးပြုကြရသည် ။

တစ်ညနေတွင် ထိုရွာလေး၌ ငယ်မွေးခြံပေါက်နေ ထိုင်လာသူ ဒေါ်ဘွားညိုဟူသော အဘွားအို တစ်ယောက်နှင့် သူ၏မြေးမလေးမှာ ချောင်းရေတတ်လာလေပြီး ရေကြည်သည့်အချိန်၌ သောက်သုံးရေခတ်ရန် စောင့်စားနေခဲ့သည် ။ အသက်ကြီးပြီဖြစ်သည့် ဒေါ်ဘွားညိုဟာ လည်း ထိုကဲ့သို့ ပူလောင်လွန်းလှသော နွေရာသီအား သူတစ်ယောက် ခံနိုင်ရည်ရှိစွာ ကျော်ဖြတ်စေခါ ညနေဆောင်းသည် နှင့် နေအိမ်နှင့် အလှမ်းဝေးရာ ချောင်းလေးနံဘေးနား တွင် အမြဲတစေ အနားယူလေ့ရှိသည်။

ယခုအခါတွင်လည်း နေအိမ် ၌ သောက်သုံးရေ ကုန်ခမ်းနေခဲ့ခြင်းကြောင့် မြေးမလေးအား အဖော်ခေါ်ခါ ချောင်းလေးနံဘေး တွင် မြေးဘွားနှစ်ဦး အပန်းဖြေထိုင်နေလေခဲ့သည်။ မြေးမလေး မှာ ခြောက်နှစ်သမီးအရွယ်မျှသာ ရှိသေးပြီ ကလေးပီပီ အဘွားအိုအားချောင်းလေးနံဘေးတွင် ထားရစ်စေခါ ဆော့ကစားနေခဲ့သည် ။ ဒေါ်ဘွားညို သည်လည်း ချောင်းလေးအတွင်း၌ ရေပြည့်နေပြီဖြစ်သောကြောင့် သောက်သုံးရေ ခပ်ယူရန် ထိုင်နေရာမှ ဖြည်းညင်းစွာထလိုက် သည် ။

ဖုတ်ဘုရင်ဝင်သော ဒေါ်ဘွားညို” ဖြစ်ရပ်မှန်..
ထို့နောက်ရိုးပျက်ခြောက်များအား နင်းစေခါ သုံးလေး လှမ်းမျှ လှမ်းလိုက်ချိန်တွင် ”အား!…”ဟူသော အသံနှင့် မြေပြင်ပေါ် သို့ ထိုင်လျက်သား လဲကျသွားခဲ့သည်။ မြေးမလေးမှာလည်း အဘွားဖြစ်သူ လဲကျသွာသောကြောင့် ဆော့ကစားနေရာမှ အဘွားညို၏နံဘေးသို့ အပြေးရောက်ရှိလာ ခဲ့ သည်။

အဘွား …အဘွား …. ဘာဖြစ်တာလဲ….

မြေးမလေး ၏ အမေးများအား အဘွားညို တစ်ယောက် ပြန်လည် အဖြေမပေးနိုင် ။ မြေပြင်ပေါ်သို့သာ ခေါင်းငိုက်စိုက်ကျသွားခဲ့ရသည်။ မြေးမလေးမှာလည်း အဘွားအို တစ်ယောက် ထိုကဲ့သို့ဖြစ်သွားခဲ့သည်ကြောင့် ကလေးမလေးမှာ မည်သို့ပင်လုပ်ဆောင်ပေးရ မ ည်မှန်း မသိခဲ့ချေ ။ သို့နှင့် မိဘများရှိရာနေအိမ်ဆီသို့သာ ကလေးမလေးမှာ အပြေးပြန်လည် သွားလေ ခဲ့သည် ။ အဘွားညို အားလည်း ထိုကဲ့သို့သာ ပြေပြင်ပေါ်၌ ခေတ္တထားရစ်ခဲ့ ရသည် ။ ကလေးပီပီ နေအိမ်ဆီသို့ အပြေးရောက်ရှိလာခဲ့ပြီး နေအိမ်အတွင်း၌ စကားဝိုင်းဖွဲ့ပြောဆိုနေကြသော လူကြီးမိဘများအား မောဟိုက်စွာဖြင့် ထိုသို့ပြောဆိုလေ ခဲ့သည်။

အဖေ… အမေ အဘွား အဘွား…

ဟဲ့… မိဝိုင်းဘာဖြစ်လာတာတုန်း အမေရော နင့်အဘွားညိုရော ဘယ်မတုန်း ဟို… ဟို… အဘွား အဘွားညိုချောင်းဘေးနား မှာ လဲကျသွားလို့ သမီးလာပြောတာ နှိုးလို့လဲမရတော့ဘူး ..ဟင်… ဟာ… ဘယ်မှာလဲသမီး အဖေတို့ကိုလိုက်ပြစမ်း

ထိုအဘွားညိုတွင် သားတစ်ယောက်ရှိခါ၊ သားဖြစ်သူမှာလည်း မိခင်ဖြစ်သူဒေါ်ဘွားညိုအား ယခုအချိန်ထိ ရှာဖွေကျွေးမွေး စောင့်ရှောက်ထားစေခဲ့သည်။ သားဖြစ်သူ၏ ဇနီးသည် မအေးမြင့်မှာလည်း ယောက်္ခမဖြစ်သော ဒေါ်ဘွားညိုအား မိခင်အရင်းသဖွယ်ပြုစုစောင့်ရှောက်စေခါ ချွေးမဖြစ်သော မအေးမြင့်အားလည်း ဒေါ်ဘွားညိုမှာ သမီးအရင်းသဖွယ် ချစ်ခင်ကြလေသည်။

ယခုမိခင်ဖြစ်သူဒေါ်ဘွားညို တစ်ယောက် ချောင်းလေးနံဘေး တွင် လဲကျသွားခဲ့ သည်ဟု သမီးဖြစ်သူမှ အလောတကြီးလာရောက်ပြော ဆိုလေခါ ဒေါ်ဘွားညို၏တစ်ဦး တည်းသော သားဖြစ်သူ သည်လည်း သမီးလေးလမ်းပြရာဆီသို့ ဇနီးသည်နှင့် အတူ လိုက်ပါဦးတည်သွားလေခဲ့သည် ။

ကလေးမလေး သည်လည်း အဘွားဖြစ်သူ ရှိနေရာဆီသို့ အလောတကြီးလမ်းပြလေခါ မလှမ်းမကမ်းနေရာဆီ သ်ို့အရောက် မိခင်ဒေါ်ဘွားညိုအား သားဖြစ်သူ ကိုအုန်းမောင် တစ်ယောက် အဝေးမှမြင်တွေ့လိုက်ရသည်။ ဒေါ်ဘွားညိုမှာ ပြေကျနေသော ဆံထုံးအားမြေပြင်အပေါ်မှ ငုတ်တုတ်အနေထားဖြင့် ရစ်ပတ်နေခဲ့ပြီး မိမိရှိ နေရာဆီ သို့ အလောတကြီးဦး တည် လာနေသော သားဖြစ်သူအားမြင်တွေ့လိုက်ရလေသည်။ သို့နှင့် ငုတ်တုတ်အနေထား ထိုင်နေသည့်မြေပြင်အပေါ်မှ ဒေါ်ဘွားညိုတစ်ယောက် ဆတ်ခနဲထ လိုက်ခါ မိမိအနားသို့သားဖြစ်သူ ရောက်ရှိလာမည့် အချိန် ကိုသာ စောင့်မျှော်နေ လိုက်သည်။

အမေ အမေ… ဘာ… ဘာဖြစ်သွားတာလဲ….. ဘာမှမဖြစ်ပါဘူးသားရယ် ခေါင်းထဲကနေ မိုက်ခနဲဖြစ်ပြီး မူးသွားလို့ပါ…ဘွားဘွား… ဘွားဘွားအခုနတုန်းက မြေကြီးအပေါ်မှာလဲကျသွားတာလေ….မဟုတ်ပါဘူးမြေးရဲ့… မူးသွားလို့အဘွား ခဏလေးမှေးနေလိုက်တာေ တ်ာသေးတာပေါ့အမေရာ လာလာ… အိမ်ပြန်ကြမယ် နောက်နေ့လဲ ဒီကိုတစ်ယောက်တည်းလာထိုင်မနေပါနဲ့ အိမ်နားမှာပဲနေပါအမေရဲ့…အေးပါသားရယ်

