တောသားတွေ ဟာ နွားတေလို့ ပြောလာတဲ့ မိန်းကလေး (ရုပ်/သံ) ရုပ်လေးသနားကမား နဲ့ အောက်တန်းကျချက်က

တောသားတွေ ဟာ နွားတေလို့ ပြောလာတဲ့ မိန်းကလေး (ရုပ်/သံ) ရုပ်လေးသနားကမား နဲ့ အောက်တန်းကျချက်က

နံမည် အရမ်းကြီးချင်နေတာလား၊ ဆယ်လီအရမ်း ဖြစ်ချင်နေတာလား၊ အဆဲတောင်းတာလား ဒါမှမဟုတ် ဉာဏ်မမှီတာလားမသိပါ။ ပြောချင်တာက သူများယောင်တိုင်းလိုက်ယောင်နေတဲ့ လူငယ်တွေ။

ပီးခဲ့လပိုင်းတွေက ကလည်း တောသားတွေ စိုက်တဲ့ ဆန်မစားဘူးဆိုတဲ့ လူငယ်တွေ။ တောသားတွေက ဘာတွေများပြောနေလို့လဲ၊ ဘာတွေလုပ်နေလို့လဲ။ ဘာကြောင့်များ တောသားမြို့သားဆိုတာတွေကို အဆင့်အတန်းခွဲခြားနေကြရပါသလဲ။

ယနေ့ မီးဟုန်းဟုန်းတောက်လောင်ပီး နိုင်ငံပျက် လုမတတ်ဖြစ်နေတဲ့ အမေရိကန်မှာ လူဖြူလူမဲပြသနာကြောင့် အားလုံး ဒုက္ခရောက်နေကြရတာကို လူငယ်တွေသိစေချင်ပါတယ်။

နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာ ဒီလိုအောက်တန်းကျတဲ့စိဓာတ်တွေရှိနေရင်တော့ အင်မတန်မှ အန္တရာယ်များသလို လူ့လောကကြီးတစ်ခုလုံးမှာလည်း အထီးကျန်ရုပ်ဆိုးလွန်းပါတယ်။

ဘယ်အသိုင်းအဝိုင်းကလည်း ဆိုတာမသိပေမယ့် ပြောတဲ့စကားကိုနားထောင်ခြင်းအားဖြင့် အဆင့်အတန်းမရှိဘူး ဆိုတာ သိသာပါတယ်။ ရေမှန်မှန်ချိုးပါ လို့ပဲ ပြောချင်ပါတယ်ကွယ်။ ကျန်တာတော့ မပြောတော့ပါဘူး ရိုင်းသွားမှာ စိုးလို့…….။

#သာဂိ

Add a Comment

Your email address will not be published. Required fields are marked *

nineteen + twelve =