ဘယ်ကစားသမား မှ သူလှဲချတာ ကို မခံနိုင်ဘူး ဆိုတဲ့ ချန်ပီယံ ဒီရစ်ဒါ ….

အောင်လန်အန်ဆန်ကို အနိုင် ယူပြီး ဝမ်း မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တဲ့ ဒီရစ်ဒါက ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ကြောင်း ပွဲအပြီးအင်တာဗျူးမှာ ကြုံးဝါးပြောဆိုလိုက်ပါတယ် ။… နယ်သာလန်နိုင်ငံသား ဒီရစ်ဒါဟာ အောင်လန်အဆန်ကို ပထမအချီမှာပဲ ဂျူဂျစ်ဆု ချုပ်ကွက်ဖြင့် အနိုင်ယူပြီး One Championship ရဲ့ ၄ ယောက်မြောက် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ ဒီရစ်ဒါက “ကျွန်တော်ပြောခဲ့တဲ့ အတိုင်းဖြစ်သွားခဲ့တာပါ ၊ ဘယ်သူ့ကိုမဆို ကျွန်တော်လှဲချနိုင်တယ် ၊ ဘယ်သူကို မဆိုချုပ်ပြိး အနိုင်ယူနိုင်တယ် ၊ အောင်လ နဲ့ ပြိုင်ရတာ ဂုဏ်ယူပါတယ် ။…

အကောင်းဆုံးလူဆီက သရဖူကို ယူရတာပါ ၊ သူမကြာခင် လေ့ကျင့်ရေးကွင်းထဲပြန်ရောက်ပြီး ဂျုဂျစ်ဆို သေချာလေ့ကျင့်နိုင်ပါစေ ၊ အောင်လက ကျွန်တော်ရဲ့ချုပ်ကွက်ကို ကာကွယ်နိုင်စွမ်းရှိပါတယ် ၊ အချီပြီးဖို့လေးမိနစ်လောက်လိုသေးတော့ ကျွန်တော်လည်း မလောဘဲအချိန်ယူခဲ့တယ် ၊ ကျွန်တော်လက်က သူ့မေးစေ့ဆီရောက်လာတယ် ၊ တဖြေးဖြေး မေးစေ့အောက် ကို ကျွန်တော့်လက်ရောက်အောင် သွင်းနိုင်တဲ့အချိန်မှာ ဒီလူ ကျွန်တော်လက်က မလွတ်တော့ဘူးဆိုတာ သိလိုက်တယ် ၊ ဒီလိုချုပ်လဲနိုင်ဖို့ကျွန်တော်အမြဲတမ်းလေ့ကျင့်ခဲ့ရတာပါ ၊ ခုပွဲလုပ်လိုက်နိုင်တာ ကျေနပ်ပါတယ် ၊ ဒါကို ကျွန်တော်ရဲ့နည်းစနစ်များစာရင်းထဲ ထည့်ထားရမယ် ၊ သူ့ကို ချုပ်မိပြီးဆိုတာ နဲ့ သိလိုက်တယ် ၊ သူမလွတ်တော့ဘူး ၊ လိုအပ်ရင် ကျွန်တော် အိမ်အထိ ဒီအတိုင်းခေါ်သွားလို့ရတယ် ၊ ဒီပွဲက သူ့ကိုပဲတည့်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး ၊ စပြီး ပြင်ဆင်ကတည်း ကျွန်တော်ကိုယ့်ကျွန်တော်ယုံတယ် ၊ ကျွန်တော့် ဂျုဂျစ်ဆုကို ယုံတယ် ၊ ဘယ်သူမှ ကျွန်တော်ကို မရပ်တန့် နိုင်ဘူး ၊ ဘယ်သူမှ ကျွန်တော်လှဲချတာမခံနိုင်ဘူး”လို့ပြောဆိုခဲ့ပါတယ် ။ အောင်လန်အန်ဆန်ဟာ မစ်ဒယ်ဝိတ်ခါးပတ်ကို ရရှိပြီးတဲ့နောက် ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ် ။…

အောင်လန်အန်ဆန်ဟာ မစ်ဒယ်ဝိတ်ခါးပတ်ကို မကာကွယ်နိုင်ခဲ့ပေမယ့် လိုက်ဟဲဗီးဝိတ်ခါးပတ် ချန်ပီယံအဖြစ်ရှိနေဆဲဖြစ်ပါတယ် ။ ဒါပေမဲ့ အောင်လဟာ လာမယ့်ပွဲတွေမှာ မစ်ဒယ်ဝိတ်မှာပဲထိုးသတ်သွားမှာဖြစ်ကြောင်း အတည်ပြုပြေဆိုထားပါတယ် ။ ဒီရစ်ဒါက မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကိုအနိုင်ရခဲ့ပေမယ့် သူ့လို့ ရုပ်ထု နဲ့ဂုဏ်ပြုခံရဖို့ဆိုတာ မသေချာသေးဘူလို့ထပ်လောင်းပြောဆိုခဲ့ပါတယ် ။… အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။…

