လွှတ်တော် ဒု-ဥက္ကဌ ဦးထွန်းထွန်းဟိန်း ဆိုတာ ဘယ်လို လူမျိုးလဲ?
|လွှတ်တော် ဒု-ဥက္ကဌ ဦးထွန်းထွန်းဟိန်း ဆိုတာ ဘယ်လို လူမျိုးလဲ?
ဒေါ်အောင်ဆန်းစုကြည် နောင်ချို လာတော့ ထမင်းခေါ်ကျွေးမိ လို့ ရှေ့နေလိုင်စင်သိမ်းခံရတယ်။ အဖမ်းခံရတယ်။ လူမြင်ကွင်းမှာ ၂၄ နာရီ ကြိုးတုတ်ခံခဲ့ရတယ်။ အိမ်ကိုလည်း ပြည်သူပိုင်ဆိုပြီးသိမ်းခံရတယ်။
ဒီဘဝတွေကနေ ဒီမိုကရေစီ ယုံကြည်ချက်တွေ နဲ့ ရှေ့တန်း ဝင်ခဲ့တဲ့ အန်ကယ် ဦးထွန်းထွန်းဟိန်း ရေ၊ လုပ်ဆောင်သမျှ ကြံဆောင် သမျှ အောင်မြင်ပါစေ…
ဦးထွန်းထွန်းဟိန်းကို ၁၉၄၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီးရွာတွင် မွေးဖွားခဲ့ပါတယ်။ မိဘများကတော့ ဦးကျဟိန်နှင့် ဒေါ်မြခင် တို့ ဖြစ်ပါတယ်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ သတ္တဗေဒဘွဲ့ကို ရရှိခဲ့ပါတယ်။
ဦးထွန်းထွန်းဟိန်းသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ်ကနေပဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌနေရာကို ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဦးထွန်းထွန်းဟိန်သည် NLD ပါတီဝင်အဖြစ် မြန်မာ့နိုင်ငံရေး ခရီးကြမ်းကို ဖြတ်ကျော်ခဲ့သူ တဦး ဖြစ်ပါတယ်။
ဇနီးဖြစ်သူ ဒေါ်စိန်စိန်သိန်းနှင့် ၁၉၇၃ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီး မမေသင်္ကြန်ဟိန်ကို ထွန်းကားခဲ့ ပါတယ်။ သမီးဖြစ်သူ မမေသင်္ကြန်ဟိန်သည်လည်း မြစ်မခ မီဒီယာကို ဦးစီးလုပ်ကိုင်နေသူတဦး ဖြစ်ပြီး လူသိများ ထင်ရှားတဲ့ အင်တာနက် ဘလော့ဂါတဦးလည်း ဖြစ်ပါတယ်။
crd : whitesone