မြေးဖြစ်သူ ကလေးမလေး မိဝိုင်းတစ်ယောက် ဘွားအေဖြစ်သူအား နားမလည်နိုင်ခဲ့ပေ။ လှုပ်နှိုး၍မရလောက်အောင် ပင် အဘွားဖြစ်သူ လဲကျသွားသည်ကြောင့် မိဘများထံသို့ လာရောက်အကြောင်းကြားစေခဲ့သော်လည်း ယခုအခါ ဒေါ်ဘွားညိုမှာ လူကောင်းပကတိအတိုင်း ပြန်လည်ကောင်းမွန်နေခဲ့သည်။

ဖုတ်ဘုရင်ဝင်သော ဒေါ်ဘွားညို” ဖြစ်ရပ်မှန်..
ဒီလိုနဲ့ နေထိုင်လာခဲ့ရာမှ တစ်ပတ်ခန့် အကြာတွင် ဒေါ်ဘွားညို တစ်ယောက် လူကြီးရောဂါဖြင့် နေထိုင် မေ ကာင်းဖြစ်လာခဲ့သည် ။ နာတာရှည် ရောဂါပုံစံဖြင့် အိပ်ယာအတွင်း ၌ လဲလျောင်းနေ ခဲ့ရပြီး အသက်ကို ပင်လျင် မည်သည့် အချိန် ၌ ထွက်သွားမည်နည်း ဟု မိသားစုများ မှ စိုးရိမ်တကြီး စောင့်စားနေခဲ့ရသည်။ သို့သော်လည်း ဒေါ်ဘွားညို မှာ ဤကဲ့သို့ဖြစ်နေ ခဲ့ရသည် မှာ သုံးရက်မြောက်လာခဲ့ပြီး မျက်လုံးကလေးများ ပွင့်လစ်လာနိုင် ခဲ့သည်။ မျက်လုံးပွင့်သည့် အခါမျိုးတွင်လည်း ပြူးကြောင်ကြောင်ပုံစံဖြစ်နေခါ မျက်လုံးအိမ်များသာ လှုပ်ရှားနေခဲ့ပြီး ကိုယ်လက်အင်္ဂါလှုပ်ရှားနေခဲ့ခြင်းမရှိခဲ့ချေ။

အမေ… အမေ သက်သာရဲ့လား…သက်သာပါတယ်….အမေ ဆန်ပြုတ်လေးသောက်လိုက်ဦးနော်…မသောက်ချင် ပါဘူး…သောက်လိုက်ပါအမေရယ် အဲ့ဒါမှအမေ နေမြန်မြန်ကောင်းလာမှာပေါ့…ညည်းတို့ကလဲအေ တဆိတ်ရှိ ဒီဆန်ပြုတ်ကြီးပဲ လာလာတိုက်နေတယ် အဲ့ဒါတွေငါမသောက်ချင်ဘူး အားရှိအောင် …. ကြက်သားဆွတ်ပြုတ်လေးလုပ်ပေးပါလား ….လုပ်ပေးမှာပေါ့အမေရ… ခဏလေး သမီးအခုချက်ချင်း သွားပြုတ်ပေးမယ်နော်

နေထိုင်မကောင်းဖြစ်နေစဉ် ပထမတစ်ပတ်အတွင်း ဒေါ်ဘွားညိုတစ်ယောက် ထိုကဲ့သို့ တောင်းဆိုလာခဲ့၏။ မိသားစုများမှာလည်း မနာမကျန်းဖြစ်နေသည့် မိခင်ဖြစ်သူအား တောင်းဆိုသမျှ မညည်းမညူပြုလုပ်ပေးနေခဲ့သည်။ သို့သော်လည်း ကျန်းမာရေးအခြေနေမှာ ကောင်းမွှန်လာခဲ့ခြင်းမရှိ၊ တလျောင်လျောင်နှင့်သာ ဖြစ်နေခဲ့ရသည်။ ဆေးဆရာပြသော်လည်း သွေးပေါင်ချိန်ပုံမှန်ဖြစ်နေပြီ ခဏအကြာ၌ သွေးပေါင်းများစွာ တတ်နေခါ၊ ခဏအကြာတွင်လည်း သွေးပေါင်းများမှာ ကျဆင်းနေခဲ့ရသည်။

သားဖြစ်သူ ကိုအုန်းမောင်မှာလည်း နာတာရှည်ရောဂါသည်ဖြစ်နေသည့် မိခင်ဒေါ်ဘွားညိုအား အချိန်ပြည့်စောင့်ကြည့်မပေးနိုင်ခဲ့ချေ။ မိသားစု၏ စားဝတ်နေရေးများအတွက် စီးပ္ပားရေးတစ်စုံတစ်ရာ လုပ်ကိုင်နေခဲ့ရပြီး၊ ချွေးမဖြစ်သူ မအေးမြင့်မှာလည်း မီးဖိုချောင်သို့ မနက်၊ ညနေ ပုံမှန်ဝင်နေခဲ့ရသေးသည်။ ထို့ကြောင့် တစ်ခါတစ်ရံများတွင် လူမမာသည်ဖြစ်သည် ဒေါ်ဘွားညိုအား ၆နှစ်သမီးလေးနှင့်သာ ရှိနေစေခဲ့ရသည်။

ဒေါ်ဘွားညိုတစ်ယောက် နာတာရှည်ဖြင့် အိပ်ယာ အတွင်း သို့ လဲလျောင်းနေခဲ့ရသည် မှာ ယခုနှင့် ဆိုလျင် သုံးပတ် တင်းတင်းပြည့်နေပြီးဖြစ်သည်။ တစ်မနက်တွင် မိခင်ဖြစ်သူဒေါ်ဘွားညိုအား ကိုအုန်းမောင် တစ်ယောက် နှုတ်ဆတ်လေခါ လယ်ထဲသို့ ဆင်းသွားချိန်၌ မီးချောင်ဖိုထဲမှ မအေးမြင့်၏စကားသံတချို့ ကြားလိုက်ရလေသည်။

မအေးမြင့် မှာ သမီးဖြစ်သူ မိဝိုင်းလေးအား ဒေါ်ဘွားညို အနား မှ ခေတ္တခေါ်ဆောင်လေခဲ့ပြီး၊ ဤကဲ့သို့ပြောဆိုလေခဲ့သည်…။

သမီး… ဆန်ပုံးထဲက အမဲသားခြောက်တွေ တွေ့မိသေးလား၊ အမေ တစ်နေ့ကမှ ဝယ်လာတဲ့ အသားခြောက်အတွဲတွေလေ…ဟင့်အင်း သမီးမသိဘူးလေမေမေရဲ့အေးကွယ် အမေဘယ်မှာများ ထားမိလိုက်ပါလိမ့် သြော်သမီး အမေ မေ့နေရင် သတိပေးဦးနော် ဒီမှာအသားခြောက်တွေ အမေဒီဆန်ပုံထဲ ထပ်ထည့်ထားတယ်သိလားဟုတ်ကဲ့အမေ ….အေးအေး ဘွားဘွားနား မှာ ခဏသွားနေပေးဦး ဘွားဘွားကြီးနားမှာလည်း ဆော့ချည်းပဲမနေနဲ့ဦးနော် မေမေဟင်းချက်ပြီးတာနဲ့ အိမ်ရှေ့လာခဲ့မယ်..ဟုတ်ကဲ့ပါမေမေရဲ့….

