ရာမ၊ ဒဿ သီတာဒေဝီ မှ သည် ရိုမီရို ဂျူးလိယက် မိုနာလီဇာ တို့ရဲ့ အချစ်ဇာတ်လမ်း (ရုပ်/သံ) (အသက် 18 နှစ်အောက် မကြည့်ရ)

ရာမ၊ ဒဿ သီတာဒေဝီ မှ သည် ရိုမီရို ဂျူးလိယက် မိုနာလီဇာ တို့ရဲ့ အချစ်ဇာတ်လမ်း (ရုပ်/သံ) (အသက် 18 နှစ်အောက် မကြည့်ရ)

ဒီဗွီယိုလေးကတော့ ဟာသအနေဖြင့် ပြုလုပ်ထားတာ ဖြစ်ပီး မည်သူ့ကိုမျှ လည်း ထိခိုက်စေဖို့ မရည်ရွယ်ပါ ခင်မျာ။ တစ်ကယ်တော့ ဗွီယိုထဲမှာ ပါတဲ့ လူငယ်လေးတွေ ဒီဗွီယိုကိုမြင်ရင် ပိုလို့တောင် သဘောကျအုံးမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ကိုယ်

တိုင်က ပရိတ်သတ်ကြီးကို ပျော်ရွှင် ရယ်မောစေချင်တာပါ။ တစ်ကယ်တော့ လူတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်တယ် ဆိုတာ မလွယ်ပါဘူး။ အခုလိုင်းပေါ်မှာ ခေတ်စားနေတဲ့ ချိန့်ကေကို(ဘနားနား)၊ ကျားကြီး၊ ငြိမ်းမြတ်သူ တို့ဟာဆိုရင်တော့ လူငယ် အနု

ပညာပိုးပါသူတွေပါ။ ဘယ်အခက်အခဲတွေပဲ ရှိရှိ သူတို့ယုံကြည်ချက်ကို ရိုးသားစွာ အကောင်အထည်ဖော်နေကြတဲ့ လူငယ်လေးတွေပါ။ သို့သော်လည်း အနုပညာဆိုတာထက် ရုပ်ရည် ဂုဏ်ပကာသနတွေကိုသာ အလေးထားတတ်တဲ့ ကျွန်တော်တို့လူအသိုင်း

အဝိုင်းကြားမှာတော့ ဟားစရာဖြစ်နေနိုင် ပါတယ်။ တကယ်တော့ အနုပညာဆိုတာ ပါရမီလည်းပါမှ၊ ကြိုးစားအားထုတ်မှုလည်းရှိမှ အကြောင်းတရားတွေလည်း တိုက်ဆိုင်မှသာ အောင်မြင်နိုင်တဲ့ အင်မတန်ခက်ခဲတဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့

သတ္တိကတော့ လေးစားစရာပါ။ ဘယ်လို အခက်အခဲတွေပဲရှိနေပါစေ သူတို့ ယုံကြည်တဲ့ အနုပညာကို ယုံကြည်စွဲမြဲစွာလျှောက်လှမ်း နေတာဟာ လေးစားစရာပါပဲ။ ကြိုးစား ရင် ဘာမဆိုအောင်မြင်နိုင် ပါတယ်တဲ့ ညီငယ် ညီမငယ်တို့ မဆုတ်မနစ် ယုံယုံကြည်ကြည် နဲ့ကြိုးစားကြပါ၊ အောင်မြင်မှု ဆိုတာ ရလာမှာ အသေချာပါပဲ။

#သာဂိ

Add a Comment

Your email address will not be published. Required fields are marked *

twenty − 13 =