ရန္ကုန္ မွာ Mask မတပ္ဘဲ အျပင္ထြက္ရင္ ဒဏ္ေငြ (၅၀၀၀) ေဆာင္ရေတာ့မည္

ဒီေန႔ ေမလ ၁၃ရက္ေန႔ မွာ ရန္ကုန္ကၿမိဳ႕နယ္ အခ်ိဳ႕တြင္ Mask Campaign အသီးသီး လုပ္ေဆာင္ခဲ့ၾကပါတယ္။ ေမလ ၁၃ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ ရဲ႕ ၿမိဳ႕နယ္ အခ်ိဳ႕ကို အစိုးရအဖြဲ႕ကဦးေဆာင္ၿပီး ႏွာေခါင္းစည္းေတြကို အျပင္သြား ရင္မျဖစ္မေနတပ္ဆင္လို႔ လိုက္လံသတိေပး ေျပာဆိုမႈေတြ ျပဳလုပ္ ခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာ Mask မတပ္ဘဲ အျပင္သြား လာသူေတြအေနနဲ႔ ဒဏ္ေငြ ၅၀၀၀ ေပးေဆာင္ရေတာ့မယ္လို႔သိရပါ တယ္။ ဒီကေန႔ ေမလ ၁၃ရက္ေန႔ မနက္ပိုင္းမွာ ရန္ကုန္တိုင္းအတြင္းက လႈိင္သာယာ၊အင္းစိန္နဲ႔သဃၤန္းကြၽန္းၿမိဳ႕နယ္ေတြ မွာ Mask Campaign ေတြကို အစိုးရအဖြဲ႕က ဦးေဆာင္ၿပီး လုပ္ေဆာင္ ခဲ့ၾကပါတယ္။ လႈိင္သာယာၿမိဳ႕နယ္နဲ႔အင္းစိန္ၿမိဳ႕နယ္ေတြမွာေတာ့ လူထူထပ္ရာေနရာေတြျဖစ္တဲ့ ေစ်းေတြကိုအဓိကထားၿပီး လုပ္ ေဆာင္တာျဖစ္ကာ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာေတာ့ င/က ရပ္ကြက္အတြင္းမွာ Maskတပ္ဖို႔ လိုက္လံႏႈိးေဆာ္ ခဲ့ၾကတာ ပါ။

လာမယ့္ရက္ေတြက စတင္ၿပီး ရန္ကုန္ၿမိဳ႕မွာ Mask မတပ္ဘဲ အျပင္သြားလာတာကို သက္ဆိုင္ရာအရာရွိက ေတြ႕လို႔ တရားစြဲဆိုခံရရင္ တရား႐ုံးမွာ ဒဏ္ေငြ ၅၀၀၀ကို လိုက္ပါ က်ခံရမယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးျမတ္မင္းသူက Duwunကိုေျပာပါတယ္။ “ကိုဗစ္ ကာကြယ္ေရးေကာ္မတီဝင္ တစ္ဦးက တရားစြဲဆိုရင္ ဒဏ္ေငြ ၅၀၀၀ေပးေဆာင္ရမွာပါ။ ေနာက္ေန႔ေတြမွာ Maskမတပ္ရင္ ဒဏ္ေငြေတြေဆာင္ရေတာ့မယ္ဆိုတာကိုလည္း အခုလိုက္လံေျပာဆိုေနတာပါ။ ဒါေပမယ့္ လက္ရွိ ကြၽန္ေတာ္တို႔ Mask Campaign လုပ္ေနတာ ၃ႀကိမ္ေျမာက္ မွာ လူတိုင္းနီးပါး Mask ေတြတပ္လာၾကတာ ေတြ႕ ရပါတယ္။”လို႔ ဦးျမတ္မင္းသူက ေျပာပါတယ္။