မအေးမြင့်တစ်ယောက် စဉ်းစားမရခဲ့ချေ။ ဆန်ပုံးအတွင်း သို့ ထည့်ထားခဲ့သော အသားခြောက် များ ပျောက်ဆုံးသွား ခဲ့ပြီး၊ သို့သော်လည်း မိမိသာလျင် နေရာအထားမှား သည်ဟု ဖြေသိမ့်စေခါ မေ့မေ့ဖျောက်ဖျောက်ထားလေ ခဲ့သည်။ နေ့လည်ခင်းအချိန် ၌ ဒေါ်ဘွားညိုအား သွေးအားကောင်းစေရန် အလို့ငှာ ချွေးမဖြစ်သူ မအေးမြင့်တစ်ယောက် အမဲသားကျော်လေး များနှင့် ထမင်းဆီ ဆန်းလေးများ ကျွေးရန် ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း မှေးဆက်နေ သည့် ဒေါ်ဘွားညိုတစ်ယောက် ချွေးမဖြစ်သူ ကျွေးမွေးသော ထမင်းများအား ဤကဲ့သို့ငြင်းဆန် စကားပြောဆိုလေ ခဲ့သည်။

ဟင့်အင်း မစားချင်ပါဘူးအေ ကျုပ်မစားနိုင်ပါဘူး ရင်တွေအရမ်းပူနေလို့ပါ…. အမေရယ် နည်းနည်းလေးဖြစ်ဖြစ်တော့ စားလိုက်ပါ ဒါမှအမေ အားရှိမှာပေါ့ စားလိုက်ပါနော်အမေ….ဟင့်အင်း မစားချင်ပါဘူး ကျုပ်မဆာသေးဘူး… ဒါဆိုလဲ အမေဆာတဲ့အချိန်ကျရင် ပြောလေနော် သမီးဟိုဘက်ပိုင်းမှာ အကျွေးသွားတောင်းစရာရှိသေးတယ်အမေရဲ့ ဒီနေ့မှ သွားမတောင်းရင် သမီးအကြွေးဆုံးရတော့မယ်…အေးဟယ်… အပူတွေ အပူတွေ သွားသွား ငါ့မြေးမလေးကိုတော့ ငါနဲ့ထားခဲ့ပါ….ထားခဲ့မှာပါ သမီး!…ဘွားဘွားကြီးအနားမှာပဲ ခဏနေပေးဦးနော် မေမေအကျွေးတောင်းပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်ကြားလား ဟုတ်ကဲ့အမေ သမီးဘွားဘွားကြီးနားမှာပဲ နေမှာပါ….

ဒီလိုနှင့် မအေးမြင့် တစ်ယောက် တစ်ဘက်ပိုင်းမှအကြွေးတောင်းယူလေခါ နေအိမ်ဆီသို့ ချက်ချင်းပင်လျင် ပြန်လည်ရောက်ရှိလာ ခဲ့သည်။ ရာသီဥတုမှာလည်း အလွန်ပင်ပူပြင်းလှ သည်ကြောင့် စောင်းယူသွားခဲ့သော ခမောက်လေးအား ချွတ်စေခါ ဒေါ်ဘွားညိုနှင့် မိဝိုင်းလေးရှိနေသော နေရာဆီသို့ လှမ်းကြည့်မိလိုက်သည်။ မြေးဘွားနှစ်ဦးသား အလွန်ပင် ချစ်ကြလေသလား၊ ပူးပြင်းလှသော နေလည်ခင်းအချိန် ၌ တစ်ဦးနှင့် တစ်ဦး ဖတ်လျက်အိပ်နေခဲ့ကြသည်။

အနီးရှိ ထမင်းပန်ကန်ဆီရှိ အကြည့် တစ်စုံသည်လည်း ရောက်ရှိသွားခဲ့သည် ။ ထိုအခါ ဟင်းပန်းကန်နှင့် ထမင်းပန်းကန်တစ်ခုလုံး ပြောင်ရှင်းနေခဲ့ပြီး ဟင်းနှင့် ထမင်းများသည်လည်း ရှိမနေတော့ချေ။

မျက်မှောင်ကြုတ်လျက် စဉ်းစားလိုက်မိ၏။ သြော် သမီးလေးတစ်ယောက် ဘွားအေလုပ်သူ ၏ ထမင်းများအား စားသောက်လိုက်လေသလား။ မေးမြန်းမနေတော့ပဲ ပြောင်ရှင်းနေသော ပန်းကန်များကိုသာ သိမ်းဆည်းလိုက်လေသည်။ ညနေဆောင်းအချိန်သို့အရောက် သားဖြစ်သူကို အုန်မောင် တစ်ယောက် လယ်တောအတွင်းမှ နေအိမ်ဆီသို့ပြန်လည်ရောက် ရှိလာ ခဲ့ပြီး မိခင်ဖြစ်သူအား ထိုသိုမေးမြန်းလေ ခဲ့သည်။

အမေ… နေ့ခင်းကရော ထမင်းကောင်းကောင်းစားရဲ့လား….မစားချင်ပါဘူး အုန်းမောင်ရာ အမေမဆာ ပါဘူး …ဟာ!… အမေရာ မစားချင်လို့ရမလား အားရှိအောင်တော့ နည်းနည်းပါးပါးဖြစ်ဖြစ်စားရမှာပေါ့ အမေ့သမီးကရော အမေမစားချင်ဘူးဆိုတာနဲ့ မကျွေးတော့ဘူးလား …အင်း… ဟာ.ဒီမိန်းမကတော့ လုပ်ပြီ

မိခင်ဖြစ်သူ၏ ပြောစကားများကြောင့် ကိုအုန်းမောင်မှာမူ ဇနီးဖြစ်သူ မအေးမြင့်အား အဘယ်ကြောင့် မနာမကျန်းဖြစ်နေသော မိခင်ကြီးအား ထမင်းမကျွေးရသနည်းဟု စကားများပြောဆိုစေခဲ့သည်။ မအေးမြင့်မှာလည်း မိမိကိုယ်၌ပင် ဒေါ်ဘွားညိုအား ထမင်းကျွေးခဲ့ပြီး မစားသေးသောကြောင့် နံဘေးနားတွင် ထမင်းပန်းကန်များ ခေတ္တထားရစ်စေခါ အလုပ်ကိစ္စနှင့်အပြင်မှ ပြန်လာချိန်၌ ပန်းကန်များထဲမှ ထမင်းဟင်များကုန်ဆုံးနေကြောင်း ပြောဆိုလေခဲ့သည်။

သို့သော်လည်း ကိုအုန်းမောင်မှာမူ မိခင်ဖြစ်သူ စားသောက်လိုက်ခြင်းဟု မထင်မြင်ခဲ့ပဲ မိဝိုင်းလေးသာ စားသောက်ခဲ့သည်ဟု ထင်မြင်စေခါ မိခင်ဖြစ်သူအား အဘယ့်ကြောင့် ကောင်းမွန်စွာ မစောင့်ရသနည်းဟု ပြောဆိုလေခဲ့ရင်း ဇနီးဖြစ်သူနှင့် အပြန်အလှန် စကားများခက်ရန်ဖြစ်ခဲ့လေသည် ။ ထိုနေ့ည ၌ ကိုအုန်းမောင်နှင့် ဇနီးဖြစ်သူ မအေးမြင့်တ်ို့သည်လည်း လင်မယားခြင်း စကားများရန်ဖြစ်မှု့နှင့် တစ်ဦးကို တစ်ဦး စိတ်ဆိုးနေခဲ့လေသ ည်။ အမှန်တကယ်ပင်လျင် မအေးမြင့်မှာမူ ယောက်က္ခမဖြစ်သည့် ဒေါ်ဘွားညိုအား မိခင်အရင်း သဖွယ် အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်ပေးနေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူမ၏စေတနာများ လင်ယောကျာ်း တစ်ယောက် မမြင်တွေ့နိုင် ခဲ့ခြင်းကြောင့် လွန်စွာစိတ်မကောင်းဖြစ်မိသည်။ ဒေါ်ဘွားညိုဟာလည်း မိမိကိုယ်တိုင်လာရောက် ကျွေးမွေးခဲ့ခြင်းကို သူတစ်ယောက် သိရှိထားသော်လည်း သားဖြစ်သူမေးမြန်းသော အခါ ၌ လင်မယားခြင်းခတ်ရန်ဖြစ်ပွားစေနိုင်သော စကားများအဘယ့်ကြောင့် ပြောဆိုလိုက်ရပါသနည်း။ ထိုနေ့ည၌ ကိုအုန်းမောင်မှာ မိခင်ဖြစ်သူ၏နံဘေးနား တွင် အိပ်စက်လေခါ မအေးမြင့်နှင့် သမီးလေးမိဝိုင်းတို့မှာမူ အိပ်ခန်းအတွင်းသို့ ဝင်ရောက် အိပ်စက်လေခဲ့ သည်။

မအေးမြင့်သည်လည်း တောင်တွေး ၊မြောက်တွေးဟူသော အတွေးများဖြင့် ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပေ ။ သို့နှင့် အိပ်ယာလေး အတွင်းမှ ထစေခါ အပေါ့အပါးသွားရန် အတွက် နောက်ဖေးမီးဖိုချောင်ဘက်သိှုီု့ဦးတည်လျောက်လှမ်းသွားလေသည်။ တောရွာလေးဖြစ်သည့်အလား ညနက်လာလေလေ အမှောင်ထုကြီး မှာ နေအိမ်တစ်ခုလုံးအား အုပ်စိုးလာလေလေဖြစ်နေရသည် ။ ထို့ကြောင့် မီးခွက်ကလေးကိုသာ ကိုင်ဆောင်စေရင်း မအေးမြင့်တစ်ယောက် နောက်ဖေးချောင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ထင်းချောင်းများနှင့်ပြည့်နှပ်နေခဲ့သော မီးဖိုချောင်လေး အတွင်းမှ တစ်စုံ တစ်ခုသော အသံလေးများကြားလိုက်ရသောကြောင့် မီးခွက်လေးအား မြောက်ကိုင်လျက် မီးဖိုချောင်ဘက်သို့ ငေးမောကြည့်ရှု့လိုက်သည်။ မျက်မှောင်ကျူတ်ထားရင်း နှုတ်မှလည်း ထိုသို့စကားသံ ထွက်ပေါ်လာခဲ့သည်။

ဟင်!… အမေ

မြင်တွေ့လိုက်ရ၏။ အိပ်ယာလေးထဲ ၌် ရက်ပေါင်းများစွာ နေမကောင်းဖြစ်နေခဲ့ရပြီး လဲလျောင်းနေခဲ့သော ယောက်က္ခမဖြစ်သူ ဒေါ်ဘွားညို တစ်ယောက် ။ ယခုအခါ နောက်ဖေးမီးဖိုချောင် အတွင်းမှ အဖြူရောင်သမ်းနေခဲ့သည့် သူမ၏ ဆံပင်များအား ကျောပြင်အပေါ်သို့ ဖီချထားစေခါ ခါးပေါ်မှ လုံချည်ထမိန်ဟာလည်း ရင်ခေါင်းအထိ မြောက်ပင့်ဝတ်ဆင်ထား ခဲ့သည် ။ မအေးမြင့်၏ခေါ်လိုက်သော စကားသံကြောင့် ဒေါ်ဘွားညိုမှာ လည်း လှုပ်ရမ်းနေရ မှ ဆတ်ခနဲငြိမ်သတ်သွားခဲ့သည်။

မအေးမြင့်ဟာလည်း ကြောင်တောင်တောင်ဖြစ်သွား ခဲ့ရင်း ဒေါ်ဘွားညို၏ အနားသို့ တစ်လှမ်းချင်းလှမ်းသွားလေခဲ့သည် ။ ဒေါ်ဘွားညို၏ အနားသို့ နီးကပ်လာချိန်၌ ဒေါ်ဘွားညိုဟာ မအေးမြင့်၏ ဘက်သို့ ဆတ်ခနဲ လှည့်လိုက်လေသည် ။

အမလေး!

ပြေကျနေသော ဆံပင်များဟာ မျက်နှာပြင်အပေါ်သို့ တစ်စွန်းတစ်စ ကျရောက်နေခါ ပါးစပ်တွင် လည်း ဆန်ပုံး အတွင်းမှ အမဲသားခြောက်များ အစိမ်းလိုက်ဝါးစားနေခဲ့လေသည် ။ ချွေးမဖြစ်သူ မအေးမြင့်အားလည်း ပြုံးရယ်ပြလိုက် သည်က အလွန်ပင်ကြောက်စရာကောင်းလှသော မျက်နှာထားနှင့်ပင်ဖြစ်လေသည်။ ထို့ကြောင့် မအေးမြင့်သည်လည်း ကြောက်လန့်တကြား အော်ဟစ်မိလိုက်ခါ ထိုနေရာ ၌သာ မေ့လဲကျသွားခဲ့ရသည်။

မအေးမြင့်၏ အော်ဟစ်လိုက်သော အသံများကြောင့် ကိုအုန်းမြင့်တစ်ယောက်သည်လည်း အိပ်နေရာမှ လူးလဲထလာခါ အသံကြားရာဆီ သို့ ရောက်ရှိလာခဲ့သည်။ အသံဟာ နောက်ဖေးမီးဖိုချောင်အတွင်း မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မီးချောင်းအတွင်း သို့အရောက် မီးခွက်ကလေးဘေးတွင် လဲကျနေခဲ့သော ဇနီးဖြစ်သူအား မြင်တွေ့လိုက်ရလေသည် ။ သို့နှင့်ဇနီးဖြစ်သူအား ပွေ့ဖတ်လိုက်ခါ သတိလည်လာစေရန် လှုပ်နိုးစေခဲ့သည် ။

ကိုအုန်မြင့်၏ လှုပ်နှိုးမှုများကြောင့် မအေးမြင့်သည် လည်း ”ဟင်!…”ဟူသော အသံ အား ဦးစွာထွက်ပေါ် လာခါ လင်ယောကျာ်းအား သိုင်းဖတ်လိုက်လေသည်။ ကိုအုန်းမြင့်မှာလည်း ဇနီးဖြစ်သူတစ်ယောက် အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်ရသနည်းဟု မေးမြန်းလေခဲ့သည် ။ ထိုအခါ မအေးမြင့်မှာ မီးဖိုချောင်အတွင်း၌ပင် ထိုသို့ပြန်လည်ဖြေကြားလေ ခဲ့သည်။

အမေ… အမေ…

ဟင်… အမေ… အမေဘာဖြစ်လို့လဲ။….

အမေ… အမေဆံပင်စုတ်ဖွားကြီးနဲ့ ဆန်ပုံးထဲက အသားခြောက်တွေကိုလဲ အစိမ်းလိုက်ဝါးစားနေတယ်…..

ဘာ!… ဘယ်လို… အမေက ဟုတ်လား…

ဟုတ်… ဟုတ်တယ်…

ဟာကွာ… မင်းဘာတွေလျောက်ပြောနေတာလဲ အမေငါနဲ့အတူတူ အိပ်နေတာလေ…မဟုတ်သေးဘူးကိုအုန်းမြင့် အမေမှအမေစစ်စစ် ကျွန်မမျက်စိနဲ့ ကိုး တပ်အပ်မြင်ခဲ့တာ ပုံစံကလဲ ကြောက်စရာ အရမ်းကောင်းနေတယ်။ တော်တော့အေးမြင့် မင်းငါ့အမေကို အဲ့လိုမပြောနဲ့ အမေအိပ်ယာထဲမှာ လဲနေခဲ့တာဘယ်လောက်ကြာပြီလဲ မင်းပြောသလို ဖြစ်နိုင်ပါ့မလား ညနေက အမေနဲ့ပတ်သတ်ပြီး မင်းကိုငါအပြစ်ပြောမိလို့ အမေ့ကိုမင်းအဲ့လ်ုပြောနေတာလား မဟုတ်ဘူးယောကျာ်း … ကျွန်မတကယ်ပြောနေတာ တော်တော့ မင်းဆက်မပြောနဲ့တော့ လာ… အမေငါ့ဘေးနားမှာ အိပ်နေတာ အခုချိန်ထိပဲ မင်းကိုလိုက်ပြမယ်။

လင်မယားနှစ်ယောက်သား ခက်ရန်ဖြစ်ခါ စိတ်ဆိုးထားကြသော်လည်း ကိုအုန်းမြင့်မှာမူ မိန်းမဖြစ်သူ အော်ဟစ်သံအား ကြားလိုက် ရသည်ကြောင့် ဂရုဏာစိတ်ဖြင့် အပြေးရောက်ရှိလာခဲ့သည်။ သို့သော် မိန်းမဖြစ်သူအား အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်းဟု မေးမြန်းလိုက်ချိန်၌ မိခင်ဖြစ်သူအား မကောင်းပြောနေသော စကားသံများသာ ကြားလိုက်ရလေသည်။ ထိုကြောင့် စိတ်ဆိုးစွာနှင့် မအေးမြင့်အား လက်ဆွဲခါ မိမိနှုင့်အတူ အိပ်စက်နေသော မိခင်ကြီးအား လိုက်လံပြသလေခဲ့သည်။

မအေးမြင့်တစ်ယောက် အံ့သြကြီးစွာမြင်တွေ့လိုက်ရ၏။ ဒေါ်ဘွားညိုတစ်ယောက် အိပ်မောကျနေခဲ့သော ပုံစံကိုပင်။ သူမမြင်တွေ့လိုက်ရသည့် မျက်နှာပုံစံဖြစ်နေသော်လည်း ဆံပင်များ ဖီးကျနေခဲ့ခြင်းမရှိ။ သပ်ယပ်စွာ လူကြီးဆံထုံး ထုံးထာသည်ကိုပင် မြင်တွေ့စေခဲ့ရသည်။ ဘယ်မှာလဲအေးမြင့် မင်းပြောတော့ ငါ့အမေ လူမမာသည်က လမ်းလျောက်နေတယ်ဆို အသားခြောက်တွေ အစိမ်းလိုက်စားနေတယ်ဆို မင်းကွာ

သူမ မည်သို့ပင်ပြောဆိုရမည်နည်း။ လင်ယောကျာ်းတစ်ယောက် စိတ်ဆိုးစွာပြောဆိုနေခဲ့သော စကားများကိုသာ သူမတစ်ယောက် ခေါင်းငုံ့ခံနေခဲ့ရတော့သည်။ မနက်လင်းသည်နှင့် ဒေါ်ဘွားညိုမှာ ထိုင်နိုင်သည့်အခြေနေသို့ ရောက်ရှိလာခဲ့ပြီး ကိုအုန်းမြင့်မှာမူ လဟ်တောအတွင်းသို့ အလုပ်မဆင်းခဲ့ဘဲ မိခင်ဖြစ်သူကိုသာ စောင့်ရှောက်ပေးစေခဲ့သည်။

ဒီလိုနှင့် ယခုဆိုလျင် ဒေါ်ဘွားညိုတစ်ယောက် မနာမကျန်းဖြစ်နေခဲ့သည်မှာ တစ်လတင်းတင်းပြည့်လာခဲ့ပြီးဖြစ်သည်။ ကိုအုန်းမြင့်သည်လည်း လယ်ထဲသို့ မဆင်းခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောကြောင့် ယနေ့၌ အလုပ်ခွင်တွင်းသို့ ဝင်ရောက်သွားစေခါ မအေးမြင့်အားလည်း မိခင်ကြီးအား ကောင်းစွာစောင့်ရှောက်ပေးရန် မှာကြားလေခဲ့သည်။ မအေးမြင့်သည်လည်း ဒေါ်ဘွားညိုအား အရုပ်ဆိုးစွာမြင်တွေ့ခဲ့ရသည့်အချိန်မှ စတင်ခါ ဒေါ်ဘွားညှို၏အနားသို့ ကပ်ရမည်ကိုပင် ကြောက်လန့်နေခဲ့လေသည်။

ယနေ့ နေ့လည်ခင်းအချိန်၌ မအေးမြင့်၏ ငယ်ပေါင်းသူငယ်ချင်းဖြစ်သူ တစ်ဘက်ရွာ မှ မသဇင်အောင်ဟုခေါ်တွင်သော အမျိုးသမီးတစ်ယောက် ရောက်ရှိလာခဲ့သည်။ နေအိမ်အရှေ့မှ အသံပေးစေခါ လာနေကြဖြစ်သည်ကြောင့် အိမ်အပေါ်သို့ တတ်ရောက်ရန် လှမ်းလာလေခဲ့သည်။ မအေးမြင့်သည်လည်း ဒေါ်ဘွားရှင်၏ ဝေယာဝစ္စအတွက်နှင့် နောက်ဖေးသို့ ခေတ္တဝင်သွားသည်ကြောင့် မသဇင်နေအိမ်ပေါ်သို့ တတ်ရောက်လာနေသည်ကိုပင် မသိရှိခဲ့ချေ။

မသဇင်တစ်ယောက် အိမ်အပေါက်ဝသို့ ရောက်ရှိလာခဲ့ပြီး အိပ်ယာအတွင်းမှ မှေးစက်နေသည့် ဒေါ်ဘွားရှင်အား မြင်တွေ့သွားခဲ့သည်။ နေအိမ်အပေါ်သို့ တတ်ရောက်လာသော မသဇင်အား ဒေါ်ဘွားညိုမှာ အိပ်ယာအတွင်းမှ ပြူးကြောင်ကြောင်မျက်လုံးကြီးဖြင့် ကြည့်လိုက်လေခါ နှုတ်မှလဲ ဖော်ရွေစွာဖြင့် ထိုသို့ပြောဆိုလေခဲ့သည်။

ဟဲ့!… မိသဇင် ဘယ်ကလှည့်လာတာတုန်း ညည်းတောင် ငါတို့အိမ် ဘက်မရောက်ဖြစ်တာ တော်တော်ကြာနေပြီနော် ယောကျာ်းမယူသေးဘူးလား(ရယ်မောသံ)

မခို့တရို့ရယ်မောသံနှင့် ဒေါ်ဘွားရှင်မှာ မသဇင်အား ထိုသို့ဆိုခဲ့သည်။ ဒေါ်ဘွားရှင်၏ စကားသံကြောင့် မအေးမြင့်သည်လည်း နောက်ဖေးချောင်မှ ကမန်းကတမ်းထွက်ရောက်လာခါ နေအိမ်အပေါက်ဝတွင် ယောက်က္ခမဖြစ်သူအား ကြောင်တောင်တောင်ပြူးကြည့်နေသည့် သူငယ်ချင်းအား မြင်တွေ့လိုက်လေသည်။

သြော်!… သူငယ်ချင်း လာလေ…. ဒေါ်… ဒေါ်ကြီးနေမကောင်းဘူးလား…အေးလေ… ဘယ်လောက်ကြာပြီတုန်းဟ အမေနေမကောင်းဖြစ်နေတာ အဲ့ဒါကြောင့် ငါလဲနင်တို့ဘက် မရောက်လာဖြစ်တာ …ဟင်… ကြီးတော် နေမကောင်းဖြစ်နေတာ ကြာပြီဟုတ်လား …ဟုတ်တယ် တစ်လတောင်ပြည့်နေပြီ ဟင်… တစ်လတောင်ပြည့်နေပြီဟုတ်လား …အေးလေ… နင်ဘာဖြစ်နေတာလဲ …ဟို… ဟို…

ဟဲ့… မိသဇင်… ညည်းနဲ့အေ… နေမကောင်းဘူးလား နေမကောင်းရင်လဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ဆေးလေးဘာလေး သောက်ပေါ့… ဒါမှမဟုတ်ရင်လဲ ရော့…ဒီမှာ ဆေးလာယူ ရှင်… ရ… ရပါတယ်ကြီးတော်

မသဇင်တစ်ယောက် အလွန်ပင်တွေဝေနေမိသည်။ ခါတိုင်းဆိုလျင် ဒေါ်ဘွားညိုမှာ မိမိအား ယခုကဲ့သို့ဖော်ရွေစွာ ဆက်ဆံလေ့မရှိပဲ ပြုံးပြနှုတ်ဆတ်ရုံမျှသာ ရှိခဲ့သည်။ ယခုအခါ စနောက်ခြင်းအပြုမူများပါ ပြုလုပ်နေခဲ့လေပြီး တစ်စုံတစ်ခုအားလည်း မသဇင်တစ်ယောက် တွေဝေနေမိလေသည်။သို့နှင့် မအေးမြင့်အား မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြလေခါ နောက်ဖေးချောင်သို့ ဝင်ရောက်သွားလေသည်။ မအေးမြင့်သည်လည်း သူငယ်ချင်းဖြစ်သူ၏အနောက်သို့ ခပ်သုတ်သုတ်လိုက်သွားခဲ့ရင်း စကားတစ်ချို့ကြားသိလိုက်ရလေသည်။

သဇင်… နင်ဘာဖြစ်နေတာလဲ…အေးမြင့် နင့်ယောက်္ခမကြီး နေမကောင်းဖြစ်နေတာ တစ်လပြည့်နေပြီဆိုတာ တကယ်လား…တကယ်ပေါ့ဟ… နင့်ကိုငါက နောက်ရမှာလား…မဟုတ်ဘူးဟ… ဒီလို… တစ်နေ့ညနေတုန်းက ကြီးတော်ညိုနဲ့ငါ ရေကျော်ရွာမှာ ခဏဆုံခဲ့သေးတယ် ဘယ်လာတာလဲမေးတော့ ရေကျော်ရွာက သူ့မောင်ဆီကို လာတာလို့လဲပြောတယ် သူ့မျက်နှာလဲ သိပ်မကောင်းဘူး ပြီးတော့ ငါ့ကိုလဲ အခုလိုမျိုးဆက်ဆံတာမဟုတ်ဘူး အရင်လိုပြောချင်သလို မပြောချင်သလို ပုံစံမျိုးနဲ့ပဲ။ သူ့မောင်ဆီသွားဦးမယ်ဆိုပြီး ငါ့ကိုနှုတ်ဆတ်သွားတာ ပြီးတော့ သူ့အိမ်ကိုသွားပြီး သူ့အကြောင်းလေးမေးပေးပါလို့ မှာလိုက်သေးတယ် ။ ငါလဲ သူဘာပြောသွားမှန်းမသိတာ ကြောင်တောင်တောင်ကျန်နေခဲ့ရတယ် ။ အဲ့ဒါကြောင့် သူပြောတဲ့စကားကို ငါနားမလည်လို့ နင်တို့အိမ် အခုရောက်လာတာ။

