အွန်လိုင်းမှာ Live လွှင့်ပြီး ဈေးမရောင်းတဲ့ အကြောင်းရင်း ကို ပြောပြလာတဲ့ ဖြူဖြူထွေး

ချစ်ပရိသတ်ကြီးရေ… မူလ နာမည်ပျောက်ပြီး ပရဟိတ မင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ဆိုကြ တဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ မကြာခဏ ဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ ရှိသူပါ။ သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကြောင့် လည်း အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာ ကနေ ရပ်တည်ထားနိုင် သူလည်း ဖြစ်ပါတယ်။ ယခုလို Covid ကာလမှာတောင် သူမက အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်နော်။ ယခုကိုဗစ်ကာလမှာတော့ အနုပညာရှင် အများစု ဟာ Live Sale ရောင်းချနေကြတာဖြစ်ပေမယ့် ဖြူဖြူထွေး ကတော့ ကြော်ငြာ ဇာတ်လမ်းတိုများသာရိုက်ကူး နေခဲ့တာ ပါ ဒီလို မျိုး Live Sale မရောင်းဖြစ်တဲ့ အဓိက အကြောင်းအရင်းကို ဖြူဖြူထွေးက အခုလို ပြောလာခဲ့တာပါ

” ဇာတ်ညွှန်းတွေကဒါတောင်မှ ခုရိုက်နေတာ တွေက ရှေ့ ၂ လ ၃ လလောက်က လာအပ်ထားတဲ့ လူတွေလည်းပါတယ်ပေါ့နော် ချက်ချင်းလာအပ်တာမျိုး ဆိုလည်း ဟိုးနောက်နှစ်ကြမှပဲရတာရှိတယ် ကြော်ငြာတွေကတော့ အခုသေချာလေး လုပ်ရတာပေါ့ ဇာတ်ညွှန်းလည်း မထပ်အောင်ပေါ့ အဲ့တော့အိပ်ရေးလည်းပျက်တယ်ပေါ့ Live နဲ့က ဟိုးအရင်စ နာမည်ကြီးကတည်းက Live လုပ်ဖို့ ကမ်းလှမ်းကြတယ် ဒါပေမယ့် အကုန်လုံး ကို ငြင်းခဲ့တယ်ပေါ့ Live မလွှင့်ဘူးဆိုပြီးတော့ ဘာဖြစ်လို့လည်း ဆိုတော့ ကြော်ငြာတွေလက်ခံထားတဲ့ အခါမှာ ဒီလို Live ထပ်ထည့်လိုက်ရင် ကြော်ငြာတွေ နောက်ကျ သွားမှာဆိုးလို့ပါ

သူကရက်တွေပြောင်းကုန်မှာ အဲ့လိုရက် တွေလည်း မပြောင်းနိုင်ဘူး ဇာတ်ညွှန်းပိုင်းမှာပဲသေချာ အာရုံစိုက်ပြီး လုပ်တယ် အခုဆိုလည်း ကမ်းလှမ်းတာတွေများတယ် ပေါ့နော် တချို့ဆိုရင် သမီး Page ကနေ လွှင့်ချင်တာ သမီးကတော့မဟုတ်ဘူး မီဒီယာတစ်ခု ကနေ Live လွှင့် ဘာညာပေါ့ သူတို့က နှစ်ခုဆိုတော့လည်း မတတ်နိုင်ကြဘူး သမီး Page ကနေပဲ တခါတည်း Live လွှင့်ချင်တယ်ဆိုတော့ မဖြစ်ဘူးပေါ့ အရင်တုန်းကတည်းက ကြာပြီ Live လွှင့်ဖို့ ကမ်းလှမ်းတာ ၅၀ လောက်ရှိမယ် ထင်တယ် ရွှေဆိုင်တွေရော မုန့်တွေ ရော အချိုရည်တွေရော အများကြီးပဲ Live လွှင့်ရောင်း ရမယ်ပေါ့ ရောင်းတာထက် Live လွှဇင့်ပြီး Promotion ဆင်းတဲ့ သဘောပေါ့ အဲ့လိုမျိုးလေးတွေလုပ်ဖို့ အတွက် အဲ့ဒါမလုပ်ခဲ့တာတင် အခု ၅၀ လောက်ရှိတယ်

အဓိကလက်မခံဖြစ်တာတော့ ကိုယ်ကိုတိုင်ဖန်တီးရ တာပိုကြိုက် လို့ပါ ဇာတ်ညွန်းလေးလည်း သေချာလေးရေးပြီးဖန်တီး ရတာကို ပိုသဘောကျတယ် အဲ့ဒါကြောင့် လက်မခံဖြစ်တာပါ” လို့ ဖြူဖြူထွေးကဆို သွားခဲ့တာပါ ပရိသတ်ကြီးရေ ဖြူဖြူထွေး ကတော့ သူမအနေနဲ့ Live Sale မလုပ်ရတဲ့ အကြောင်း အရင်းကို ပြောပြလာခဲ့တာ ပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

zawgyi



