ဘင်္ဂလားပင်လယ်အော်မှာ စဖြစ်လာတော့မယ့် လေဖိ အားနည်းရပ်ဝန်း နဲ့ သတိပြုရမယ့် အခါလွန်မိုး (ရှယ်ထားပေးပါအုံး ..)

တောင်တရုတ်ပင်လယ် ပြင်မှ မုန်တိုင်းများ၏ အရှိန် ကြောင့် မြန်မာနိုင်ငံ ဒေသအများစု အချိန်အခါမဟုတ် မိုးရွာနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာ နိုင်‌ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဌာနက သတင်း ထုတ်ပြန်ထားသည်။ တောင်တရုတ်ပင်လယ်မှ ‘မိုလေ့’ (MOLAVE)အမည်ရ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုတွင်‌ အောက်တိုဘာ ၂၇ ရက်ကစ၍ မိုးကောင်း ခဲ့သည်။ ယခုအခါ ‘မိုလေ့’ မုန် တိုင်း အားလျော့သွားသော်လည်း တောင်တရုတ်ပင်လယ်တွင် နောက်ထပ် မုန်တိုင်းတစ်လုံး ဖြစ် ပေါ်နေသည်။

ထိုအ‌ခြေအနေတွင် ဘင်္ဂ လားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်း တွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဌာနက အောက်တိုဘာ ၃၀ ရက် နေ့လယ်တွင် ထုတ်ပြန်ထားသည်။ ယခုလတ်တလော ရာသီ ဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့တွင် အချိန်အခါမဟုတ်မိုးရွာနိုင်၍ စိုက်ပျိုးရေးတောင်သူများ ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က မြန်မာနိုင်ငံဒေသအနှံ့အပြား တွင် မိုးရွာခဲ့ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး ကြီးခဲ့သည်။ ထို့‌ကြောင့် ဥရုချောင်းရေ ရုတ်တရက် မြင့်တက်လာကာ ဟုမ္မလင်းမြို့ ဒေသခံများသည်‌ ရေကြီးနစ်မြုပ်မှုဘေး ကြုံတွေ့ခဲ့ပြီး စပါးစိုက်ခင်း ခုနစ်ထောင် ကျော် ရေနစ်မြုပ်ခဲ့သည်။

crd

zawgyi

ေတာင္တ႐ုတ္ပင္လယ္ ျပင္မွ မုန္တိုင္းမ်ား၏ အရွိန္ ေၾကာင့္ ျမန္မာႏိုင္ငံ ေဒသအမ်ားစု အခ်ိန္အခါမဟုတ္ မိုး႐ြာေနစဥ္ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္လာ ႏိုင္‌ေၾကာင္း မိုးေလဝသႏွင့္ဇလ ေဗဒၫႊန္ၾကားမႈဌာနက သတင္း ထုတ္ျပန္ထားသည္။ ေတာင္တ႐ုတ္ပင္လယ္မွ ‘မိုေလ့’ (MOLAVE)အမည္ရ တိုင္ဖြန္းမုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ ေဒသအမ်ားစုတြင္‌ ေအာက္တိုဘာ ၂၇ ရက္ကစ၍ မိုးေကာင္း ခဲ့သည္။ ယခုအခါ ‘မိုေလ့’ မုန္ တိုင္း အားေလ်ာ့သြားေသာ္လည္း ေတာင္တ႐ုတ္ပင္လယ္တြင္ ေနာက္ထပ္ မုန္တိုင္းတစ္လုံး ျဖစ္ ေပၚေနသည္။

ထိုအ‌ေျခအေနတြင္ ဘဂၤ လားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းႏွင့္ ေျမာက္ပိုင္း တြင္ ေနာက္ ၄၈ နာရီအတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚႏိုင္သည္ဟု မိုးေလဝသႏွင့္ ဇလ ေဗဒၫႊန္ၾကားမႈဌာနက ေအာက္တိုဘာ ၃၀ ရက္ ေန႔လယ္တြင္ ထုတ္ျပန္ထားသည္။ ယခုလတ္တေလာ ရာသီ ဥတုအေျခအေနအရ ျမန္မာႏိုင္ငံေဒသအႏွံ႔တြင္ အခ်ိန္အခါမဟုတ္မိုး႐ြာႏိုင္၍ စိုက္ပ်ိဳးေရးေတာင္သူမ်ား ႀကိဳတင္သတိျပဳရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေက်ာ္မိုးဦးက သတိေပးသည္။

ၿပီးခဲ့သည့္ ရက္အနည္းငယ္က ျမန္မာႏိုင္ငံေဒသအႏွံ႔အျပား တြင္ မိုး႐ြာခဲ့ၿပီး ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ မိုး ႀကီးခဲ့သည္။ ထို႔‌ေၾကာင့္ ဥ႐ုေခ်ာင္းေရ ႐ုတ္တရက္ ျမင့္တက္လာကာ ဟုမၼလင္းၿမိဳ႕ ေဒသခံမ်ားသည္‌ ေရႀကီးနစ္ျမဳပ္မႈေဘး ႀကဳံေတြ႕ခဲ့ၿပီး စပါးစိုက္ခင္း ခုနစ္ေထာင္ ေက်ာ္ ေရနစ္ျမဳပ္ခဲ့သည္။