Crd- Original Post

zawgyi

ေအာင္လန္အန္ဆန္ကို အႏိုင္ ယူၿပီး ဝမ္း မစ္ဒယ္ဝိတ္ ကမာၻ႔ခ်န္ပီယံျဖစ္လာခဲ့တဲ့ ဒီရစ္ဒါက ဘယ္ကစားသမားမွ သူလွဲခ်တာကို မခံႏိုင္ေၾကာင္း ပြဲအၿပီးအင္တာဗ်ဴးမွာ ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္ ။… နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါဟာ ေအာင္လန္အဆန္ကို ပထမအခ်ီမွာပဲ ဂ်ဴဂ်စ္ဆု ခ်ဳပ္ကြက္ျဖင့္ အႏိုင္ယူၿပီး One Championship ရဲ႕ ၄ ေယာက္ေျမာက္ မစ္ဒယ္ဝိတ္ကမာၻ႔ခ်န္ပီယံျဖစ္လာခဲ့ပါတယ္ ။ ဒီရစ္ဒါက “ကြၽန္ေတာ္ေျပာခဲ့တဲ့ အတိုင္းျဖစ္သြားခဲ့တာပါ ၊ ဘယ္သူ႔ကိုမဆို ကြၽန္ေတာ္လွဲခ်ႏိုင္တယ္ ၊ ဘယ္သူကို မဆိုခ်ဳပ္ၿပိး အႏိုင္ယူႏိုင္တယ္ ၊ ေအာင္လ နဲ႔ ၿပိဳင္ရတာ ဂုဏ္ယူပါတယ္ ။…

အေကာင္းဆုံးလူဆီက သရဖူကို ယူရတာပါ ၊ သူမၾကာခင္ ေလ့က်င့္ေရးကြင္းထဲျပန္ေရာက္ၿပီး ဂ်ဳဂ်စ္ဆို ေသခ်ာေလ့က်င့္ႏိုင္ပါေစ ၊ ေအာင္လက ကြၽန္ေတာ္ရဲ႕ခ်ဳပ္ကြက္ကို ကာကြယ္ႏိုင္စြမ္းရွိပါတယ္ ၊ အခ်ီၿပီးဖို႔ေလးမိနစ္ေလာက္လိုေသးေတာ့ ကြၽန္ေတာ္လည္း မေလာဘဲအခ်ိန္ယူခဲ့တယ္ ၊ ကြၽန္ေတာ္လက္က သူ႔ေမးေစ့ဆီေရာက္လာတယ္ ၊ တေျဖးေျဖး ေမးေစ့ေအာက္ ကို ကြၽန္ေတာ့္လက္ေရာက္ေအာင္ သြင္းႏိုင္တဲ့အခ်ိန္မွာ ဒီလူ ကြၽန္ေတာ္လက္က မလြတ္ေတာ့ဘူးဆိုတာ သိလိုက္တယ္ ၊ ဒီလိုခ်ဳပ္လဲႏိုင္ဖို႔ကြၽန္ေတာ္အၿမဲတမ္းေလ့က်င့္ခဲ့ရတာပါ ၊ ခုပြဲလုပ္လိုက္ႏိုင္တာ ေက်နပ္ပါတယ္ ၊ ဒါကို ကြၽန္ေတာ္ရဲ႕နည္းစနစ္မ်ားစာရင္းထဲ ထည့္ထားရမယ္ ၊ သူ႔ကို ခ်ဳပ္မိၿပီးဆိုတာ နဲ႔ သိလိုက္တယ္ ၊ သူမလြတ္ေတာ့ဘူး ၊ လိုအပ္ရင္ ကြၽန္ေတာ္ အိမ္အထိ ဒီအတိုင္းေခၚသြားလို႔ရတယ္ ၊ ဒီပြဲက သူ႔ကိုပဲတည့္ၿပီးလုပ္ခဲ့တာမဟုတ္ပါဘူး ၊ စၿပီး ျပင္ဆင္ကတည္း ကြၽန္ေတာ္ကိုယ့္ကြၽန္ေတာ္ယုံတယ္ ၊ ကြၽန္ေတာ့္ ဂ်ဳဂ်စ္ဆုကို ယုံတယ္ ၊ ဘယ္သူမွ ကြၽန္ေတာ္ကို မရပ္တန္႔ ႏိုင္ဘူး ၊ ဘယ္သူမွ ကြၽန္ေတာ္လွဲခ်တာမခံႏိုင္ဘူး”လို႔ေျပာဆိုခဲ့ပါတယ္ ။ ေအာင္လန္အန္ဆန္ဟာ မစ္ဒယ္ဝိတ္ခါးပတ္ကို ရရွိၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္ ရႈံးပြဲႀကဳံေတြ႕ခဲ့တာျဖစ္ပါတယ္ ။…

ေအာင္လန္အန္ဆန္ဟာ မစ္ဒယ္ဝိတ္ခါးပတ္ကို မကာကြယ္ႏိုင္ခဲ့ေပမယ့္ လိုက္ဟဲဗီးဝိတ္ခါးပတ္ ခ်န္ပီယံအျဖစ္ရွိေနဆဲျဖစ္ပါတယ္ ။ ဒါေပမဲ့ ေအာင္လဟာ လာမယ့္ပြဲေတြမွာ မစ္ဒယ္ဝိတ္မွာပဲထိုးသတ္သြားမွာျဖစ္ေၾကာင္း အတည္ျပဳေျပဆိုထားပါတယ္ ။ ဒီရစ္ဒါက ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္ကိုအႏိုင္ရခဲ့ေပမယ့္ သူ႔လို႔ ႐ုပ္ထု နဲ႔ဂုဏ္ျပဳခံရဖို႔ဆိုတာ မေသခ်ာေသးဘူလို႔ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္ ။… အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။…

Crd- Original Post