သန်လျင် သဘာဝတရားရိပ်သာတွင် (၃)ရက်အတွင်း ကိုဗစ်ကူးစက်ခံ အဘိုးအဘွား (၁၆၉) ဦး အထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သဘာဝတရားရိပ်သာတွင် အောက်တိုဘာ ၂၉ရက်မှ အောက်တိုဘာ ၃၁ရက်နေ့အထိ ၃ရက်အတွင်း COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရသည့် အဘိုးအဘွား ၁၆၉ ဦး အထိရှိလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ သဘာဝတရားရိပ်သာရှိ အဘိုးအဘွားများနှင့်စေတနာ့ ဝန်ထမ်းများကို တစ်နေ့ လျှင် လူဦးရေ ၃၀၀ မှ ၄၀၀ ဦးခန့် အထိ သတ်မှတ်၍ အထိ COVID-19 ရော ဂါ စစ် ဆေးမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် ၂၂ ဦး၊ ၃၀ ရက်တွင် ၈၂ ဦး၊ ၃၁ ရက်တွင် ၆၅ ဦး ရောဂါပိုးတွေ့ရှိ ခဲ့ခြင်း ဖြစ် ပြီး အဆိုပါ ရောဂါကူးစက်ခံရသူများအနက် အဘိုးအဘွား ၈၀ ရာခိုင်နှုန်းမှာ ရောဂါအခံ ရှိသူများဖြစ်ကြောင်း သံလျင်သဘာဝ တရားရိပ်သာ အုပ် ချုပ်ရေးအဖွဲ့မှအုပ်ချုပ်ရေးမှူး ကိုနန္ဒဝင်းက News Watch သို့ပြောသည်။

လွန်ခဲ့သည့် သုံးပတ်ခန့်က ရိပ်သာအတွင်း သံဃာနှစ်ပါး မှ ဖျားနာခြင်းကြောင့် သံလျင်ဆေးရုံ သို့ပို့ဆောင်၍ COVID-19 စစ်ဆေး ရာ တွင် Positive တွေ့ခြင်း၊ ရိပ်သာအတွင်းမှ သွေးကင်ဆာရောဂါအခံရှိသူ အမျိုးသမီးမှ ဆေးရုံသို့ ပုံမှန်ရက်ချိန်အတိုင်း သွား ရောက် ကုသရာတွင် COVID-19 Positive အဖြေထွက်ရှိခဲ့ခြင်းတို့ကြောင့် ရိပ်သာ တစ်ခုလုံးရှိ ဘိုးဘွားများနှင့် သံဃာများကို အောက်တိုဘာလ ၂၉ ရက်မှ စတင်စစ်ဆေးရာမှ ယခုကဲ့သို့ ရောဂါပိုးတွေ့ရှိနှုန်း ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း ကိုနန္ဒဝင်းက ပြောသည်။ “အစပိုင်း စစ်ဆေးတာရယ် ဒီနေ့စစ်ဆေးတာရယ်နဲ့ဆို သုံးရက်အတွင်း ကိုဗစ် ကူးစက်ခံရတဲ့ ဘိုးဘွား ၁၆၉ ဦးအထိ ရှိသွားပါပြီ၊ လူနာတွေကို ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာအပါအဝင် ရန်ကုန်မြို့တွင်း ကိုဗစ်ကုသရေးစင်တာတွေမှာ ဖြန့်ခွဲကုသ မှုခံယူ နေပါတယ်။ကျန်ဘိုဘွားတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲပါ။ လက်ရှိ ရောဂါအခံရှိတဲ့ ဘိုးဘွားတွေထဲမှာ စိုးရိမ်ရတာ ၁၆ ဦးလောက် ပါနေတယ်။ ကူးစက်မှုက ကိန်းဂဏန်း အနေနဲ့ စိုးရိမ်စရာဖြစ်ပေမယ့် တစ်ဦးချင်ရောဂါအခြေအနေအရ သိုးရိမ်စရာ အခြေအနေမရှိသေးပါဘူး”ဟု ၎င်းကပြောသည်။

သဘာဝတရားရိပ်သာတွင် ၃ ရက်အတွင်း လူပေါင်း ၁၂ဝဝကျော်ကို ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေး ခဲ့ပြီးနောက် ကူးစက်ခံရသူ ဘိုးဘွား ၁၆၉ ဦးအထိရှိလာခဲ့ခြင်း ဖြစ်သည်။ထို့အပြင် ယနေ့( နိုဝင်ဘာ ၁ )အတွက်လည်း ရိပ်သာရှိ လူပေါင်း ၃ဝဝခန့်ကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး စစ်ဆေးမှုရလဒ်အဖြေကို ညနေပိုင်းမှသာ သိရှိရမည်ဖြစ်ကြောင်း ကိုနန္ဒဝင်းက ပြောသည်။ ယင်းသို့ ရိပ်သာအတွင်းရှိ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် မြို့နယ်ကျန်း မာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၀ ခန့်မှ နေ့စဉ် စစ်ဆေးပေးနေခြင်းဖြစ်၍ ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများကို အထောက်အကူး ပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။

source : ကျော်သူ

zawgyi

zawgyi

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ သဘာဝတရားရိပ္သာတြင္ ေအာက္တိုဘာ ၂၉ရက္မွ ေအာက္တိုဘာ ၃၁ရက္ေန႔အထိ ၃ရက္အတြင္း COVID-19 ေရာဂါပိုးကူးစက္ခံခဲ့ရသည့္ အဘိုးအဘြား ၁၆၉ ဦး အထိရွိလာၿပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။ သဘာဝတရားရိပ္သာရွိ အဘိုးအဘြားမ်ားႏွင့္ေစတနာ့ ဝန္ထမ္းမ်ားကို တစ္ေန႔ လွ်င္ လူဦးေရ ၃၀၀ မွ ၄၀၀ ဦးခန႔္ အထိ သတ္မွတ္၍ အထိ COVID-19 ေရာ ဂါ စစ္ ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ ေအာက္တိုဘာ ၂၉ ရက္တြင္ ၂၂ ဦး၊ ၃၀ ရက္တြင္ ၈၂ ဦး၊ ၃၁ ရက္တြင္ ၆၅ ဦး ေရာဂါပိုးေတြ႕ရွိ ခဲ့ျခင္း ျဖစ္ ၿပီး အဆိုပါ ေရာဂါကူးစက္ခံရသူမ်ားအနက္ အဘိုးအဘြား ၈၀ ရာခိုင္ႏႈန္းမွာ ေရာဂါအခံ ရွိသူမ်ားျဖစ္ေၾကာင္း သံလ်င္သဘာဝ တရားရိပ္သာ အုပ္ ခ်ဳပ္ေရးအဖြဲ႕မွအုပ္ခ်ဳပ္ေရးမႉး ကိုနႏၵဝင္းက News Watch သို႔ေျပာသည္။

လြန္ခဲ့သည့္ သုံးပတ္ခန႔္က ရိပ္သာအတြင္း သံဃာႏွစ္ပါး မွ ဖ်ားနာျခင္းေၾကာင့္ သံလ်င္ေဆး႐ုံ သို႔ပို႔ေဆာင္၍ COVID-19 စစ္ေဆး ရာ တြင္ Positive ေတြ႕ျခင္း၊ ရိပ္သာအတြင္းမွ ေသြးကင္ဆာေရာဂါအခံရွိသူ အမ်ိဳးသမီးမွ ေဆး႐ုံသို႔ ပုံမွန္ရက္ခ်ိန္အတိုင္း သြား ေရာက္ ကုသရာတြင္ COVID-19 Positive အေျဖထြက္ရွိခဲ့ျခင္းတို႔ေၾကာင့္ ရိပ္သာ တစ္ခုလုံးရွိ ဘိုးဘြားမ်ားႏွင့္ သံဃာမ်ားကို ေအာက္တိုဘာလ ၂၉ ရက္မွ စတင္စစ္ေဆးရာမွ ယခုကဲ့သို႔ ေရာဂါပိုးေတြ႕ရွိႏႈန္း ပိုမိုမ်ားျပားလာခဲ့ျခင္းျဖစ္ေၾကာင္း ကိုနႏၵဝင္းက ေျပာသည္။ “အစပိုင္း စစ္ေဆးတာရယ္ ဒီေန႔စစ္ေဆးတာရယ္နဲ႔ဆို သုံးရက္အတြင္း ကိုဗစ္ ကူးစက္ခံရတဲ့ ဘိုးဘြား ၁၆၉ ဦးအထိ ရွိသြားပါၿပီ၊ လူနာေတြကို ေဖာင္ႀကီး ကိုဗစ္ကုသေရးစင္တာအပါအဝင္ ရန္ကုန္ၿမိဳ႕တြင္း ကိုဗစ္ကုသေရးစင္တာေတြမွာ ျဖန႔္ခြဲကုသ မႈခံယူ ေနပါတယ္။က်န္ဘိုဘြားေတြကိုေတာ့ ဆက္လက္စစ္ေဆးေနဆဲပါ။ လက္ရွိ ေရာဂါအခံရွိတဲ့ ဘိုးဘြားေတြထဲမွာ စိုးရိမ္ရတာ ၁၆ ဦးေလာက္ ပါေနတယ္။ ကူးစက္မႈက ကိန္းဂဏန္း အေနနဲ႔ စိုးရိမ္စရာျဖစ္ေပမယ့္ တစ္ဦးခ်င္ေရာဂါအေျခအေနအရ သိုးရိမ္စရာ အေျခအေနမရွိေသးပါဘူး”ဟု ၎ကေျပာသည္။

သဘာဝတရားရိပ္သာတြင္ ၃ ရက္အတြင္း လူေပါင္း ၁၂ဝဝေက်ာ္ကို ကိုဗစ္ေရာဂါ ပိုးရွိမရွိ စစ္ေဆး ခဲ့ၿပီးေနာက္ ကူးစက္ခံရသူ ဘိုးဘြား ၁၆၉ ဦးအထိရွိလာခဲ့ျခင္း ျဖစ္သည္။ထို႔အျပင္ ယေန႔( ႏိုဝင္ဘာ ၁ )အတြက္လည္း ရိပ္သာရွိ လူေပါင္း ၃ဝဝခန႔္ကို ကိုဗစ္ေရာဂါပိုးရွိမရွိ စစ္ေဆးထားၿပီး စစ္ေဆးမႈရလဒ္အေျဖကို ညေနပိုင္းမွသာ သိရွိရမည္ျဖစ္ေၾကာင္း ကိုနႏၵဝင္းက ေျပာသည္။ ယင္းသို႔ ရိပ္သာအတြင္းရွိ ကိုဗစ္ေရာဂါပိုးရွိမရွိ စစ္ေဆးရာတြင္ ၿမိဳ႕နယ္က်န္း မာေရးအဖြဲ႕မွ က်န္းမာေရးဝန္ထမ္း ၂၀ ခန႔္မွ ေန႔စဥ္ စစ္ေဆးေပးေနျခင္းျဖစ္၍ ေရရွည္တြင္ အခက္အခဲမ်ားျဖစ္ေပၚႏိုင္ၿပီး က်န္းမာေရးဝန္ထမ္းမ်ားကို အေထာက္အကူး ေပးႏိုင္မည့္ ေစတနာ့ ဝန္ထမ္းမ်ားလည္း လိုအပ္လ်က္ရွိေနေၾကာင္း သိရသည္။

source : ေက်ာ္သူ

zawgyi