ဘာ!…ဘယ်လို အမေ့ကိုနင်တွေ့ခဲ့တယ်ဟုတ်လား ဟာ!…နင်ကလဲ မဖြစ်နိုင်တာတွေ အမေက အိပ်ယာထဲလဲနေတာ ကြာလှနေပြီ။ နင်လူမှားနေတာလား။ဒီလူနဲ့ဒီလူတွေ ငါလူမှားစရာလား။ နင့်ကိုတကယ်ပြောနေတာ ငါလူမှားတာမဟုတ်ဘူးအေးမြင့် ။ ပြီးတော့လဲ နင်တို့အိမ်ပေါ် ငါစတတ်လာတည်းက ကြီးတော်ညို ရဲ့ ပုံစံ တစ်မျိုးပြောင်းနေတယ် ။ အရင်နဲ့ မတူသလိုပဲ။ ဟုတ်ပြီ… ဒါဆိုအမေတစ်ခုခုဖြစ်နေတာ သေချာနေပြီ ဟိုတစ်နေ့ညတုန်းကလဲ ငါတစ်ခုသိခဲ့ရတယ်…

မသဇင်၏ပြောဆိုမှု့များအား မအေးမြင့်တစ်ယောက် ကြားသိလိုက်ရခါ သူမ၏အဖြစ်ပျက်များအားလည်း သူငယ်ချင်းဖြစ်သူ သဇင်အောင်အား အကြောင်းစုံရှင်ပြလေခဲ့သည်။ မအေးမြင့်၏ ပြောစကားများအဆုံး၌ မသဇင်၏နှုတ်မှ ထိုကဲ့သို့ ပြောထွက်လာခဲ့သည်။ ဒါဆို သေချာတယ်အေးမြင့် ကြီးညိုဖုတ်ဝင်နေတာပဲဖြစ်ရမယ် ….ဟင်

မသဇင်၏ပြောစကားများအဆုံးတွင် အတွေ့ကြုံမရှိခဲ့ဘူသော မအေးမြင့် တစ်ယောက် လွန်စွာတုန်လှုပ်သွားခဲ့သည်။ ထိုအချိန်အတွင်းမှာပင် အိမ်ရှေ့ခန်မှ ဒေါ်ဘွားညို၏ ကျယ်လောင်လှသော စကားသံတစ်ချို့ထွက်ပေါ်လာခဲ့လေသည်။

ဟဲ့!ကောင်မတွေ ညည်းတို့ငါ့အကြောင်းတွေ ပြောနေကြတာလား…..

ထိုစကားသံကြောင့် မအေးမြင့်နှင့် မသဇင်တို့မှာ တုတ်ခနဲဖြစ်သွားခဲ့ပြီး မအေးမြင့်သည်လည်း ပြောလက်စ စကားများအား အရှိန်သတ်စေခါ သူငယ်ချင်းဖြစ်သူထံသို့ အကူညီတောင်းဆ်ုလေခဲ့သည်။ လုပ်ပါဦးသဇင်ရယ် ငါ့တို့ကိုတစ်ခုခု အမြန်ကူညီပေးပါ ကိုအုန်းမြင့်ကိုလဲ သူ့အမေတစ်ခုခု ထူးခြားနေကြောင်း ငါပြောပြတာ လက်မခံဘူး။ ဒီတော့ သူ့ကိုပြောပြမနေတော့ပဲ ငါ့ဟာငါလုပ်တော့မယ်။ နင်တို့ရွာက ဆရာတစ်ယောက်ယောက် ဒီနေ့ပဲ အိမ်ကို ချက်ချင်းခေါ်ခဲ့ပေးပါလား။ဟာ!အဲ့ဒါမှ ဂွပ်ကျတာပဲ ငါ့တူလေး သွေးလွန်တုတ်ကွေးဖြစ်နေလို့ မြို့ဆေးရုံပို့ထားရတယ်။ အရေးတကြီး သွေးလိုနေတယ်ပြောလို့ သွေးချင်းတူတဲ့ ငါကူညီမှဖြစ်တော့မှာ။ နင့်ဆီကပြန်တာနဲ့ ငါဆေးရုံကိုတန်းသွားရမှာအေးမြင့်ရ။

ဟာ. ဒုက္ခပါပဲဟာ….

ဟဲ့!…အေးမြင့် ညည်းငါ့ကိုပစ်ထားတယ်ပေါ့ဟုတ်လား အေးပေါ့လေ ချွေးမဆိုတော့ သားအရှေ့ရောက်ရင် တစ်မျိုး… ကွယ်ရာရောက်ရင်တစ်မျိုး ငါ့ကိုဆက်ဆံနေတာပေါ့ မဟုတ်ပါဘူးအမေရဲ့ သမီးအခုလာခဲ့ပါ့မယ် ။ သဇင်… နင်ပြန်တော့… နင်ဆေးရုံက ပြန်ရောက်တာနဲ့ ဆရာခေါ်ပြီး ငါ့ဆီမြန်မြန်လာခဲ့ပေးပါဟာေ အးပါဟာ အေးပါ… အဖြေသိနေပြီပဲ ဆေးပဲလိုတော့တာ ဖြစ်နိုင်ရင် ငါနင့်ဆီအမြန်ဆုံးပြန်လာခဲ့ပါ့မယ် နင်သတိထားနေနော် …ကျေးဇူးတင်ပါတယ်သူငယ်ချင်းရာ ကျေးဇူးတင်ပါတယ်။

သို့နှင့်မသဇင်သည်လည်း နေအိမ်အပေါ်မှ ခပ်သုတ်သုတ်ဆင်းစေခါ ထွက်ခွားသွားခဲ့လေသည်။ ညနေဆောင်းသည်နှင့် လယ်ထဲမှ ကိုအုန်းမြင့်တစ်ယောက်သည်လည်း မောပန်းစွာနှင့် ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ထိုအခါ မိခင်ဖြစ်သူအား သက်သာပါရဲ့လားဟု မေးမြန်းလိုက်ချိန်၌ ဒေါ်ဘွားညိုဟာ ရှိက်ငင်စွာငိုကြွေး၍ ထိုကဲ့သို့ဆိုလေခဲ့သည်။

သားရယ် အမေ့ကိုတစ်ယောက်တည်း ပစ်မထားပါနဲ့….။ပစ်မထားပါဘူးအမေရဲ့ ဘာဖြစ်လို့တုန်း…။ မင်းမိန်းမက မင်းမရှိရင် အမေ့ကိုတစ်ယောက်တည်းပစ်ထားတယ် မြေးလေးကိုလဲ အမေ့နားတောင် တစ်ချက်မှမထားဘူး အမေ့ကိုပစ်ထားတယ် နေ့ခင်းကလဲ သူအမေ့ကိုအိမ်ပေါ်ကနေ မောင်းထုတ်ဖို့ကြံစည်နေတယ် သားရယ်အမေဒုက္ခတဖြစ်နေလို့ အခုလိုအဖြစ်မျိုးတွေ ကြုံနေရတာလားမသိပါဘူး…

ဘာ!… အေးမြင့် သူကအမေ့ကို အခုလိုတွေဆက်ဆံတယ်ပေါ့ဟုတ်လား တွေ့ကြသေးတာပေါ့ကွာ အေးမြင့် အေးမြင့်..ရှင်ကိုအုန်း လာပြီလာပြီ ခဏလေး… ထမင်းအိုးလေးငဲ့နေလို့…နောက်မှငဲ့… နင့်အခုလာခဲ့စမ်း

