ဆူပူ ဆန္ဒပြုမှုတွေကို ထိန်းချုပ်ဖို့ အမေရိကန် စစ်တပ် ကို ထရန့် စသုံးပြီ
|ဆူပူ ဆန္ဒပြုမှုတွေကို ထိန်းချုပ်ဖို့ အမေရိကန် စစ်တပ် ကို ထရန့် စသုံးပြီ
လတ်တလောဖြစ်ပေါ် နေတဲ့ ဆူပူ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန် စစ်တပ်ကို အသုံးပြုမယ်လို့ အမေရိကန်သမ္မတထရန့်က ပြောကြားလိုက်ပါတယ်။ တနိုင်ငံလုံးကို အမေရိကန် စစ်သားဦးရေ ထောင်နဲ့ ချီ ဖြန့်ကျက်ချထားမယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့တစ်ပတ် မင်နီပိုလစ်ပြည်နယ်က ဂျော့ဖလိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန် နယူးယောက်ခ်၊ လော့အင်ဂျလိဂ် နဲ့ မြို့ကြီးအချို့မှာ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဖရိုက်သေဆုံးမှုအပေါ် နှုတ်ဆိတ်နေခဲ့တဲ့ ထရန့်အပေါ် ပြည်သူအများစုက ဝေဖန်နေကြ ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ ဖရိုက်အရေးတော်ပုံနဲ့ပတ်သက်ပြီး ပထမဆုံး နိုင်ငံတော်ကို အသိပေးတဲ့ မိန့်ခွန်းဖြစ်ပါတယ်။ ဒါ့အပြင် မနေ့က ဝါရှင်တန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက စိတ်ပျက်စရာ ကောင်းကြောင်း၊ ဝါရှင်တန်မြို့တော်ဝန်အနေနဲ့ ထိရောက်စွာကိုင်တွယ်သင့်ကြောင်း ပြောခဲ့ပါတယ်။
“အမေရိကန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့ အမေရိကန်စစ်တပ်တွေကို ကိုင်တွယ်ခိုင်းပါမယ်။ ဒါတွေက ပြည်တွင်းအကြမ်းဖက်မှုတွေပါ”လို့ ထရန့်က ထပ်မံပြောကြားခဲ့ပါတယ်။
သမ္မတထရန့်ရဲ့ စကားနဲ့ ပတ်သ က်ပြီး နယူယောက်ခ်မြို့တော်ဝန်က “အမေရိကန်ပြည်သူတွေကို ကိုင်တွယ် ဖို့ အမေရိကန်စစ်တပ် ကို ခေါ်တာ သဘာဝမကျဘူး။ အမေရိကန်ပြည်သူအများစုက ငြိမ်းချမ်းစွာဆန္ဒပြနေကြတာပါ”လို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ပြောကြားခဲ့ပါတယ်။
နယူးယောက်မြို့မှာ ဒီနေ့မနက် ၅ နာရီအထိ အလုံ ပိတ်ကန့်သတ်မှုတွေ သတ်မှတ်လိုက်ပြီး ဝါရှင်တန်ဒီစီမှာ လည်း ညမထွက်ရအမိန့်ကို နောက်ထပ် ၂ ရက်ထပ်တိုးလိုက်ပါတယ်။ ဒါပေမဲ့ ဆန္ဒထုတ်ဖော်တာတွေ ဆက်ဖြစ်ဖို့ရှိနေပါတယ်။ ဆန္ဒပြမှုတွေရှိနေသလို ဆိုင်တွေကိုဝင်ဖျက်ဆီးတာတွေ၊ ရဲကားတွေကို မီးရှို့တာတွေလည်း ရှိနေပါတယ်။
crd : whitesone