“မုဒိတာအိမ်ရာ” က အမျိုးသမီးတွေကို နှောင့်ယှက်နေတဲ့ နိုင်ငံခြားသား ကိစ္စ တာဝန် ရှိသူများ နှာစေးနေ

“မုဒိတာအိမ်ရာ” က အမျိုးသမီးတွေကို နှောင့်ယှက်နေတဲ့ နိုင်ငံခြားသား ကိစ္စ တာဝန် ရှိသူများ နှာစေးနေ

ဒီနေ့ သတင်း စာဖတ်တော့ မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ အမျိုးသမီးတွေ ကို နိုင်ဂျီးရီးယား နိုင်ငံသားတွေက နှောင့်ယှက်နေ လို့ နေထိုင်ရတာ အခက်အခဲ ဖြစ်နေပြီး ရန်ကုန်မြို့တော်ဝန် အပါ တာဝန်ရှိသူတွေ ကို တိုင်တန်းထားသော်လည်း အရေးယူမှု မရှိလို့ အခက်တွေ့နေ တယ်တဲ့

အစိုးရအဖွဲ့တာဝန်ရှိသူကို လေးကြိမ်၊ မြို့တော်ဝန်ကို ခြောက်ကြိမ် တိုင်တန်း ခဲ့ပြီး အရေးယူမှု မရှိပါတဲ့၊ ထွေအုပ်ကို ပြောရင် စည်ပင် နဲ့ဆိုင်တာ၊ စည်ပင် ကို ပြောရင်လဲ ထွေအုပ် နဲ့ ဆိုင်တာဆိုပြီး ‌ဘောလီဘောပုတ်နေကြတယ် ဆိုပဲ

နိုင်ဂျီးရီးယား နိုင်ငံသား ၇ဝ ကျော်လောက် အဲ့ဒီ့ အိမ်ရာမှာ နေထိုင်ပြီး အမျိုးသမီးတွေ ကို ဓာတ်လှေကား ထဲမှာ ဝိုင်းဖက်လို့ ပြေးရတဲ့သူက ပြေး၊ လမ်းလယ်ခေါင် အတင်း လက်ဆွဲလို့ပြေးရသူကပြေး နဲ့ လူပါးဝနေကြတာ မြင်လို့ ကြည့်လို့ကောင်းနေကြ တယ်ထင်တယ်။

နေဝမ်းထွန်း

Add a Comment

Your email address will not be published. Required fields are marked *

19 + five =