လင်ယောက်ျားဖြစ်သူ၏ ပုံမှန်မဟုတ်သော အော်ဟစ်ခေါ်သံများ၊ သို့မဟုတ် ဒေါသတကြီးအော်ခေါ်သံများကြောင့် မအေးမြင့်သည်လည်း မီးဖိုချောင်အတွင်းမှ အလောတကြီးပြေးထွက်လာခဲ့လေသည်။ အိမ်ရှေ့အခန်းသို့ ရောက်ရှိလာသည်နှင့် ကိုအုန်းမြင့်မှာ ဇနီးသည်အား စကားတခွန်းမှ ပြောဆိုမနေတော့ပဲ ပါးပြင်ကိုသာ ခပ်ပြင်းပြင်းရိုက်ချလိုက်လေတော့သည်။ ချစ်လွန်း၍ခိုးယူထားခဲ့ခြင်းဖြစ်သည်။ ချစ်စခင်စကြင်နာစမှ စတင်ခါ မိမိအားလက်ဖျားကလေးနှင့် မတို့ခဲ့သော လင်ယောကျာ်း ယခုအခါ မိမိအားအဘယ့်ကြောင့် ထိုကဲ့သို့ပါးရိုက်လိုက်ရသနည်း။

မအေးမြင့်သည်လည်း ကြမ်းပြင်အပေါ်မှ လဲကျနေရာမှ လင်ယောကျာ်းအား ဝဲလျက် မျက်ရည်များဖြင့် ကြည့်မိလ်ုက်စေသည်။

မင်းကွာ ငါ့အမေက မင်းကိုသမီးလေးတစ်ယောက်လို ချစ်တယ်ဆိုတာ မင်းအသိဆုံးပဲ ဘာကြောင့်အမေ့အပေါ် အခုလိုတွေဆက်ဆံရတာလဲ ။ ရှင်ဘာတွေပြောနေတာလဲကိုအုန်းမြင့် မင်းမသိချင်ယောင်ဆောင်မနေနဲ့ အမေ့က်ုပစ်ထားတယ်ဆို ပြီးတော့ အိမ်ပေါ်ကနေတောင် မောင်းထုတ်ဖို့ကြံနေတယ်ပေါ့ဟုတ်လား ရှင်အထင်လွဲနေပြီ ။ ဘာ!… ဒါတောင်ဝန်မခံသေးဘူးပေါ့ကဲ အုန်းမြင့်ရပ်လိုက်စမ်း!

ဆင်ခြင်ပေးနေသည်ဟု ထင်မှတ်လေခါ ကိုအုန်းမြင့်မှာမူ ဇနီးသည်အား ထပ်မံရိုက်နှပ်ရန် ရွယ်လိုက်ချိန်၌ တစ်ဖက်ရွာမှ ဦးလေးတော်စပ်သူ ဒေါ်ဘွားညို၏မောင် ဦးယဉ်ထွေးရောက်ရှိလာခဲ့ပြီး ကိုအုန်းမြင့်အား တားဆီးလိုက်လေသည်။

ဦးလေး!… ဘယ်ကနေ လှည့်လာတာလဲ …ဘယ်ကမှလှည့်လာတာမဟုတ်ဘူး မင်းတို့ဆီပဲလာခဲ့တာ ။ ယဉ်ထွေး ငါ့မောင် နင်ဘယ်တွေပျောက်နေတာတုန်းဟဲ့မမ နေကောင်းရဲ့လား …ဒီလိုပါပဲငါ့မောင်ရယ် တလျောင်လျောင်နဲ့ဖြစ်နေတာ …အုန်းမြင့် မင်းတို့လင်မယား ဘာဖြစ်နေကြတာလဲဒီမှာလေဗျာ အမေ့ကိုခဏလေး စောင့်ရှောက်ပေးပါဆိုတာကို ဒီမိန်းမ ပစ်ထားတယ်လို့ အမေကပြောတယ်။။ အုန်းမြင့်မဟုတ်သေးဘူး မင်းမှားနေပြီကျုပ်ကဘာဖြစ်လို့မှားရမှာတုန်း အမေနဲ့မိန်းမ ယှဉ်လာရင် ဘယ်သူအရေးကြီးတုန်းဟုတ်တယ်ဒါပေမယ့် အခု အိပ်ယာထဲလဲနေတာ မင်းအမေ ငါ့မမ မဟုတ်ဘူး
ဗျာ… ဦးလေးဘာကိုဆိုလိုတာလဲ မင်းအမေ ဒေါ်ညိုမဟုတ်တော့ဘူးလို့ပဲ မင်းသိထား…

မောင်လေး… နင်ဘာတွေပြောနေတာလဲ ငါကနင့်အမ မဟုတ်လို့ ဘယ်သူဖြစ်ရမှာတုန်း…ဟုတ်တယ်ဦးလေး အဲ့ဒါအမေမဟုတ်တော့ဘူး ကိုအုန်းမြင့်ကိုပြောပြတာ သူလက်မခံဘူး အမေတစ်ခုခုဖြစ်ပြီး ဆုံးသွားပြီးနဲ့ထင်တယ်။ အမေ့ကိုဖုတ်ဝင်နေတာလို့ သမီးသူငယ်ချင်းကလဲ သေသေချာချာပြောပြသွားတယ်။ ဗျာ!… အမေ့ကိုဖုတ်ဝင်နေတာဟုတ်လား …ဟုတ်တယ်ငါ့တူုမင်းအမေမဟုတ်တော့ဘူး မင်းအမေခန္ဓာကိုယ်ကို အသုံးချပြီး မင်းတိုဆီက အရဟာတွေကပ်စားနေတဲ့ မကောင်းဝါးကောင်

မောင်လေး ယဉ်ထွေး နင်ဘာတွေပြောနေတာတုန်း ငါနေမကောင်းဖြစ်နေတာပါ နင်တို့ပြောသလို ဖုတ်ဝင်နေတာမဟုတ်ပါဘူး … ဒီမယ် မင်းဘယ်သူလဲ ငါ့အစ်မကိုယ်ထဲကနေ အခုချက်ချင်းထွက်သွား ငါဘာလဲဆိုတာ မင်းမြင်နေတယ်မဟုတ်လား မြင်ပါတယ်ငါ့မောင်ဆရာရယ် မြင်ပါတယ်…။အေး!… မြင်ရင် မင်းကိုငါဆရာအမိန့်ပေးနေတာ ကောင်းကောင်းမွန်မွန်ထွက်သွား ..ဟားဟားဟားဟား မောင်လေးဆရာရယ် အဲ့လိုတော့မလုပ်ပါနဲ့ ငါကအသက်ကြီးနေပြီဟဲ့ ချက်ချင်းလောလောဆယ် ဘယ်ကိုထွက်သွားရမှာတုန်း …အဲ့ဒါမင်းသမိုင်း ကောင်းကောင်းထွက်မသွားရင်တော့ မင်းကို ငါပညာပေးရလိမ့်မယ် မလုပ်ပါနဲ့အေ… ငါကအသက်ကြီးနေပြီအေ့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်သွားလို့မရဘူး….မလိုချင်ဘူး နောက်တစ်နာရီအတောအတွင်းမှာ မင်းထွက်သွားရမယ်။

မောင်လုပ်သူနှင့် အစ်မဖြစ်သူဒေါ်ဘွားညိုတို့နှစ်ဦးသား အပြန်အလှန်ပြောဆိုနေခဲ့သည်များအား ကိုအုန်းမြင့်တစ်ယောက် မည်သို့မှပင်နားမလည်နိုင်ချေ။ ဒေါ်ဘွားညိုဟာလည်း အထက်လမ်းဆရာဖြစ်သော ကိုယဉ်ထွေးအား အဓိပ္ပာယ်ရှိလှသည့် စကားများနှင့်ပြန်လည်ချေပပြောဆိုနေခဲ့သည်။ ပြောဆိုနေခဲ့သည့် စကားများဟာလည်း ဒေါ်ဘွားညိုလေသံနှင့် လူမမာသည်ပုံစံအနေထားပင်ဖြစ်သည်။ အထက်လမ်းဆရာ၏ပြောဆို နှင်ထုတ်နေသော စကားများကိုပင် ဖုတ်ဝင်ကပ်နေသည့် ဒေါ်ဘွားညိုတစ်ယောက် ပေကပ်ကပ်ဖြင့် မထွက်ချင်ခဲ့ပင်။

