ပရိသတ်တွေ တောင် လက်ဖျားခါရတဲ့ အထိ မိနစ်(၁၂၀)အတွင်းမှာ သိန်းရာချီ ကား(၂၃) စီးကို ရောင်းချပေးနိုင်ခဲ့တယ် ဆိုတဲ့ ထက်ထက်မိုးဦး

ဘဝရဲ့ အချိုအကွေ့တွေများစွာကို ကြုံဆုံခဲ့ ရပေမယ့် အောင်မြင်တဲ့ ဆန်းတစ်ခုကတော့ လျှော့ကျသွားခြင်း မရှိတဲ့ ထက်ထက်မိုးဦးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြား လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်ကိုင်စဉ်ကလည်း ထိပ်ဆုံးကနေ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့သလို လက်ရှိ အွန်လိုင်းကနေ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း Live Sale တွေပြုလုပ်ပေးနေတဲ့ ထက်ထက်မိုးဦးက ပရိသတ်တွေတောင် မျက်လုံးပြူးရတဲ့ အထိ ဆန်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထက်ထက်မိုးဦးက မြန်မာနိုင်ငံမှာ တင်သွင်းတာမကြာသေးတဲ့ MG တံဆိပ်ကားအမျိုးစားတွေကို Live လွှင့်ပြီး ရောင်းချပေးခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ (၂) နာရီအတွင်းအချိန်ခဏလေးအတွင်းမှာ ကားပေါင်းအများကြီး ရောင်းချနိုင်ခဲ့ကြောင်းကို “ဒီနေ့ ထက် နဲ့ MG Myanmar တို့ Live Sale မှာ ကားတွေအများကြီးရောင်းရတယ်။ 2 နာရီ Live အတွင်းမှာပဲ ကား ၂၁ စီး ရောင်းရတယ်။ထက်ကို နေ့တိုင်းလှအောင် ပြင်ပေးတဲ့ လင်းလင်းကလည်း ၁ စီး ဝယ်သွားတယ်။ လင်း သူငယ်ချင်းတွေကလည်း ၂ စီးထပ် ဝယ်ပေးသေးတယ် ။ ၂၃ စီးရောင်းရပြီ ၂၅ စီးပြည့်အောင် လာအားပေးပါ ထက်လည်း ၆ နာရီထိ ရှိဦးမယ် စောင့်နေမယ်နော် ။ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်ဖြစ်ကြပါစေရှင်။ ပရိသတ်ကြီး နဲ့ အတူတူ ကုသိုလ်ယူဖို့ အစီအစဉ်တွေရှိတာမို့ စောင့်ကြည့်ပေးဦးနော်။ ဒီည ထက် Live မရှိတော့ဘူး စောင့်မနေ နဲ့တော့နော် မီးထွန်းကြမယ် ။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ထက်ထက်မိုးဦးကတော့ မိနစ်(၁၂၀)အတွင်းမှာ သိန်းရာချီ ကား(၂၃) စီးကို ရောင်းချပေးနိုင်ခဲ့တယ် ဆိုတာ တကယ့်ကို လက်ဖျားခါလောက်တဲ့ စွမ်းရည်ပါပဲနော်။ ပရိသတ်တွေကလည်း ထက်ထက်ကိုချစ်လို့ အားပေးကြတယ်ဆို ပိုလို့တောင်မှန်မယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections

zawgyi