အလားတူပဲ ပိုးေတြ႕လူနာအမ်ားဆုံးျဖစ္တဲ့ အင္းစိန္ၿမိဳ႕နယ္ မွာလည္း Maskတပ္ဆင္ဖို႔ လိုက္လံႏႈိးေဆာ္မႈေတြ ကို ေစ်း ၁၅ ခုမွာ လုပ္ေဆာင္ခဲ့ၿပီး Mask တစ္ေသာင္းသုံးေထာင္ေက်ာ္ ကို အခမဲ့ လိုက္လံေဝငွခဲ့ပါေသးတယ္။ သဃၤန္းကြၽန္းၿမိဳ႕နယ္က င/ကရပ္ကြက္အတြင္းမွာလည္း ႏွာေခါင္းစည္းတပ္ဆင္ဖို႔ ပညာေပး စည္း႐ုံးမႈေတြ ဒီေန႔ ေမ ၁၃ရက္ေန႔မွာ တၿပိဳင္နက္တည္း လုပ္ေဆာင္ခဲ့ၾကၿပီး ျပန္လည္ အသုံးျပဳလို႔ရတဲ့ ႏွာေခါင္းစည္းေတြကို ေဝငွ ေပးခဲ့ပါေသးတယ္။

“အခုကေတာ့ ကြၽန္ေတာ္တို႔ဘက္ အသိပညာေပးလည္းပါသလို mask ေတြလည္းေဝငွေပးတာပါ။ တိုင္းအစိုးရကလည္း ထုတ္ျပန္ခ်က္ ထုတ္ထားၿပီ mask မတပ္ရင္ ဒဏ္ေငြ ၅၀၀၀ဆိုၿပီး။အဲဒါကလည္း ဒီေန႔ကစၿပီးအက်ဳံးဝင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ရက္ပိုင္းေတာ့ အသိပညာေပးလုပ္ဖို႔ရွိတယ္။ ၁၅ ရက္ေနာက္ပိုင္း မွာ မလိုက္နာရင္ေတာ့ ထုတ္ျပန္ထားတဲ့အတိုင္း အေရးယူမႈေတြစမွာပါ”လို႔ သကၤန္းကြၽန္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က Duwun ကိုေျပာပါတယ္။ ေမလ ၁၃ရက္ကစၿပီး ၿမိဳ႕နယ္အဆင့္ ကိုဗစ္ထိန္းခ်ဳပ္ေရးေကာ္မတီက ထုတ္ျပန္ခ်က္ အရ ေနအိမ္ကေန အျပင္ သြားတိုင္းႏွာေခါင္းစည္းကိုမျဖစ္မေနတပ္ဆင္ရေတာ့မွာျဖစ္ၿပီး မတပ္တဲ့သူေတြကို ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒအရ ဒဏ္ေငြ ၅၀၀၀ က်သင့္ေစမွာလို႔လည္း သိရပါတယ္။

ဓူဝံ

unicode

ဒီနေ့ မေလ ၁၃ရက်နေ့ မှာ ရန်ကုန်ကမြို့နယ် အချို့တွင် Mask Campaign အသီးသီး လုပ်ဆောင်ခဲ့ကြပါတယ်။ မေလ ၁၃ရက်နေ့မှာ ရန်ကုန်မြို့ ရဲ့ မြို့နယ် အချို့ကို အစိုးရအဖွဲ့ကဦးဆောင်ပြီး နှာခေါင်းစည်းတွေကို အပြင်သွား ရင်မဖြစ်မနေတပ်ဆင်လို့ လိုက်လံသတိပေး ပြောဆိုမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ Mask မတပ်ဘဲ အပြင်သွား လာသူတွေအနေနဲ့ ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ရတော့မယ်လို့သိရပါ တယ်။ ဒီကနေ့ မေလ ၁၃ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊အင်းစိန်နဲ့သင်္ဃန်းကျွန်းမြို့နယ်တွေ မှာ Mask Campaign တွေကို အစိုးရအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင် ခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်နဲ့အင်းစိန်မြို့နယ်တွေမှာတော့ လူထူထပ်ရာနေရာတွေဖြစ်တဲ့ ဈေးတွေကိုအဓိကထားပြီး လုပ် ဆောင်တာဖြစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ င/က ရပ်ကွက်အတွင်းမှာ Maskတပ်ဖို့ လိုက်လံနှိုးဆော် ခဲ့ကြတာ ပါ။

လာမယ့်ရက်တွေက စတင်ပြီး ရန်ကုန်မြို့မှာ Mask မတပ်ဘဲ အပြင်သွားလာတာကို သက်ဆိုင်ရာအရာရှိက တွေ့လို့ တရားစွဲဆိုခံရရင် တရားရုံးမှာ ဒဏ်ငွေ ၅၀၀၀ကို လိုက်ပါ ကျခံရမယ်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးမြတ်မင်းသူက Duwunကိုပြောပါတယ်။ “ကိုဗစ် ကာကွယ်ရေးကော်မတီဝင် တစ်ဦးက တရားစွဲဆိုရင် ဒဏ်ငွေ ၅၀၀၀ပေးဆောင်ရမှာပါ။ နောက်နေ့တွေမှာ Maskမတပ်ရင် ဒဏ်ငွေတွေဆောင်ရတော့မယ်ဆိုတာကိုလည်း အခုလိုက်လံပြောဆိုနေတာပါ။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ Mask Campaign လုပ်နေတာ ၃ကြိမ်မြောက် မှာ လူတိုင်းနီးပါး Mask တွေတပ်လာကြတာ တွေ့ ရပါတယ်။”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။

အလားတူပဲ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ် မှာလည်း Maskတပ်ဆင်ဖို့ လိုက်လံနှိုးဆော်မှုတွေ ကို ဈေး ၁၅ ခုမှာ လုပ်ဆောင်ခဲ့ပြီး Mask တစ်သောင်းသုံးထောင်ကျော် ကို အခမဲ့ လိုက်လံဝေငှခဲ့ပါသေးတယ်။ သင်္ဃန်းကျွန်းမြို့နယ်က င/ကရပ်ကွက်အတွင်းမှာလည်း နှာခေါင်းစည်းတပ်ဆင်ဖို့ ပညာပေး စည်းရုံးမှုတွေ ဒီနေ့ မေ ၁၃ရက်နေ့မှာ တပြိုင်နက်တည်း လုပ်ဆောင်ခဲ့ကြပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းတွေကို ဝေငှ ပေးခဲ့ပါသေးတယ်။

“အခုကတော့ ကျွန်တော်တို့ဘက် အသိပညာပေးလည်းပါသလို mask တွေလည်းဝေငှပေးတာပါ။ တိုင်းအစိုးရကလည်း ထုတ်ပြန်ချက် ထုတ်ထားပြီ mask မတပ်ရင် ဒဏ်ငွေ ၅၀၀၀ဆိုပြီး။အဲဒါကလည်း ဒီနေ့ကစပြီးအကျုံးဝင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ရက်ပိုင်းတော့ အသိပညာပေးလုပ်ဖို့ရှိတယ်။ ၁၅ ရက်နောက်ပိုင်း မှာ မလိုက်နာရင်တော့ ထုတ်ပြန်ထားတဲ့အတိုင်း အရေးယူမှုတွေစမှာပါ”လို့ သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။ မေလ ၁၃ရက်ကစပြီး မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ချက် အရ နေအိမ်ကနေ အပြင် သွားတိုင်းနှာခေါင်းစည်းကိုမဖြစ်မနေတပ်ဆင်ရတော့မှာဖြစ်ပြီး မတပ်တဲ့သူတွေကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဒဏ်ငွေ ၅၀၀၀ ကျသင့်စေမှာလို့လည်း သိရပါတယ်။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *

19 + ten =