“ဂျိမ်စ်းဘွန်း မင်းသားကြီး ဆာတောမတ်စ် ရှောင်ကွန်နရီ အသက်(၉၀) အရွယ်မှာ ကွယ်လွန်”

အေးဂျင့်အမှတ် 007 နဲ့ ဂျိမ်းစ်ဘွန်းလို့လူသိများကြတဲ့ မင်းသား ကြီး ရှောင်ကွန်နရီ (အပြည့်အစုံ – ဆာတောမတ်စ်ရှောင်ကွန်နရီ – Sir Thomas Sean Connery) ဟာ အောက်တိုဘာ ၃၁ရက်၊ ၂၀၂၀ (စနေနေ့မနက်ပိုင်း)က ဘဟားမားစ် မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက်(၉၀)ရှိနေပြီဖြစ်ပြီး ၉၀ ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကျင်းပခဲ့ပါသေးတယ်။ မင်းသားကြီးဟာ ဘဟားမားစ် (Bahamas) မှာနေထိုင်စဉ်နေမကောင်းဖြစ်နေခဲ့တယ် လို့လည်း ကျန်ရစ်တဲ့မိသားစုက ထုတ်ပြန်ထားပါတယ်။

မင်းသားကြီးဟာ ဂျိမ်းစ်ဘွန်း စီးရီးစ်တွေဖြစ်တဲ့ Gold Finger, Dr.No, From Russia with Love, Thunderball စတဲ့ နာမည်ကျော် စီးရီးစ်တွေ အပြင် Indiana Jones, The Hunt for Red October, The Rock, Last Crusade တဲ့နာမည်ကျော်ဇာတ်ကားတွေနဲ့ League of Extraordinary Gentlemen လိုမျိုး အခုခေတ်ဘက် က ရုပ်ရှင်တစ်ချို့ကိုလည်း ရိုက်ကူး ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာတော့ မင်းသားကြီးဟာ အယ်လစ်ဇဘက်ဘုရင်မကြီးဆီက သူရဲကောင်း (Knight) ဘွဲ့ကို Holyrood Palace မှာလက်ခံ ရယူခဲ့ပါတယ်။

Ref – Variety.com

zawgyi

ေအးဂ်င့္အမွတ္ 007 နဲ႔ ဂ်ိမ္းစ္ဘြန္းလို႔လူသိမ်ားၾကတဲ့ မင္းသား ႀကီး ေရွာင္ကြန္နရီ (အျပည့္အစုံ – ဆာေတာမတ္စ္ေရွာင္ကြန္နရီ – Sir Thomas Sean Connery) ဟာ ေအာက္တိုဘာ ၃၁ရက္၊ ၂၀၂၀ (စေနေန႔မနက္ပိုင္း)က ဘဟားမားစ္ မွာရွိတဲ့ သူ႔ရဲ႕ေနအိမ္မွာ ကြယ္လြန္ခဲ့ပါတယ္။

မင္းသားႀကီးဟာ ကြယ္လြန္ခ်ိန္မွာ အသက္(၉၀)ရွိေနၿပီျဖစ္ၿပီး ၉၀ ျပည့္ေမြးေန႔ကို ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ က်င္းပခဲ့ပါေသးတယ္။ မင္းသားႀကီးဟာ ဘဟားမားစ္ (Bahamas) မွာေနထိုင္စဥ္ေနမေကာင္းျဖစ္ေနခဲ့တယ္ လို႔လည္း က်န္ရစ္တဲ့မိသားစုက ထုတ္ျပန္ထားပါတယ္။

မင္းသားႀကီးဟာ ဂ်ိမ္းစ္ဘြန္း စီးရီးစ္ေတြျဖစ္တဲ့ Gold Finger, Dr.No, From Russia with Love, Thunderball စတဲ့ နာမည္ေက်ာ္ စီးရီးစ္ေတြ အျပင္ Indiana Jones, The Hunt for Red October, The Rock, Last Crusade တဲ့နာမည္ေက်ာ္ဇာတ္ကားေတြနဲ႔ League of Extraordinary Gentlemen လိုမ်ိဳး အခုေခတ္ဘက္ က ႐ုပ္ရွင္တစ္ခ်ိဳ႕ကိုလည္း ႐ိုက္ကူး ခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ ၂၀၀၀ ခုႏွစ္မွာေတာ့ မင္းသားႀကီးဟာ အယ္လစ္ဇဘက္ဘုရင္မႀကီးဆီက သူရဲေကာင္း (Knight) ဘြဲ႕ကို Holyrood Palace မွာလက္ခံ ရယူခဲ့ပါတယ္။

Ref – Variety.com