တကယ်တမ်းဆိုလျင် ဒေါ်ဘွားညိုတစ်ယောက် သေဆုံးသွားခဲ့သည်မှာ တစ်လ တင်းတင်းပြည့်နေပြီဖြစ်သည်။ ချောင်းလေးနံဘေးတွင် ရေကြည်လာသည့် အချိန်၌ သောက်သုံးရေ ခပ်ယူရန် လှမ်းသွားခဲ့ပြီး ဒေါ်ဘွားညို၏ခြေထောက်ဆီသို့ အဆိပ်ပြင်းမြွေတစ်ကောင် ကိုက်ခဲ့လေသည်။ ထို့ကြောင့် ထိုနေရာ၌သာ အဆိပ်များစွာတတ်ရောက်လေခဲ့ရင်း မြေပြင်အပေါ် သို့ လဲကျသွားခါ ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။ အဘွားဖြစ်သူ၏ အဖြစ်အပျက်ကြောင့် မြေးမလေးမိဝိုင်းတစ်ယောက် နေအိမ်ဆီသို့ အပြေးပြန်လည်အကြောင်းကြားခဲ့ချိန်တွင် ဒေါ်ဘွားညို၏ခန္ဓာကိုယ်အတွင်းသို့ အပမှီဝင်ကပ်သွားလေခြင်းဖြစ်သည်။

ဝင်ကပ်နေခဲ့သည့် ဖုတ်ဟူသော အပမှာလည်း သာမာန်ရိုးကျ ဖုတ်ပင်မဟုတ်၊ ဖုတ်ဟူသော အမှောင်လောကသားများထဲတွင် အကြီးမားဆုံး ဖုတ်ဘုရင်ပင် ဖြစ်လေခဲ့သည်။ ဒေါ်ဘွားညို ၏ မောင်ဖြစ်သူ အထက်လမ်းဆရာ ဦးယဉ်ထွေးအား မအေးမြင့်၏သူငဟ်ချင်း အကြောင်းကြားမှု့ဖြင့် နေအိမ်ဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့နှင့် ဒေါ်ဘွားညို၏ ခန္ဓာကိုယ်အတွင်းမှ ဖုတ်အား နှင်ထုတ်နေခဲ့သော်လည်း ထိုအပဟူသော ဖုတ်ဘုရင်မှာ ချက်ချင်းပင်လျင် ထွက်ခွာသွားခဲ့ခြင်းမရှိခဲ့ချေ။ ဒါတင်မက သူ၏နှုတ်မှလဲ ထိုသို့ပြောဆိုလေခဲ့သေးသည်။

ငါကရိုးရိုးဖုတ်မဟုတ်ဘူးဟဲ့ ဖုတ်ဘုရင် ငါ့ကိုထွက်စေချင်ရင် ရာစမတ်ကာပြီး ထီးဖြူစောင်းပေးရမယ် ဒါမှ ငါထွက်လို့ရမှာ။ မနေချင်တော့ပါဘူးဟယ် အရမ်းရွှံ့ဖို့ကောင်းတယ် ငါ့ကိုလောက်တွေ တတ်နေပြီ။ တစ်နေ့တစ်နေ့ အဲ့ဒီလောက်တွေကို ဖယ်ပစ်နေရတာက တစ်မျိုး။ ပြီးတော့ ပုတ်ဆော်လဲနံနေပြီ မနေချင်တော့ဘူး။ ဆရာ ငါ့ကိုထွက်စေချင်ရင် ရာစမတ်ကာပြီး ထီးဖြူစောင်းပေးရမယ်။

ထိုကဲ့သို့လဲ ဆိုသေး၏။ ကိုအုန်းမြင့်၏ ပြောဆိုချက်များအရ မိခင်ဖြစ်သူ မနာမကျန်းဖြစ်နေသည့် နေ့ရက်များတွင် သူနှင့်အတူ အိပ်စက်လေခဲ့သည်။ ထိုအချိန်ညဘက်များတွင် ဒေါ်ဘွားညိုမှာ သူ၏လက်၊ ခြေ၊ ခန္ဓာကိုယ်တစ်ခုလုံး လက်ဖြင့် သပ်ချနေခဲ့သည်ဟုဆိုသည်။ ထိုအချက်ဟာ ဒေါ်ဘွားညိုတစ်ယောက် သေဆုံးသွားခဲ့ပြီး ခန္ဓာကိုယ်မှာလဲ ပုတ်ပွလာခါ လောက်ကောင်များတွယ်ကပ်လာခဲ့သည်။ ထိုလောက်ကောင်များအား အပြင်၌ မျက်စိနှင့်မမြင်ရသော်လည်း မှီကပ်နေသော ဖုတ်ဘုရင်၏အသိစိတ်ထဲတွင် ထင်ထင်ရှားရှားမြင်တွေ့နေခဲ့ရသည်။ ထို့ကြောင့်လဲ မိမိဖာသာ ခန္ဓာကိုယ်ပေါ်သို့ တတ်ရောက်လာသော လောက်များအား ဖယ်ချပစ်နေခြင်းဖြစ်သည်ဟု အထက်လမ်းဆရာ ဦးယဉ်ထွေးမှ ရှင်းပြလေခဲ့သည်။

တစ်လမပြည့်ခင် တစ်ပတ်ခန့်အလိုလောက်တွင်လဲ ဒေါ်ဘွားညို၏ အိပ်ယာနံဘေးနားတွင် အပုတ်နံ့တစ်ချို့ရခဲ့သေးသည်။ သို့သော်လည်း သားဖြစ်သူ ကိုအုန်မြင့်မှာ သတိမထားခဲ့ပဲ သာမာန်မျှသာထင်မြင်လေခဲ့သည်။

အဖြစ်မှန်အားလုံး သိရှိလိုက်ရသည့်အချိန်၌ ဇနီးဖြစ်သူအားလည်း မိမိအား ခွင့်လွတ်ပေးပါရန် အနူးညွှတ်တောင်းပန်လေခဲ့သည်။ ဖုတ်ဘုရင်ဝင်နေသော ဒေါ်ဘွားညိုဟာ ချက်ချင်းပင်လျင်မထွက်နိုင်။ သူ၏ပြောဆိုသော စကားများအတိုင်းပင် သူ့အား ရာဇမတ်ကာ ထီးဖြူစောင်း၍ နှင်ထုတ်ခဲ့ရလေသည်။ လူများ၏အရှေ့၌ အစားအစာ မစားချင်ပါဘူးဟု ပြောဆိုလေခါ လူလစ်ချိန်များတွင် တစ်ကိုယ်တည်းခိုးယူ စားသောက်နေခဲ့ခြင်ဖြစ်သည်။ ဒေါ်ဘွားညို၏ ဝိဥာဉ်မှာလည်း မိမိစိတ်ရှိသော နေရာများဆီသို့ လိုက်လံသွားနေခဲ့ရင်း စိတ်နုသော မသဇင်နှင့်ဆုံတွေ့ခဲ့ရသေးသည်။ ရာဇမတ်ကာ ထီးဖြူစောင်းပေးလိုက်သည့်အချိန်မှသာ ဒေါ်ဘွားညိုတစ်ယောက် ဆုံးပါးသွားခဲ့ရသည်။

ဒေါ်ဘွားညို၏အလောင်းမှာလဲ အရိုးမျှသာ ကျန်ရှိနေခဲ့ရပြီး သဲ့သဲ့ဟူသော အပုတ်နံ့သည်လည်း ဒေါ်ဘွားညို၏ အလောင်ဆီမှ ထွက်ပေါ်နေခဲ့ရလေသည်။

ရာဇမတ်ကာ ထီးဖြူစောင်းမှ ထွက်ခွာနိုင်စေသော ဖုတ်ဘုရင်၏ ဝင်ရောက်နှောက်ယှက်မှု့များအား ကိုအုန်းမြင့်တစ်ယောက် ကိုယ်တွေ့ကြုံဆုံလိုက်ရပြီးနောက် ဘုရား၊ တရားများအားလည်း သူတစ်ယောက်မြဲလာစေခဲ့သည်။ ဒါတင်မက အထက်လမ်းဆရာ ဦးလေးဖြစ်သော ဦးယဉ်ထွေဆီမှလည်း အထက်လမ်းပညာများ သင်ယူလေခါ အထက်ဂိုဏ်းအလုပ်များအား ယနေ့ထက်ထိ လုပ်ကိုင်နေခဲ့လေတော့သည်။ ။

ပြီးပါပြီ

မှတ်ချက်။ ။ဖုတ်ဘုရင်နှင့်ကိုယ်တွေ့ကြုံဆုံခဲ့ရသော အထက်လမ်းဆရာ ဦးယဉ်ထွေး သည် ယနေ့ အချိန်ထိ ဧရာဝတီတိုင်း ၊ ဝါးခယ်မမြို့၊ လက်ပံ့တန်းကျေးရွာ တွင် သက်ရှိထင်ရှား နေထိုင်လျက်ရှိသည် ။

စာရေးသူ-ထီးကလေး

ရင်နှင့်ရင်း၍ ရေးသားသည်။