ဆောင်းဦး မှာ အားကောင်း လာမယ့် အအေးလှိုင်း (လာနီညာ)နဲ့ မြန်မာနိုင်ငံပေါ် သက်ရောက်မှု (ရှယ်ထားပေးပါအုံး ….)

(က) အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များအရ အားနည်းသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့်နိုဝင်ဘာလ-ဒီဇင်ဘာလ များတွင် အားအသင့်အတင့် မှ အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှု ကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက် သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

crd

zawgyi

(က) အီေကြတာအနီးရွိ အပူပိုင္း ပစိဖိတ္သမုဒၵရာ (Tropical Pacific Ocean) ၏ ပင္လယ္ေရ မ်က္ႏွာျပင္ အပူခ်ိန္ႏွင့္ ေလထု ျဖစ္စဥ္မ်ားအရ အားနည္းေသာ လာနီညာအေျခအေနသို႔ ေရာက္ရွိေနပါသည္။ ႏိုင္ငံတကာ မိုးေလဝသဌာနမ်ား၏ သခ်ၤာပုံစံျပဳေမာ္ဒယ္မ်ား ခန္႔မွန္းခ်က္အရ လာမည့္ႏိုဝင္ဘာလ-ဒီဇင္ဘာလ မ်ားတြင္ အားအသင့္အတင့္ မွ အားေကာင္းေသာ လာနီညာအဆင့္သို႔ ေရာက္ရွိႏိုင္သည္ဟု ခန္႔မွန္းရပါသည္။

(ခ) လာနီညာျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ျဖစ္စဥ္ ျဖစ္ေသာ္လည္း အဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္ အက်ိဳး သက္ေရာက္မႈမွာ ေယဘုယ်အားျဖင့္ ေဆာင္းရာသီကာလအတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ မုန္တိုင္းမ်ား ပိုမိုျဖစ္ေပၚလာႏိုင္ျခင္း၊ ေဆာင္းရာသီကာလ အေရွ႕ေျမာက္မုတ္သုံေလ အားေကာင္းမႈ ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ညအပူခ်ိန္မ်ား ေလ်ာ့နည္းျခင္း၊ အေအးပိုျခင္း၊ အေရွ႕ဘက္မွ ေလေပြလႈိင္းမ်ား တိုက္ခတ္ျခင္း၊ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဉတု ျဖစ္စဥ္မ်ား ျဖစ္ေပၚေလ့ရွိပါသည္။

(ဂ) လာနီညာျဖစ္ေပၚမႈႏွင့္ ပတ္သက္ သည့္ အေျခအေနမ်ားအား အခ်ိန္ႏွင့္ တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ ေပးပို႔သြားမည္ ျဖစ္ပါသည္။

မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန