လတိုင်းနီးပါး ကံထူး နေပြီး ယခုသီတင်းကျွတ်လ မှာလည်း အောင်ဘာလေ ထီဆုတစ်ဆု ကို ဆွတ်ခူးရရှိခဲ့တဲ့ ရတနာမိုင်

ပရိသတ်ကြီးရေ အဆိုတော်မလေး ရတနာမိုင်ကတော့ အနုပညာနယ်ပယ်မှာ နေရာ တစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ရတနာမိုင်က လက်ရှိမှာ တေးသီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေပြီး အနုပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေတာဖြစ်ပါတယ်။

တမူထူးခြားတဲ့ အလှတရားတွေကို ပိုဆိုင်ထားပြီး မိဘကိုသိတတ် လိမ္မာတဲ့ သမီးလေး ဖြစ်တာကြောင့် အနုပညာမောင်နှမတွေကလည်း ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်လေး ရတနာမိုင်က လတိုင်းလိုလိုလည်း အောင်ဘာလေထီဆုကိုဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ယခု သီတင်းကျွတ်မှာလည်း အချစ်တော်လေး ရတနာမိုင် က အောင်ဘာလေ ထီဆုကိုဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ရတနာမိုင်က လတိုင်းအမြဲ ထီပေါက်လေ့ရှိတဲ့သူ ဖြစ်ပြီး အခုလမှာလည်း ငါးသောင်းဆုကို ဆွတ်ခူးရရှိသွားလို့ ပျော်ရွှင်ဝမ်းသာမှုကိုလည်း ပရိသတ်တွေကြည်နူးပီတိဖြစ်အောင် တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရတနာမိုင်က “သီတင်းကျွတ်မှာပေါက်တဲ့ ထီ ၅သောင်းဆုလေး တန်ဖိုးထားပါတယ်” ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ အမြဲ ကံထူးနေတဲ့ ရတနာမိုင်ကို စကားလေး တစ်ခွန်းလောက်ပြောပေးခဲ့ပါဦးနော်…။

Source – Yadanar My fb page

zawgyi



